ဒီရေတောများ ပြန်လည်ထူထောင်ရာတွင်
မြန်မာနိုင်ငံသည် ဒီရေတောဖုံးလွှမ်းမှု စိုးရိမ်ဖွယ်ရာဆုံးရှုံးလျော့ကျလာလျက်ရှိပြီး ၎င်းကိုပြန်လည်ထူထောင်ရန် လိုအပ်နေကြောင်း သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။
မြန်မာနိုင်ငံရှိ ဂေဟစနစ်တွင် ဒီရေတောများ၏ အရေးပါမှုကို ချန်ထား၍မရပေ။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လက်ကျန်ဒီရေတောများအား စနစ်တကျစီမံခန့်ခွဲ ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း တိုးတက်လာစေရန်စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်လို အပ်ပါသည်။
ဒီရေတောများလျော့နည်း၊ ဆုံးရှုံးလာမှုကြောင့် အပူငွေ့များတရိပ်ရိပ်တက်လာခြင်း၊ ကာဗွန်သိုလှောင်မှုလျော့နည်းလာခြင်း၊ သစ်ပင်ဖုံးလွှမ်းမှုရာခိုင်နှုန်းလျော့နည်းခြင်းစသည့် ပြဿနာများကြုံတွေ့လာရသည်။ ထို့ကြောင့် ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ပါသည်။
ဒီရေတောများပြန်လည်ထူထောင်ရာတွင် စိုက်ခင်းများအောင်မြင်ရန်အတွက် ဆောင်ရန်ရှောင်ရန်တို့ကို သိရှိနားလည်ရမည်ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ဒီရေတောစိုက်ခင်း စိုက်ပျိုးမည့်နေရာနှင့်ကိုက်ညီ သော ဒီရေတောမျိုးစိတ်ကိုရွေးချယ်စိုက်ပျိုးရန်လိုအပ်မည်ဖြစ်သည်။ ကုန်းမြေအနိမ့်အမြင့်အလိုက်သော် လည်းကောင်း၊ မြေအမျိုးအစားအလိုက်သော်လည်းကောင်း သစ်မျိုးရွေးချယ်မှု မှန်ကန်မှသာလျင် စိုက်ခင်းအောင်မြင်မည်ဖြစ်သည်။ ထိုဆောင်ရွက်ချက်အတွက် ဒီရေတောသစ်မျိုးများ၏ ထူးခြားသည့် ဝိသေသများနှင့် သဘောသဘာဝတို့ကို ကောင်းစွာသိရှိနားလည်ရန်လိုအပ်မည်ဖြစ်သည်။

ဒီရေတောများပြန်လည်ထူထောင်ခြင်းအတွက် သစ်စေ့များကိုစုဆောင်းရသည်။ ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များကိုနေရာဒေသအနှံ့မှ လိုက်လံစုစည်းပြီး လက်ရွေးစင်အသီး တောင့်များကိုရွေးချယ်ရသည်။ ရွေးချယ်ပြီးသော အသီးတောင့်များကို စနစ်တကျ သိုလှောင်ထားရပြီး သစ်စေ့သိုလှောင်ရုံ အနီးရှိ မြစ်/ချောင်းအတွင်းမှ ရေငန်ဖြင့် နှစ်ရက်လျှင် တစ်ကြိမ်ခန့် ရေလောင်းပေးရသည်။ နှစ်စဉ် ဖေဖော်ဝါရီ၊ မတ်လလောက်များ ဆိုလျှင် အသီးတောင့်များကို စတင်စုဆောင်းရရှိနိုင် ပြီဖြစ်သည်။ ဧပြီ၊ မေ လဝန်းကျင်တွင် စိုက်ပျိုးမြေနေရာ၌ ခြုံနွယ်ရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။ ဇွန်၊ ဇူလိုင်လများ အတွင်း ရေထရက်များတွင် အသီးတောင့်များအား ဒီရေတောစိုက်ခင်းနေရာတွင်စိုက်ပျိုးကြပါသည်။ ထို့ကြောင့် ဒီရေတောပင်တစ်ပင် ဖြစ်လာစေရန်မှာ အသီးတောင့်စတင်စုဆောင်းခြင်း၊ လက်ရွေးစင်အသီးတောင့် များအားရွေးချယ်ခြင်း၊ အသီးတောင့်များ အား စနစ်တကျထားသိုလှောင်ခြင်း၊ မြေနေရာရှင်းလင်းခြင်း၊ စိုက်ပျိုးမြေနေရာတွင် စိုက်ပျိုးခြင်း အစရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။
စိုက်ပျိုးပြီးသော ဒီရေတောများရေရှည်တံ့တည်ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှုကအဓိက အချက်ဖြစ်သည်။ ထို့ကြောင့် ကမ်းရိုးတန်းဒေသတစ်လျှောက်တွင်နေထိုင်သည့် ဒေသခံ ပြည်သူများ အား ဒီရေတောများအကြောင်းနှင့် ၎င်းတို့၏ အရေးပါမှုကို အသိပညာပေးရန် လိုအပ် မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Worldview International Foundation - WIF
အားလုံး
ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်
12/04/2024
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း
02/04/2024
ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
14/03/2024
ဒီရေတောတွေသာမရှိတော့ရင်..
16/11/2023
ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
10/11/2023