စိမ်းစားဥ စိုက်ပျိုးနည်း

28/01/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    စိမ်းစားဥကို အချို့အညာဒေသများတွင် ပဲစိမ်းစားဥဟုလည်း ခေါ်လေ့ရှိသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် စိမ်းစားဥလှိုင်လှိုင်ပေါသည်။ မူရင်းဒေသမှာ မက်စီကိုနှင့် အနောက်တောင်အမေရိကတို့ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်ပြီး ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးကြသည်။ 

    စိမ်းစားဥသည် ရာသီဥတုအမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး မျှတသောအပူချိန်နှင့် မိုးရေချိန်အသင့်အတင့်လိုအပ်သည်။ သဲနုန်းမြေတွင် ကောင်းစွာပေါက်ရောက်ပြီး ရေဝင်ရေထွက်ကောင်းသောမြေတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ 

    စိုက်ပျိုးမည့်မြေကို ထယ်တစ်စပ်/နှစ်စပ် ဝင်ပေးပြီး ကြမ်းတုံးရိုက်ကာ (၂) ပေအကွာစိုက်မြောင်းများဖော်ပြီး စိုက်ပျိုးရသည်။ မျိုးစေ့များကို အနက် ၂-၃ လက်မ ခန့်ချပြီး ကြွက်မြီးတန်းအလိုက်စိုက်ပျိုးပါ။ 

အပင်ပြုစုစောင့်ရှောက်ခြင်း

    အပင်ပေါက်ပြီး ၆-၈ လက်မရောက်သောအခါ တစ်ပင်နှင့်တစ်ပင် ၆ လက်မခြားစေရန် ကြားအပင်များကို နှုတ်ပေးပါ။ အပင်ပေါက်ပြီး ၂ ကြိမ်၊ ၃ ကြိမ် ပေါက်တူးဖြင့် မြေဆွခြင်း၊ ပေါင်းသင်ခြင်းပြုလုပ်ပေးပါ။

ပိုးမွှားရောဂါများ

    အစေ့များကို ကျိုင်းများဖျက်ဆီးနိုင်သည်။ အပင်ပေါက်များတွင် မိုစေ့ရောဂါများဖြစ်တတ်ပြီး ထိုမှတစ်ဆင့် ဗိုင်းရပ်များဖြစ်ပွားစေကာ အမြစ်နဲ့အစေ့များကို ကူးစက်နိုင်သည်။ အရွက်များအဝါရောင်ပြောင်းလာကာ ရောင်မညီကွက်ကြားများဖြစ်တတ်ပြီး အမြစ်ဥများသည် သေးငယ်နေသောလက္ခဏာများ တွေ့ရတတ်ပါသည်။ ဘက်တီးရီးယားရွက်ပြောက်ရောဂါများလည်း သတိပြုရပေမည်။

ရိတ်သိမ်းခြင်း

     ဥများကောင်းစွာကြီးထွားရန်အတွက် ၅ လ မှ ၈ လ အထိအချိန်ကြာသည်။ အပင်ကြီး၍ ညှိုးကျလာသောအခါမှာ ဥများကိုတူးဖော်နိုင်သည်။ အမြစ်များကို များသောအားဖြင့် လက်ဖြင့်တူးဖော်လေ့ရှိသည်။ ဧကအများအတွက်ဆိုလျှင် ထွန်ဝင်၍ တူးဖော်ကြသည်။ တစ်ဧကလျှင် စိမ်းစားဥပိဿာ (၂၀၀၀မှ ၆၀၀၀) ခန့်အထိ ထွက်သည်။ ညအပူချိန် ၉-၁၀ ဒီဂရီစင်တီဂရိတ်မှာ ထိန်းသိမ်းထားမယ်ဆိုရင် အမြစ်ဥများပျက်စီးနိုင်သည်။ သုညဒီဂရီစင်တီဂရိတ်နှင့်အထက် သိုလှောင်ထားပါက အနည်းဆုံး ၂ လတိုင် သိုလှောင်နိုင်ပေသည်။ မရင့်သေးသော သက်တမ်းတိုသောအမြစ်ဥများထက်စာလျှင် သက်တမ်းရင့်သောအမြစ်ဥများသည် ထိန်းသိမ်းရပိုလွယ်ပြီး ကွင်းထဲတွင်လည်းသိုလှောင်ထားနိုင်သည်။ 

အသုံးပြုပုံ

    အဓိကအားဖြင့် ဥကို အများအားဖြင့် စားသုံးလေ့ရှိကြပါသည်။ နွေရာသီတွင် အဆာပြေအစာတစ်ခုအနေနဲ့ စားသုံးလေ့ရှိသည်။ ဥများသည် နို့နှစ်ရောင်အသားနှင့် အပြင်အခွံမှာ အဖြူရောင်ရှိသည်။ မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သောကြောင့် ပိုးမွှားအန္တရာယ်ကင်းအောင် အခွံနွှာရုံသာမက ရေစင်စင်ဆေးပြီးမှသာ လတ်လတ်ဆတ်ဆတ် စားသုံးသင့်ပါသည်။ အရည်ရွမ်းသော သီးနှံတစ်မျိုးဖြစ်သည်။ ဥများကို ကြော်စား၊ အချဉ်တည်ပြီးလည်း စားသုံးကြသည်။ တစ်ချို့နိုင်ငံများတွင် သီးတောင့်များကို ကြော်စားကြသည်။ ဖူဂျီကျွန်းများတွင် ပင်စည်ကအမျှင်များနှင့် ငါးဖမ်းပိုက်များပြုလုပ်ပြီး အသုံးပြုလေ့ရှိကြသည်။ အပင်တစ်ပင်လုံးကို မြေကြီးနဲ့ရောသမအောင် ထယ်မွှေပြီး သစ်ရွက်စမ်းမြေသြဇာအနေနဲ့ အသုံးပြုလို့ရပါသည်။

ကိုးကား- http://www.nzdl.org/gsdlmod?e=d-00000-00---off-0hdl--00-0----0-10-0---0---0direct-10---4-------0-1l--11-en-50---20-about---00-0-1-00-0--4----0-0-11-10-0utfZz-8-00&cl=CL1.15&d=HASH017e5342c4df6794537cc5ed.38&x=1

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်