အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီရေတောများကို ဘယ်လိုထိန်းသိမ်းမလဲ

ဒီရေတောများကို ဘယ်လိုထိန်းသိမ်းမလဲ

ဒီရေတောများကို အပူပိုင်းဒေသများတွင် အဓိကတွေ့ရှိရပြီး အများအားဖြင့် ရေချိုနှင့် ဆားငန်ရေ ပတ်ဝန်းကျင်များအကြား ကုန်းမြေများတွင် တွေ့ရပါသည်။ 

၂၀၁၄ ခုနှစ်အတွင်းခန့်မှန်းခြေအားဖြင့် တစ်ကမ္ဘာလုံးဧရိယာ ဟက်တာ ၁၆.၄ သန်းအထိ ဒီရေတောများသည် အဖိုးတန်ဂေဟစနစ်များကိုထောက်ပံ့ပေးလျက်ရှိပါသည်။ ထိုထောက်ပံ့မှုအကျိုးကျေးဇူးများတွင် ကာဗွန်စုပ်ယူမှု၊ ကမ်းရိုးတန်းတစ်လျှောက်တံတိုင်းအဖြစ် ကာကွယ်ပေးမှု၊ ကမ်းခြေ၏ ခြံစည်းရိုးသဖွယ်၊ အစားအစာ၊ လောင်စာဆီ၊ ဆောက်လုပ်ရေး အသုံးအဆောင်၊ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ရေးနှင့် အခြားအကျိုးပြုအရာများ ပါဝင်ပါသည်။ 

ကမ္ဘာ့ဒီရေတောဖုံးလွှမ်းမှု၏ သုံးပုံတစ်ပုံကျော်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင်တွေ့ရှိရပြီး ဒီရေတောမျိုးစိတ်ကွဲများ အများဆုံးတွေ့ရသောဒေသလည်းဖြစ်လေသည်။  

ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့ အချို့နိုင်ငံများသည် တန်ဖိုးမဖြတ်နိုင်သောဒီရေတောဧရိယာများကို စောင့်ရှောက်ရန်နှင့် ပြန်လည်ထိန်း သိမ်းရန်ကြိုးပမ်းနေသော်လည်း အရှေ့တောင်အာရှဒေသသည် ၁၉၇၅ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း ဒီရေတောဟက်တာ ၀.၃ သန်းကျော် ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသည် ၁၉၇၅ ခုနှစ်မှစ၍ ဒီရေတော သစ်တောပြုန်းတီးမှု စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ သည်။  တကယ်တမ်းတွင်မူ မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှု ၄၄.၂ ရာခိုင်နှုန်း ရှိသော၊ သစ်တောထူထပ်သောနိုင်ငံ ဖြစ်ခဲ့ပါသည်။ 

ဒီ‌ရေတောဂေဟစနစ်အား ထောက်ပံ့ကူညီနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီရေတော ဖုံးလွှမ်းမှုပြောင်းလဲမှုများကို တိကျသော အရေအတွက် တွက်ချက်ရန် လိုအပ်ပါသည်။

သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ ဒီရေတောဂေဟစနစ် ဝန်ဆောင်မှုတန်ဖိုးတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂,၃၉၇ သန်း (၂၀၀၀ ခုနှစ်မှ ၂၈.၇ ရာခိုင်နှုန်း ကျဆင်းသွားသည်) တန်ဖိုးထိခိုက်သွားသည်။ အထူးသဖြင့် ငါးလုပ်ငန်း၊ ကမ်းရိုးတန်းကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းတို့ပါဝင်သည်။ 

ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်ရန် သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။ စပါး စိုက်ခင်းတိုးချဲ့ခြင်း၊ ထင်းထုတ်ယူခြင်း၊ မီးသွေးထုတ်လုပ်ခြင်းနှင့် ငါးနှင့်ပုစွန်မွေးမြူခြင်းလုပ်ငန်းကြောင့် ဒီရေတော များဆုံးရှုံးနေချိန်တွင် သစ်တောပျိုးခင်းများဆောင်ရွက်ခြင်း၊ ကျေးရွာပိုင်သစ်တောများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်သင့်ပါသည်။

ရပ်ရွာပိုင်သစ်တောစိုက်ခင်းများ အား ဒေသခံတောင်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းပိုင်ရှင်များက ဂရုတစိုက် ဖွံ့ဖြိုးတိုးတက်၊ ရေရှည်တည်တံ့စေရန်ဆောင်ရွက်သင့်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ဂေဟစနစ်

ဂေဟစနစ်

You
Worldview International Foundation

နည်းပညာမိတ်ဖက်အဖွဲ့

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။