ပဲတောင့်ရှည်တွင်ကျရောက်တတ်သော ရောဂါများ(၂)

06/11/2020 11:45 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

၅။ အဝါရောင်မိုစိတ်ဗိုင်းရပ်စ်ရောဂါ 

ရောဂါလက္ခဏာများ

  • ရောဂါသည် ကနဦးတွင် အဝါရောင်ပုံစံရှိပြီး ရွက်ပြားပေါ်တွင် ပြန့်ကျဲသော အစက်များဖြင့် ပျံ့နှံ့နေကာ နောက်ပိုင်းတွင် အဆိုပါအစက်များသည် တစ်ဖြေးဖြေးကျယ်ပြန့်လာကာ အရွက်များပေါ်တွင် အဝါရောင်အကွက်နှင့် အစိမ်းရောင်အကွက် တစ်လှည့်စီပေါ်လာသည်ကို တွေ့ရသည်။ 
  • အသစ်ဖြစ်ပေါ်လာသော အရွက်များ လုံး၀အဝါရောင်ပြောင်းသွားသည်။ ရောဂါကျအပင်များ ပုသွားကြကာ အသီးအနည်းငယ်သာတင်သည်။ 
  • ဤဗိုင်းရပ်စ်ကို  Bemisia tabaci ယင်ဖြူက သယ်ဆောင်ဖြန့်ဖြူးသည်။ 

ကာကွယ်နှိမ်နင်းခြင်း

  • ရက် (၄၀) သားအထက်ရှိ ပဲပင်များတွင် ရောဂါလက္ခဏာတွေ့ပါက နှုတ်ပစ်ပါ။
  • အချိန်တိုင်း လက်ခံပေါင်းများကို ဖယ်ရှားပါ။
  • နွေရာသီ ထယ်ရေးနက်နက်ထိုးပါ။ 
  • မျိုးစေ့တစ်ကီလိုဂရမ်လျှင် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်ရမ် (Thiram) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။ 
  • ရေတစ်လီတာလျှင် ကာဘင်ဒါဇင် (Carbendazim) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းရောစပ်ကာ ရောဂါကျနေရာကို ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။ 
  • ပန်းပွင့်ကာလအတောအတွင်း ရေမငတ်အောင် သတိပြုပါ။  
  • စိုက်ပြီး ရက် (၄၀) သား ပဲပင်များရောဂါကျပါက နှုတ်ပစ်ပါ။ 

၆။ မှည့်ပြောက်စွန်းရောဂါ

ရောဂါလက္ခဏာများ

  • အပင်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ရောဂါကျသည်။
  • အရွက်များအပေါ်က ဒဏ်ရာများသည် ညိုရင့်ရောင်ရှိကြသည်။
  • သီးတောင့်များပေါ်တွင် အမဲရောင်ချိုင့်ဝင်နေသော ဒဏ်ရာများကို တွေ့ရသည်။
  • ရောဂါကျပဲစေ့များသည် အညိုမှအမဲ၊ ထိုမှတစ်ဆင့် အရောင်ပျောက်သွားကြသည်။
  • စိုထိုင်းဆများသောအခြေအနေတွင် ရောဂါဒဏ်ရာများကို ပန်းရောင်မှိုစပိုး အများကြီး ကဖုံးလွှမ်းထားကြသည်။

ကာကွယ်နှိမ်နင်းခြင်း

  • ရောဂါကင်းသောမျိုးစေ့ကို စိုက်ပျိုးပါ။
  • ရောဂါခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးပါ။
  • ပဲတောင့်ရှည်များခူးဆွတ်ပြီးပါက အပင်အကြွင်းအကျန်များကို စိုက်ခင်းထဲက ဖယ်ရှားပြီး ဖျက်ဆီးပစ်ပါ။
  • ၂- ၃ နှစ်တစ်ခါ အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။
  • အပင်ပေါ်ကရေလောင်းခြင်းကို ရှောင်ပါ။
  • ပေါင်းနှိမ်နင်းပါ။
  • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွန်းစာအတိုင်းအ သုံးပြုပါ။
  • ကာဘင်ဒါဇင် (Carbendazim)
  • မန်ကိုဇက်ဘ် (Mancozeb)

၇။ ဘက်တီးရီးယားပျော့ပုပ်ရောဂါ

ရောဂါလက္ခဏာများ

  • ရောဂါသည် အရွက်များ၊ ပင်စည်များ၊ အသီးများနှင့် မြေအောက်အပိုင်းများတွင် သေးငယ်သည့် ရေစိုနာ အလင်းဖောက်နိုင်သော စက်ပြောက်များအဖြစ်ပေါ်လာကြသည်။
  • ထိုစက်ပြောင်များသည် ပိုပြီးရှည်လာကာ ပိုပြီးနက်ရှိုင်းလာကြသည်။
  • လက်ခံတစ်ရှူးများ ပျော့လာပြီး အရည်ကျဲလာသည်။
  • အပင်တစ်ရှူးများ ပုပ်ဆွေးသွားကြသည်။

ကာကွယ်နှိမ်နင်းခြင်း

  • ရောဂါကျအပင်များကို ချက်ချင်းဖယ်ရှားပါ။
  • ပဲတောင့်ရှည်သီးများကို ခူးဆွတ်ပြီးပါက အပင်အကြွင်းအကျန်များကို ဖယ်ရှားပါ။
  • ရေသွင်း၊ ရေထုတ်ကောင်းသော မြေတွင် စိုက်ပါ။ 
  • အပင်ပေါ်က ရေလောင်းခြင်းကို ရှောင်ပါ။
  • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။ ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride)
  • မန်ကိုဇက်ဘ် (Mancozeb)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်