ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

08/06/2018 11:37 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

၁။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc)၊ (၅) နှစ် သင်တန်းအ တွက် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

၂။ အမျိုးသားဦးရေး (၁၅၀) နှင့် အမျိုးသမီးဦးရေ (၁၅၀) စုစုပေါင်း (၃၀၀) ဦးလက်ခံမည်။

၃။ လျှောက်ထားသူသည်-

(က) ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင် သူဖြစ်ရမည်။

(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက် ရရှိသူဖြစ်ရမည်။

(ဃ) ကွင်းလက်တွေ့လုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင်လေ့ကျင့် လုပ်ဆောင်ကြရမည် ဖြစ် ပါသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး(က)အဆင့်ရှိပြီး ကိုယ်လက် အင်္ဂါပြည့်စုံသူ ဖြစ်ရမည်။

၄။ ပထမနှစ် ဝင်ခွင့်လျှောက်လွှာပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျှောက်ထားနိုင်သလို အောက်ပါ Link များတွင်လည်း Download ဆွဲ၍ ယူနိုင်ပါသည်။

(www.yau.edu.mm/category/news)

(https://www.facebook.com/YezinAgriculturalUniversity)

၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်။

(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)

(ခ) အမှတ်စာရင်း (မူရင်း)

(ဂ) လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကဒ် (မိတ္တူ)

(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)

(င) လိုင်စင်ဓာတ်ပုံ (၃) ပုံ

၆။ လျှောက်လွှာကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ ရေဆင်းသို့ လိပ်မူ၍ ၁၇.၈.၂၀၁၈ (သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့ရမည်။ သတ်မှတ်ရက်ထက်နောက်ကျသော လျှောင်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစားမည် မဟုတ်ပါ။ မမှန်မကန်ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်း ခံရစေကာမူ ပယ်ဖျက်ခြင်၊ တက္ကသိုလ်မှထုတ်ပယ်ခြင်း ခံရမည်။

၇။ အကယ်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။

၈။ အသေးစိတ်သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း - ၀၆၇-၃၄၁၆၅၁၂ နှင့် ဝန်ထမ်းရေးရာဌာန ဖုန်း ၀၆၇-၃၄၁၆၅၁၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်