လစ်ဟာမှုများစွာဖြင့် အကျိုးအမြတ်များများရရေးအတွက်သာလုပ်ကိုင်နေသော စိုက်ပျိုးရေးလမ်းစဉ်များမှ ကွဲထွက်လုပ်ကိုင်နေသူ လူငယ်တောင်သူတစ်စု

02/10/2020 13:30 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    စိုက်ပျိုးရေးလုပ်ကိုင်သော နေရာဒေသစုံသည် မြေမျက်နှာသွင်ပြင်နှင့် ဂေဟစနစ်မတူသလို စိုက်ပျိုးသော သီးနှံ၊ စိုက်ပျိုးသောနည်းလမ်းများမှာလည်း မတူကွဲပြားကြသည်။ သို့သော် တူညီသောတစ်ချက်မှာ တိုးတက်မှု၊ ကြီးပွားမှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှုတို့က အမြဲနောက်ကောက်ကျ ကျန်နေသည်မှာတော့ နေရာဒေသတိုင်းက တောင်သူတိုင်းဖြစ်နေသည်မှာ လွဲမှားစရာမရှိသော အမှန်တရားဖြစ်ပေသည်။

    သို့သော် တိုးတက်ပြောင်းလဲလာမှုကို အမီလိုက်လာသည်မှာ စိုက်ပျိုးထုတ်ကုန်သည်လည်း အဓိကဖြစ်လာ၍ တောင်သူများ များများထုတ်လုပ် (mass production) လာနိုင်မှုသည် လူနေမှုအဆင့်အတန်း မြင့်မားစွာနေထိုင်လာနိုင်ရန်အတွက် အကျိုးစီးပွားများများရှာနိုင်ခြင်း ဖြစ်ကြောင်းကို စီးပွားရေးသမားတစ်ရပ်၊ တိုးတက်မှုကို အရှိန်အဟုန်ဖြင့်သွားချင်သော အာဏာပိုင်တစ်ရပ်က လမ်းဖောက်ပေးခဲ့သည်။ 

    ကျွန်မတို့တောင်သူတွေအနေဖြင့် အကျိုးစီးပွားတိုးတက်ရေးအတွက် ကြိုးပမ်းမှုလမ်းကို လျှောက်လာခဲ့ကြရာ ရိုးရာဓလေ့တွေ၊ အလေ့အကျင့်ကောင်းတွေ၊ စုပေါင်းအင်အားဖြင့်လုပ်ဆောင်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ အလေးထားမှုတွေနဲ့ ဝေးကွာသထက်ဝေးကွာလာတာကို မျက်ဝါးထင်ထင်တွေ့နေရပါပြီ။

    ယခုအခါ စိုက်ပျိုးရေးမှာ အပြန်အလှန်အကူဓလေ့များ ပျောက်ဆုံးလာရုံမက အထွက်နှုန်းတိုးရန်နှင့် အမြတ်များရန်အတွက် အရေးစိုက်စရာတွေကို မေ့လျော့နေကြပါတယ်။

    မြေဆီလွှာထိန်းသိမ်းဖို့ကို မေ့လျော့နေကြတယ်။ ရာသီဥတုဖောက်ပြန်မှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်းရင်းတွေကို မစဉ်းစားဘဲနေလာကြတယ်။ ဂေဟစနစ်ပျက်သုန်းမှုတွေကြောင့်  ပိုးမွှားအန္တာရယ်ပိုမိုကျရောက်လာခြင်းကို သတိမမူကြသေးပေ။ အရေးကြီးဆုံးမှာ စာသုံးသူကျန်းမာရေးသာမက မိမိတို့ကိုယ်၌၏ကျန်းမာရေးထိခိုက်လာမှုကိုပါ  မေ့လျော့နေကြပါတယ်။

    သို့သော် ၎င်းမေ့လျော့နေမှုတွေကို ပြန်လည်ဖြည့်ဆည်းရင်း မြင့်မြတ်သောစိတ်ထားဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသော လူငယ်တောင်သူတစ်စုအကြောင်းကို ကျွန်မလေးစားစွာဖော်ပြပေးချင်မိတယ်။

    ကယန်း-လထာတိုင်းရင်းသား လူငယ်တောင်သူတစ်စုဟာဆိုရင်ဖြင့် စိုက်ပျိုးသူနှင့် စားသုံးသူ နှစ်ဦးနှစ်ဖက်အကျိုးမျှသော၊ ကျန်းမာသော၊ ရေရှည်တည်တံ့သောစိုက်ပျိုးရေးကို အကောင်အထည်ဖော် လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ တချို့မှာ သြဂဲနစ်နည်းစနစ်ဖြင့်၊ တချို့မှာ ဘိုကာချီကဲ့သို့ သဘာဝမြေသြဇာနှင့် ဓာတုမြေသြဇာရောသုံး၍ အတက်နိုင်ဆုံး မြေဆီလွှာနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေသော နည်းလမ်းများဖြင့် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပါတယ်။

    ၎င်းလူငယ်တောင်သူတစ်စုဟာ အလှည့်ကျစနစ်ဖြင့် တစ်ဦးစီ၏ခြံတွင် ဝိုင်းဝန်လုပ်အားပေးကြတဲ့စနစ်ကို ကျင့်သုံးကြပါတယ်။ သူတို့ ယခုလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကောင်းများစွာကို ကျွန်မသိလိုက်ရတော့ အတော်လေး သဘောကျခဲ့ရတယ်။ ရည်ရွယ်ချက်လေးတွေက အတူဝိုင်းဖွဲ့လုပ်ကိုင်ရင်း အချင်းချင်းရင်းနှီးမှုတိုးပွားအောင်၊ အသိပညာဖလှယ်တာတွေ မျှဝေတာတွေ အားကောင်းလာအောင်၊ စိုက်ပျိုးခြံကုန်ကျစရိတ်သက်သာအောင်၊ အစုအဖွဲ့နဲ့ လုပ်တတ်လာအောင်ပါတဲ့နော်။ အတုယူစရာအလေ့အကျင့်ကောင်းလေးပါ။

    ၎င်းတို့ စိုက်ပျိုးမြေနေရာများမှာလည်း ပြေပြစ်လှတဲ့ စိုက်ခင်းဧရိယာတွေမဟုတ်နေပါဘူး။ ခက်ခက်ခဲခဲရှင်းလင်းပြီး ကျောက်တုံးကျောက်ဆောင်တွေအကြားမှာပင် စိုက်ပျိုးခြံတွေကို လုပ်ကိုင်နေကြတာ ကျွန်မကိုယ်တိုင်မြင်ခဲ့ရတာမို့ တကယ်လေးစားမိပါတယ်။ ကျွန်မတို့ မြေပြန့်မှာလုပ်ကိုင်နေတဲ့တောင်သူတွေ ဒါလေးတွေကိုတွေးမြင်ပြီး မိမိတို့ရဲ့အဖိုးတန်လှတဲ့မြေဆီလွှာကို တန်ဖိုးထားသင့်နေပါပြီ။

    ဒါနဲ့ ၎င်းလူငယ်တောင်သူတစ်စုတို့ဟာ စိုက်ပျိုးမြေနေရာတင် ခက်ခဲတာမဟုတ်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲကြမ်းတမ်းပြီး အန္တာရယ်ရှိလှပါတယ်။ သို့သော် စိုက်ပျိုးသီးနှံများကို ဈေးကွက်ရှာဖွေပြီး တင်ပို့ရောင်းချလာနိုင်အောင် အားထုတ်ခဲ့ကြတာ အတုယူစရာပါ။

    ဒါ့ပြင် တောတောင်သဘာဝနှင့် ဂေဟစနစ်တွေကို တန်ဖိုးထားသော ၎င်းတို့ဒေသမှာ ရွှေ့ပြောင်းတောင်ယာကို ၁၈ နှစ်မှ ၁ ကြိမ်သာ အလှည့်ကျပြောင်းရွှေ့စိုက်ပျိုးရတဲ့စည်းကမ်းရှိနေပါတယ်။ သို့သော် ယခုတော့ ရွှေ့ပြောင်းတောင်ယာလုပ်ရန် ခုတ်ထွင်မှုများကို မလုပ်ကြရန် သတ်မှတ်ခဲ့ကြသည်မှာ ၅ နှစ်ခန့်ရှိခဲ့ပါပြီ။

    ယခုကဲ့သို့ မြေဆီလွှာနှင့်ဂေဟစနစ်ကို တန်ဖိုးထားထိန်းသိမ်းခြင်းမှာ ရေရှည်တည်တံ့သောစိုက်ပျိုးရေးအတွက် အဓိကအကျဆုံးအချက်ပဲ ဖြစ်ပါတယ်။

    ၎င်းလူငယ်တောင်သူအစုဖွဲ့မှ တစ်ဦး၏ ဒေသအရင်းအမြစ်များအပေါ် သဘောထားအမြင်လေးကို ဖော်ပြလိုက်ပါတယ်။

#တန်ဖိုး ၃ မျိုး

၁) ရောင်းချ/ရောင်းစား၍ ငွေကြေးရရှိမှုတန်ဖိုး

၂) အသုံးအဆောင်အဖြင့် အသုံးပြုမှုတန်ဖိုး

၃) ရင်ဘက်ထဲကလာသော မြတ်နိုးမှုဖြင့် နောင်လာနောင်သားများကို လက်ဆင့်ကမ်းရန် ထိန်းသိမ်းခြင်းတန်ဖိုး

    ထိုအချက် (၃) ချက်မှ ဘယ်နည်းကိုအသုံးပြု၍ စားဝတ်နေရေးကို ဖြေရှင်းလုပ်ကိုင်နေကြပါစေ နံပါတ် ၃ ကိုတော့ ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေချင်တယ်....ဆိုတဲ့ စကားကတော့ ကောင်ဝှပ်ကျေးရွာမှ လူငယ်အုပ်ချုပ်ရေးမှူးဟောင်း ကိုကျန်းအောင်၏ သဘောထားအမြင်လေးပဲ ဖြစ်ပါတယ်။

    ၎င်းလူငယ်တောင်သူတစ်စုမှာ အကျိုးအမြတ်များများရသောစိုက်ပျိုးရေးထက် ရေရှည်တည်တံ့သောစိုက်ပျိုးရေးကို ရွေးချယ်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်မတို့ တောင်သူဦးကြီးအများစုအနေဖြင့်လည်း လစ်ဟာနေခဲ့သောအပေါက်များစွာကို ပြန်လည်ဖာတေးရန်လိုအပ်လာပါပြီ။ 

    ကျွန်မတို့ အကျိုးအမြတ်များများကိုကြည့်လာတဲ့ စိုက်ပျိုးရေးဟာ ကျွန်မတို့အတွက် မမြင်နိုင်သော/မြင်နိုင်သော ဆိုးကျိုးများနဲ့ ပိုမိုကြုံလာစေတာအမှန်ပါပဲ။

    ကျွန်မတို့ အရေးကြီးဆုံးတွေထဲကမှ စိုက်ပျိုးသူနှင့် စားသုံးသူများ၏ကျန်းမာရေးကို အလေးထားသင့်သလို နောင်လာနောင်သားများအတွက် ချန်ထားခဲ့မယ့် ကျွန်မတို့မြေဆီလွှာကြီးနှင့် ဂေဟစနစ်တွေကို ထိန်းသိမ်းဖို့ စတင်လုပ်ဆောင်သင့်နေပါပြီလို့ အကြုံပြုလိုက်ပါရစေ။......

လေးစားစွာဖြင့်......

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်