ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
ရွှေငါးသည် ရေငန်ငါးတစ်မျိုးဖြစ်ပြီး မျိုးပေါင်း-အရိုးမာအုပ်စု၊ မျိုးစဥ်-အပိုလေရှုအင်္ဂါရှိသော ငါးအုပ်စုတွင် ပါဝင်ပြီး သိပ္ပံအမည်မှာ Nemipterus japonicus ဖြစ်ပါသည်။ အင်္ဂလိပ်အမည်မှာ Japanese threadfin bream ဟုခေါ်ပါသည်။ ရေငန်ရှိ demersal ဟု ခေါ်သော ရေအောက်လွှာ ရေအနက် ၅ -၈၀ မီတာတွင်နေပြီး အပူပိုင်းဒေသတွင် တွေ့ရှိရပါသည်။ ပျံ့နှံ့မှုသည် ရွှေငါးကို အင်ဒိုပစိဖိတ်ဒေသအထိ တွေ့ရှိရပါသည်။
ရွှေငါးသည် အရွယ်ရောက်ချိန်တွင် ငါး၏အလျားသည် အရှည်ဆုံး ၃၂၀ စင်တီမီတာ အထိရှိပြီး၊ အများဆုံးတွေ့နိုင်သော အလျားသည် ၂၅ စင်တီမီတာ ဖြစ်ပါသည်။ ရွှေငါး၏ အမြင့်ဆုံးအလေးချိန်သည် ၅၉၆ ဂရမ်အထိ တွေ့ရှိရပါသည်။ လေ့လာရရှိသော အချက်အလက်များအရ အဆိုပါ ငါး၏သက်တမ်းသည် ရှစ်နှစ်ထိရှိကြောင်း သိရှိရပါသည်။
ပြင်ပလက္ခဏာများကို လေ့လာရာတွင် Dorsal spine ဟုခေါ်သော ကျောရိုးဆူးမာ ၁၀ခု၊ ကျောရိုးဆူးပျော့ ၄ခု၊ စအိုဆူးရိုးပျော့ ၇ ခုရှိပါသည်။ မျက်လုံးသည် နှာယောင်ထိပ်ဘေးဘက်အစွန်း၊ ရင်ရေယက်အပေါ်နားတွင် ရှိပါသည်။ရင်ရေယက်သည်အလွန်ရှည်ပြီး တစ်လက်မမှ ၁.၃ လက်မခန့်ရှိပြီး စအိုထိရောက်ရှိပါသည်။ အမြီးသည် အတော်အသင့်အားဖြင့် ခရင်းခွပုံစံရှိပါသည်။ အမြီး၏ အပေါ်အဝိုက်သည် ရှည်ပြီး အောက်အဝိုက်သည် တိုတောင်းပါသည်။ အမြီးရေယက်မှ တိုသော (သို့မဟုတ်)အသင့်အတင့် အနေအထားရှိသော အမျှင်ထွက်နေပါသည်။
အရောင်အားဖြင့်လေ့လာပါက ကိုယ်ထည်သည် အပေါ်ဘက်တွင် ပန်းရောင်သန်းပြီး အောက်ဘက်တွင် ငွေရောင်ရှိကာ၊ ဦးခေါင်းထိပ်မျက်လုံးနောက်ဖက်တွင် ရွှေရောင်(သို့မဟုတ်) အဝါရောင်ဖျော့ဖျော့ အစင်း ၁၁ - ၁၃ ခုရှိ အစင်းချောင်းများရှိပြီး ဦးခေါင်းမှအမြီးထိ ရှည်လျားပါသည်။ ထင်ရှားသောအနီရောင်အကွက်များသည် lateral line ၏ဘေးဖက်တွင်တည်ရှိပါသည်။ ကျောရေယက်သည် အဖြူရောင်ဆန်ဆန်ရှိပြီး ထိုရေယက်ဘေးတွင် အဝါရောင်ရှိကာ အနားစွန်းတွင် အနီရောင်၊ ထိုရေယက်အခြေတွင်သံလွင်စိမ်းကဲ့သို့ အစိမ်းရောင်ဖျော့ရှိပါသည်။ အမြီးရေယက်သည် ပန်းရောင်ရှိပါသည်။ နေရာပေါ် မူတည်၍ အရောင်ပြောင်းလဲတတ်ပါသည်။
ရွှေငါးကို ကမ်းရိုးတန်းဒေသရှိသော ရေပြင်များတွင် ပေါများစွာတွေ့ရှိရပါသည်။ ရွှေငါးများသည် သေးငယ်သော (ငါး၊ ပုစွန်၊ ကဏန်း၊ ခရု) အုပ်စုဝင်များနှင့် အရေပြားကြမ်းသော သံပခြုပ်၊ သဲဒေါ်လာ စသည့် အကောင်ငယ်လေးများကို ရှာဖွေစားသောက်ကြပါသည်။
ရွှေငါးအမသည် အရွယ်အစားအားဖြင့်သေးပြီး အထီး၏ အရွယ်အစားသည် အမထက်ကြီးထွားပါသည်။ အထီး၏ကြီးထွားနှုန်းသည် အမထက် ပိုမိုမြန်ဆန်ပါသည်။ စီးပွားဖြစ်ရောင်းချနိုင်သော စျေးကွက်ဝင်ငါးအဖြစ် သတ်မှတ်ရောင်းဝယ်ကြပါသည်။
မျိုးပွားရာတွင် ပြင်ပသန္ဓေအောင်ခြင်းဖြင့် မျိုးပွားပြီး တစ်နှစ်လျှင် မျိုးပွားမှုသည် နှစ်ကြိမ်ဖြစ်ပါသည်။ ရွှေငါး၏မျိုးပွားရာသီသည် ဧပြီလမှ နိုဝင်ဘာလ အထိဖြစ်ပြီး မျိုးပွားမှုအမြင့်ဆုံးဖြစ်သည်။ မျိုးပွားနိုင်မှုအရွယ်တွင် အရွယ်ရောက်သည့်အချိန်မှာ ဥမှ ပေါက်ပြီး သုံးနှစ်အရွယ်ပင် ဖြစ်သည်။ မျိုးပွားမှုအမြင့်ဆုံးလမှာ ဂျူလိုင်လ ဖြစ်သည်။
ရွှေငါးကို စားသုံးရာတွင် ပေါင်းစားခြင်း၊ ဆားနယ်ခြင်း၊ ငါးခြောက်ပြုလုပ်ခြင်း အပြင် ငါးချဥ်၊ငါးဆုပ်၊ ငါးအသားပြား ပြုလုပ်၍လည်း စားသုံးကြသည်။
ရွှေငါးသည် ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများသောကြောင့် ဦးနှောက်အတွက် အကျိုးပြုပါသည်။ ရွှေငါးတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသော omega-3 fatty acid လည်း ပါဝင်ပါသည်။ လူ၏ခန္ဓာကိုယ်မှ omega-3 fatty acid ကိုမထုတ်လုပ်နိုင်ပေ။ လေ့လာမှုများအရ Omega-3fatty acid သည် နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အရေးပါပါသည်။
ထိုကြောင့် ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့်မျှ ရွှေငါးအပါအဝင် ငါးများကို စားပေးသင့်ပါသည်။

ရွှေငါးကို စားခြင်းဖြင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါသည်။
၁။ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း
လေ့လာမှုများအရ တစ်ပတ်ကိုတစ်ကြိမ် ပုံမှန် ငါးစားသုံးသူများသည် ပုံမှန်ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေသည်ဟု တွေ့ရှိခဲ့ရပါသည်။ ငါးလုံးဝမစားသူများသည် ရံဖန်ရံခါ ငါးစားသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်သည်ဟုလည်း သိရပါသည်။ ရွှေငါးအပါအဝင် ငါးများတွင်ပါသော omega-3 fatty acid သည် နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေပါသည်။
၂။ Alzheimers ဖြစ်နိုင်ခြေကို နည်းပါးစေခြင်း
တစ်ပတ်လျှင် တစ်ကြိမ်မျှ ရွှေငါးအပါအဝင် ငါးများကိုစားသုံးပေးမည်ဆိုလျှင် ဦးနှောက်နှင့် မှတ်ဉာဏ်စွမ်းရည်ကို ကောင်းမွန်စေနိုင်ပါသည်။ ရွှေငါးကို ကြော်စားခြင်းထက် ဟင်းချက်စားခြင်း၊ ပေါင်းစားခြင်းသည် ကျန်းမာရေးနှင့် ပိုသင့်တော်ပါသည်။ ရွှေငါးသည် ဦးနှောက်ဆဲလ်များကို ကျန်းမာစေနိုင်ပါသည်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူများအတွက် ရွှေငါးသည် အသင့်တော်ဆုံး အစားအစာဖြစ်သည်။
၃။ အရေပြားနှင့် ဆံသားကိုကျန်းမာစေနိုင်ခြင်း
အရေပြားနှင့် ဆံသားကျန်းမာစေရန်အတွက် ခန္ဓာကိုယ်တွင် ကျန်းမာသောအဆီ ပြည့်ဝနေဖို့လိုပါမည်။ အဆီပြည့်ဝနေမှ အသားအရေမှာ မွဲခြောက်မှုကင်းစင်မည်ဖြစ်သည်။။ ရွှေငါးတွင်ပါသော omega-3 သည်ကျန်းမာရေးနှင့် ညီညွတ်သောအဆီဖြစ်ခြင်းကြောင့် စားသုံးဖို့သင့်တော်ပါသည်။ ထိုသာမက omega-3 သည် အသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါသည်။
၄။ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေခြင်း
လေ့လာမှုများအရ ရွှေငါးအပါအဝင် ငါးတော်တော်များများတွင်ပါသော omega-3 သည် စိတ်ဖိစီးမှုကို
လျော့ပါးသက်သာစေနိုင်သည်ဟု သိရပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနှင့် တစ်နေ့လျှင် omega-3 ၃၀၀ မီလီဂရမ်ကို စားသုံးပေးမည်ဆိုလျှင် ကိုယ်ဝန်ဆောင်ကာလအတွင်းခံစားရနိုင်သော စိတ်ကျရောဂါကို သက်သာစေနိုင်သည်ဟု ဆိုပါသည်။
၅။ နာတာရှည်ဝေဒနာများ မဖြစ်အောင် ကာကွယ်ပေးခြင်း
ရွှေငါးအပါအဝင် ငါးတော်တော်များများသည် အမျိုးအစား- ၁ ဆီးချိုရောဂါကဲ့သို့ နာတာရှည်ဝေဒနာများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။ omega-3 သည် ကလေးငယ်လေးများတွင်လည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သကဲ့သို့ လေးဖက်နာဝေဒနာနှင့် အာရုံကြောထိခိုက်ပျက်ယွင်းသောဝေဒနာများ ခံစားရနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါသည်။
၆။ ကလေးငယ်များတွင် ပန်းနာရင်ကျပ် မဖြစ်အောင်ကာကွယ်ပေးခြင်း
ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ နာတာရှည်လေပြွန်ရောင်ရမ်းနေသော အနေအထားတစ်ရပ်ဖြစ်သည်။ ယခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်မှာ တော်တော်လေးတိုးလာနေပါသည်။ လေ့လာမှုများအရ ငါးပုံမှန်စားသုံးပေးသော ကလေးငယ်များမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေသည် ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းသည်ကို တွေ့ရှိခဲ့ရပါသည်။ ကလေးငယ်လေးများမှာ ရွှေငါးအပါအဝင် ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေ ဖြစ်သည်။
၇။ အမြင်အာရုံ ကောင်းမွန်စေခြင်း
လူကြီးများတွင် ဖြစ်တတ်သည့် macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) မှာ အမြင်အာရုံထိခိုက်ဆုံးရှုံးရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ အမြင်အာရုံမှာ တဖြည်းဖြည်း အားနည်းလာပါသည်။ ရွှေငါးတွင်ပါသော omega-3 fatty acid သည် မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။ ရွှေငါးအပါအဝင် ငါးများကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် အမျိုးသမီးများတွင် အမြင်အာရုံထိခိုက်ခြင်းကို ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်သကဲ့သို့ အမြင်အာရုံဆိုင်ရာကြွက်သားများ ထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါသည်။ လူကြီးများတွင် အမြင်အာရုံထိခိုက်ခြင်း မဖြစ်စေရန် တစ်ပတ်လျှင် တစ်ကြိမ်ခန့် ရွှေငါးအပါအဝင် ငါးများကို ကျွေးပေးပါ။
၈။ လေဖြတ်နိုင်ခြေကို လျော့နည်းစေခြင်း
ရွှေငါးအပါအဝင် ငါးစားခြင်းသည် လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါသည်။ ရွှေငါးတွင်ပါဝင်သော omega-3 fatty acid သည် လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်
ရွှေငါးသည် အရသာအားဖြင့် ထူးခြားကောင်းမွန်လှသဖြင့် လူကြိုက်များသော စျေးကွက်ဝင်ငါးတစ်မျိုးဖြစ်သည်။ထို့ပြင် ရွှေငါးသည် ဆေးဘက်လည်းဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့် အာဟာရတန်ဖိုးမြင့် ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
ဆက်စပ်မေးခွန်းများ
မက်ပဲပင်၂၀ရက်သားမှာရွှေနဂါးအပင်အားဆေးနဲ့တွဲဖျန်းလို့ရမယ့်မှိုဆေးကိုပြောပြပေးပါ
Aung Lin Oo • ဖြေကြားချက် 1 ခု
ဖော်ကျွန်းဖော်ဝမ်းကိုမတ်ပဲဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲ အညွှန်းထဲမှာဆေးဖျန်းရက်မတူကြဘူး
Sawsamson • ဖြေကြားချက် 3 ခု
မြင်းကျားမှထုတ်လုပ်တဲ့ နှမ်းရွေးရှယ်ဟာဘီရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂာလံဝင်ဆေးပုံးစက်ဖြင့်ဖျန်းပတ်လိုက်တာအခုလိုဖြစ်သွားအပုံထဲကအတိုင်းပဲတစ်ခင်းလုံးပဲအကြယ်ဝန်းကတော့2ဧကရှိပါတယ်ဖြေဆေးသို့မဟုတ်ပြုပြင်ရန်နည်းလမ်းများညွှန်ကြားပေးပါအုံး
ငုဝါ • ဖြေကြားချက် 2 ခု
ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်ဆေး တို့ကို ဘယ်အမျိုးအစားကရောဖြန်းလို့ရပြီး ဘယ်အမျိုးအစားက ဘယ်လောက်ရက်ခြား ဖြန်းရမလဲ ဘယ်ဟာ အရင်ဖြန်းသင့်လဲ သိချင်ပါတယ် ခင်မျ
Thiha • ဖြေကြားချက် 1 ခု
အပင်သည်အရွက်သည်အဖျားချစ်ပြီးအားနည်းသည်
Kyaw Htoo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
More from နှင်းဖြူဖြူ
အားလုံး
စူပါအယ်လ်နီညို၏ ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ
19/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026