ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း

04/07/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း

 ၁။ ရေဆင်းစိုက်ပျိုးရေတက္ကသိုလ် ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) () နှစ်သင်တန်းအတွက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများလျှောက်ထားနိုင်သည်။

၂။ လျှောက်ထားသူသည် -

(က) ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

() တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။

() တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက် ရရှိသူ ဖြစ်ရမည်။

() ကွင်းလက်တွေ့လုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင် လေ့ကျင့်လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူ ဖြစ်ရမည်။

၃။ (က) အမျိုးသားဦးရေ (၁၅၀) နှင့် အမျိုးသမီးဦးရေ (၁၅၀) စုစုပေါင်း (၃၀၀)ဦး လက်ခံမည်။

() နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ သတ်မှတ်ထားသည့် အမှတ်နှင့်ကိုက်ညီသော လျှောက်ထားသူများကို စုစုပေါင်း လက်ခဦးရေ၏ ၁၀ ရာခိုင်နူန်းအထိ ရရှိရန် ရွေးချယ်ဆောင်ရွက်ပါမည်။

၄။ ပထမနှစ်ဝင်ခွင့် လျှောက်လွှာပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်ဖြင့် (A4 – size) ကွန်ပျူတာရိုက်၍ လျှောက်ထားနိုင်သလို အောက်ပါ link များတွင်လည်း Download ဆွဲ၍ ရယူနိုင်ပါသည်။

(www.yau.edu.mm/catagory/news)

(https;//www.facebook.com/YezinAgriculturalUniversity

၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်။

(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)

() အမှတ်စာရင်း (မူရင်း)

() လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)

() အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)

() လိုင်စင်ဓာတ်ပုံ () ပုံ

၆။ လျှောက်လွှာကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားရေးရာဌာန၊ ရေဆင်းသို့ လိပ်မူ၍ (၂၃--၂၀၁၉) (သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့ရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မမှန်မကန် ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမှု ပယ်ဖျက်ခြင်း တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။

၇။ အကယ်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှု မဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။

၈။ အသေးစိတ် သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း ၀၆၇ – ၃၄၁၆၅၁၂ နှင့် ဝန်းထမ်းရေးရာဌာန ဖုန်း ၀၆၇ – ၃၄၁၆၅၁၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်