ကစ်ဒေါင်း ၂၀ ဒဗလျူပီ

ငမြှောင်တောင်၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုး၊ ပျ၊ ဖြုတ်၊ လှေ ယင်ဖြူး၊ အဖျားပိုးမွှားပင့်ကူ ၊ ရွက်လိပ်ရွက်ကပ် ၊ စပါးဆစ်ပိုး၊ ခရမ်းခေါင်ညွန့် ထိုးပိုး၊စိန်ကွက်ဖလံစသည့်ပိုးများကိုထိရောက်စွာသတ်ပစ်နိုင်သည်။ ထိသေ စားသေ၊ စိမ့်ဝင်ထိုးဖောက်နှင့် ပင်လုံးပြန့်အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးမှုန့်ဖြစ်သည် ။ သီးနှံပင်၏ အစိတ်အပိုင်း အသီးသီးတွင် ကျရောက် ဖျက်ဆီးတတ်သော ကိုက်ဖြတ်ဝါးစားပိုးများ၊ စုပ်စားပိုးများနှင့် ပုန်းလျှိုးကွယ်လျှိုး စားသောက် ဖျက်ဆီးတတ်သော ပိုးများအားလုံးကို ထိရောက်လျင်မြန်စွာ နှိမ်နင်းနိုင်သည်။ သီးနှံပင်သက်တမ်းတစ်လျှောက် (အချိန်မရွေး) သုံးနိုင်သည်။

ရွှတ်ဒေါင်း ၅% ဒဗလျူဒီဂျီ

(လောက်ကောင်နှင့်ဖလံများကိုနှိမ်နင်းနိုင်သော ပိုးသတ်ဆေး ရွှတ်ဒေါင်း) ငမြောင်တောင်၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုး၊ ရွက်လိပ်၊ ရွက်ကပ်၊ ပြောင်းဖူးရွက်လိပ်ပိုး၊ ဖူးစားပိုး၊ စပါးဆစ်ပိုး၊ ခရမ်းခေါင်ညွန့်ထိုးပိုး၊ စိန်ကွက်ဖလံ စသည့်ပိုးများကိုထိရောက်စွာ သတ်နိုင်သည်။ ထိသေစားသေ၊ စိမ့်ဝင်ထိုးဖောက်အာနိသင်ရှိ ရေတွင်ပျော်ဝင် ပျံ့နှံ့မှုရှိသော အဘာမက်တင် အုပ်စုဝင် ပိုးသတ်ဆေးခဲ ဖြစ်သည်။

စလိုက်ဒေါင်း ၂၅% ဒဗလျူဒီဂျီ

စုပ်စားပိုးအထူးသတ်ဆေးခဲ မမြင်နိုင်သော ဖျက်ပိုးများကို သေစေနိုင်သည့် ထိသေ၊ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးအခဲဖြစ်သည်။ ပျ၊ ဖြုတ် ၊ ယင်ဖြူ၊ လှေးပိုး၊ မွှားပင့်ကူများ၊ ပိုးစေးနှဲ(မီလီဂျပိုး) ၊ ပဲမျိုးစုံတွင်ကျရောက်သော ပဲဂျပိုးများ၊ ကိုလိုရာဒိုကျိုင်း၊ ဟင်းသီးဟင်းရွက်များတွင် ကျရောက်သော ခေါင်ညွန့်ထိုးပိုး၊ ရွက်ထွင်းပိုး၊ ပင်စည်ထိုးပိုး၊ နှစ်ရှည်ပင်များတွင် ကျရောက်သော အကြေးပိုးနှင့် စပါးဆစ်ပိုးတို့ကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။

ဟန်းနား ၅ အက်စ်စီ

(မှိုရောဂါအမျိုးမျိုးကိုထိရောက်စွာကာကွယ်ကုသဆေး) ပင်လုံးပြန့်အာနိသင်ရှိ ရေဖျော်မှိုသတ်ဆေးရည်ဖြစ်သည်။ ဘက်တီးရီးယား ရောဂါကျရောက်ပါက အခြားသော ဘက်တီးရီးယားသတ်ဆေးများနှင့် ရောစပ်၍ အသုံးပြုနိုင်ပါသည်။ ဟန်းနားမှိုရောဂါသတ်ဆေးသည် အပင်ငယ်မှစ၍ သီးနှံသက်တမ်းတစ်လျှောက် အသုံးပြုနိုင်သည်။ အဓိကကာကွယ်ကုသနိုင်သော ရောဂါများမှာ ရွက်ဖုံးခြောက်၊ စပါးမှိုသီးရောဂါ၊ ဖားဥမှို ၊ သံချေးရောဂါ၊ သံချေးဖြူ(ကျောက်ရောဂါ)၊ ခါးရိ ၊ ပင်ခြေပုပ်၊ ကြက်သွန်တောက်တဲ့မြီး ရောဂါနှင့် မြေပဲ၊ ပဲမျိုးစုံတွင် ကျရောက်သည့် ဆာကိုစပိုးရားရွက်ပြောက် ရောဂါနှင့် သစ်သီးပင်များတွင် ကျရောက်သော မှည့်ပြောက်စွန်းရောဂါတို့ဖြစ်သည်။ ဆေး၏ထူးခြားချက်မှာ အပင်တန့်ခြင်း၊ ဆေးလောင်ခြင်းတို့ မဖြစ်စေပါ။

ဖန်းစတား ၃၀ အီးစီ

(၂ )မျိုးစပ်မှိုရောဂါအမျိုးမျိုးကာကွယ်ကုသနှိမ်နင်းဆေး သီးနှံမျိုးစုံတွင် ကျရောက်သော မှိုရောဂါမျိုးစုံကို ထိရောက်စွာ ကာကွယ်ကုသနိုင်သော ပင်လုံးပြန့်အာနိသင်ရှိ မှိုရောဂါသတ်ဆေးဖြစ်သည်။ အထူးသဖြင့် မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့တွင်ကျရောက်သည့် ရွက်ပြောက်ရောဂါ၊ သံချေးမှိုရောဂါနှင့်ဖားဥမှို ရောဂါကို အထူးနှိမ်နင်းနိုင်သည့် မှိုသတ်ဆေးဖြစ်သည် ။ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်သည့် စောပင်နာကျ၊ ရွက်ပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ၊ ကြက်သွန်နီတွင် ကျရောက်သည့် တောက်တဲ့မြီးရောဂါတို့ကိုလည်း ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည် ။ နှစ်ရှည်သစ်သီးပင်များတွင် ကျရောက်သည့် မှည့် ပြောက်စွန်းရောဂါကိုလည်း နှိမ်နင်းနိုင်ပါသည် ။

ကွစ်ခ်ဘန်း ၄၀ ဒဗလျူပီ

စပါးခင်းတွင် ကျရောက်သည့် မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်း စသည့် ပေါင်းအုပ်စု (၃) မျိုးလုံးကို ထိရောက်စွာ နှိမ်နင်းနိုင်သည့် ပင်လုံးပြန့် အာနိသင်ရှိ စပါးခင်းရွေးချယ် ပေါင်းသတ်ဆေးမှုန့်ဖြစ်သည်။ မြက်သီး၊ ဝမ်းဘဲစာမြက်၊ ငါ့သရောင်၊ မြက်မုန်ညင်းစိမ်း/ဝါ၊ မှိုနတို၊ ကတောက်ဆတ်၊ လယ်ပဒူ၊ ကနေဖော့၊ ရေကညွှတ်၊ ပေါင်းလေးညှင်းစသည့်ပေါင်းများကို ထိရောက်လျင်မြန်စွာ နှိမ်နင်းနိုင်သည်။ စပါးတိုက်ရိုက်ကျဲခင်း (သို့) ရွှေ့ပြောင်း စိုက်ခင်းများကျဲပြီး (သို့) ရွှေ့ပြောင်းစိုက်ပြီး (၁၅-၂၁)ရက်သားတွင် ဖျန်းပေးနိုင်လျှင် ပိုမိုထိရောက်မှု ရှိသည်။ မဖျန်းမီ လယ်ထဲရှိရေကိုထုတ်ပါ။ ၎င်းနောက် ကွစ်ခ်ဘန်းပေါင်းသတ်ဆေးကို အညွှန်းပါနှုန်းထားအတိုင်း စနစ်တကျ ဖျန်းပါ။ ဆေးဖျန်းပြီးနောက် (၂-၃) ရက် အကြာတွင်ရေပြန်သွင်းပါ။

ရွှေမင်္ဂလာ ရှယ်ပင်

(အမြစ်ထွက်အားကောင်း အပင်တက်မြန်ဆေး) ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအတွက် လိုအပ်သော အာဟာရဓာတ်များကို လွယ်ကူလျင်မြန်စွာ စုပ်ယူစားသုံးနိုင်စေသည်။ သီးနှံပင်မျိုးစုံတွင် အသုံးပြုနိုင်သည်။

ရွှေမင်္ဂလာ ရှယ်သီးစူပါ (0: 400: 440 + TE)

ရှယ်သီးစူပါသည် အလွန်သေးငယ်သော ဖော့စ်ဖိတ်နှင့် ပိုတက်စီယမ် မော်လီကျူးများကို သီးနှံပင်၏ အစိတ်အပိုင်းများမှ အလွယ်တကူ စုပ်ယူစားသုံးနိုင်အောင် နည်းပညာသစ်ဖြင့် ထုတ်လုပ်ထားပါသည်။ အမျိုးအစားစုံလင်သည့် အနည်းလိုအာဟာရဓာတ်များကို ထည့်သွင်းထားသဖြင့် အပင်၏အာဟာရ လိုအပ်ချက်အများအပြားကို အချိန်တိုအတွင်းလျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ပါသည်။ ရေတွင် အပြည့်အဝပျော်ဝင်နိုင်ပြီး ဟော်မုန်းများ၏ အကူအညီမလိုအပ်ဘဲ အမြစ်၊ အရွက်၊ အပွင့်၊ အသီးများသို့ အာဟာရဓာတ်များကို ပိုမိုကောင်းမွန်စွာပေးပို့နိုင်သည်။ သီးနှံပင်များမှလည်း စုပ်ယူစားသုံးနိုင်ပါသည်။ အပွင့်အသီး ကြွေမှုနည်းပါးပြီး အသီးတင်နှုန်း ကောင်းမွန်စေပါသည်။ ရာသီဥတုခြောက်သွေ့မှုဒဏ်၊ အအေးဒဏ်နှင့် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သီးနှံပင်၏ အရည်အသွေးကို ထူးခြားကောင်းမွန်စေပါသည်။

ရွှေမင်္ဂလာ ပဲတီစိမ်း၊ မတ်ပဲ အထူးအားဆေးတွဲ

အပင်သက်တမ်းတစ်လျှောက် မရှိမဖြစ်လိုအပ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်နှင့် ပိုတက်ဓာတ်များအပြင် ဘိုရွန်၊ မိုလစ်ဒီနမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နှင့် ဆာလဖာ စသည့် အနည်းလိုအာဟာရဓာတ်များ ပြည့်စုံစွာ ပါရှိသည်။ ထို့အပြင် အမြစ်ဆင်းအားအလွန်ကောင်းမွန်သည့် ဟူးမစ်အက်ဆစ်၊ အပင်တက်ဟော်မုန်း၊ အမိုင်နိုအက်ဆစ်ဓာတ် အချိုးကျထည့်သွင်းထားသည်။

ရွှေမင်္ဂလာ နှမ်းအထူးအားဆေးတွဲ

နှမ်းပင်သက်တမ်းတစ်လျှောက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်ဆီယမ်ဓာတ်များအပြင် ဇင့်၊ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာနှင့် မိုလစ်ဒီနမ်ဓာတ်များပါ၍ ဟူးမစ်အက်ဆစ်ပါခြင်းကြောင့် အမြစ်ဆင်းအားကို အလွန်ကောင်းပြီး အမိုင်နိုအက်ဆစ်နှင့် အပင်တက်ဟော်မုန်း ပါသဖြင့် အပင်ကြီးမြန်၍ ပင်စည်တုတ်ခိုင်သန်မာခြင်း၊ ပန်းဖြိုင်ဖြိုင်ပွင့်စေခြင်း သီးရှဉ်းဖြစ်ပေါ်မှုများခြင်း၊ သီးရှဉ်းတိုင်းတွင် အစေ့အဆန်အောင်မြင်ပြည့်ဝစေပါသည်။

ရွှေမင်္ဂလာ မြေပဲအထူးတွဲ (ပရီမီယမ်)

မြေပဲပင် သက်တမ်းတစ်လျှောက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်စီယမ်ဓာတ်များအပြင် ဇင့်၊ ဘိုရွန်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ၊ မိုလစ်ဒီနမ် ဟူးမစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ်နှင့် ဆီလီကာဓာတ်များပါဝင်သည်။ မြေပဲအပင်အားကောင်းစေပြီး စွယ်များများချ၍ ဥဆင်းအားကောင်းပြီး (၂)ဆစ်တောင့်များများ ဖြစ်စေသော ဘိုရွန်နှင့် မဂ္ဂနီဆီယမ်ဓာတ်များ ကြွယ်ဝစွာပါသဖြင့် ဥတောင့်ကြီးထွားကာ အစေ့အဆံအောင်နှုန်းကောင်းစေသည်။ အရောင်အသွေးလှ၍ အလေးချိန်စီးစေသည့်အပြင် အညှာခိုင်စေသဖြင့် ခူးဆွတ်နှုတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေသည်။

ရွှေမင်္ဂလာပဲအထူး (ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ)

သီးနှံရာသီတစ်လျှောက်လုံးအတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ် ဖိတ်၊ ပိုတက်စီယမ်ဓါတ် ၊ ဆာလဇာ၊ ဘိုရွန်၊ မိုလစ်ဒီနပ်ဓါတ်များပါရှိ သဖြင့် သီးနှံပင် အစာချက်လုပ်မှုအားကောင်းခြင်း၊ ပဲမြစ်ဖုများပြားပြီး ပန်းပွင့်မှုစောစေခြင်း၊ ဝတ်မှုန်ကူးမှုကောင်းမွန်ပြီး အသီးဖြစ်ပေါ် မှု မြန် ဆန်စေခြင်းတို့ကို ဖြစ်ပေါ်စေသည် ။ အမိုင်နိုအက်စစ် ၊ ဟူးမစ်အက်ဆစ်နှင့်အပင်တက်ဟော်မုန်းပါရှိသဖြင့်အမြစ်ဆင်းအားကောင်း၍အပင် ကြီးထွားမှု လျင်မြန်ခြင်း ရောင်တိုင်များများထွက်ရှိစေခြင်း၊ ပန်းဖြိုင်ဖြိုင် ပွင့်စေခြင်း အကျိုးကျေးဇူးရရှိစေသည် ။ အပင်ငယ်စဉ်(၁၅-၂၀) ရက်သားမှစ၍ (၇-၁၀)ခြား(၁)ကြိမ်နှုန်း သီးနှံတစ်ရာသီတွင် (၃-၄) ကြိမ်မျှ ပက်ဖျန်းပေးပါက သီးတောင့်များကြီးထွားခြင်း၊ အစေ့အဆံ အောင်မြင်၍အလေးချိန်စီးခြင်းနှင့် အထွက်နှုန်းမြင့်မားစေပါသည်။ ရွှေမင်္ဂလာ မြေပဲအထူး တောင်ကြီးအား ရေ

ရွှေမင်္ဂလာ ဝါအထူး

ရွှေမင်္ဂလာဝါအထူး အရွက်ဖျန်းအားဆေးတွင် သီးနှံပင်အတွက် မရှိမဖြစ် လိုအပ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်ဓါတ်များပါရှိခြင်း၊ ပိုတက်စီယမ်ပါဝင်မှုမြင့်မားသဖြင့် အပင်ငယ်များကြီးထွားမှု မြန်ဆန်ခြင်း၊ အမြစ်ဆင်းအား ကောင်းပြီး ရေငတ်ဒဏ်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူး ရရှိစေသည်။ အနည်းလို အာဟာရ ဓါတ်များနှင့် ဇင့်ဓါတ် လုံလောက်စွာပါရှိခြင်းကြောင့် အပိန့်ဝင်ချိန် တွင် အပိန့်များခြင်း၊ ပန်းဖြိုင်ဖြိုင်ပွင့်စေခြင်း၊ ဝတ်မှုန်ကူးမှု ကောင်းပြီး အသီးတင်စေခြင်း၊ အသီးများကြီးထွား၍ ဝါပေါက် ချိန်တွင် ဝါပေါက်များညီညာလှပခြင်း၊ အချိန်မီရင့်မှည့်မှု ဖြစ်ပေါ် စေပြီး အရောင်တောက်ပ၍ အလေးချိန်စီးခြင်း၊ ကျယ်ဖြစ်မှု နည်းပါးသဖြင့် အထွက်နှုန်းနှင့် အရည်အသွေးကောင်းခြင်း ဈေးကောင်းရ၍ စီးပွားရေးအရ တွက်ခြေကိုက်စေပါသည်။

ရွှေမင်္ဂလာ အပင်အထူး အရွက်ဖျန်း အားဆေးအမှုန့်

အပင်တက်မြန်ပြီး အမြစ်ဆင်းအားကောင်းသည့် ဟော်မုန်းကို နည်းပညာသစ်ဖြင့် အမှုန့်ပုံစံ ထည့်သွင်းထုတ်လုပ်ထားသည် ။ အာဟာရဓါတ်များကို အပင်မှလွယ်ကူလျင်မြန်စွာ ရာခိုင်နှုန်း ပြည့် စုပ်ယူစားသုံးနိုင်သည်။ အပင်များကြီးထွားသန်မာရန် မရှိ မဖြစ်လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်နှင့် ပိုတက်စီယမ် ဓါတ်များ များပြားစွာပါဝင်သည်။ အပင်သက် (၁၅-၂၀)ရက် သားမှ ပွင့်ဖူးဝင်ချိန်အထိ (၁၀) ရက်ခြား (၁)ကြိမ် ပက်ဖျန်းပေးပါ။

ရွှေမင်္ဂလာ သီးပွင့်အထူး အရွက်ဖျန်းအားဆေးအမှုန့်

အပွင့်အားကောင်းစေသော ဖော့စ်ဖိတ်ဓါတ်နှင့် အသီးထွက် အားကောင်းစေသော ပိုတက်တို့အပြင် သီးနှံပင်အတွက် မရှိ မဖြစ်လိုအပ်သောမိုလစ်ဒီနမ်၊ ဘိုရွန်၊ ဇင့်၊ မဂ္ဂနီစီယမ် ဓါတ်များစွာပါဝင်သည် ၊ ဆာလဖာ ။ အပင်မှ ရာနှုန်းပြည့် စုပ်ယူစားသုံးနိုင် သည့် နည်းပညာသစ်ဖြင့် ဖော်စပ်ထုတ်လုပ်ထားသည် ။ အပွင့် အသီးများအညှာခိုင်ခြင်း၊ ရာသီဥတုဆိုးရွားသည့်ဒဏ်နှင့် ပိုးမွှား ရောဂါကျရောက်မှုဒဏ်ကို ကောင်းစွာခံနိုင်ရည် ရှိစေပါသည်။

ရွှေမင်္ဂလာ ကွမ်းအထူး

ကွမ်းပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ပြည့်စုံစွာ ထည့်သွင်းဖော်စပ်ထားပါသည်။

ရွှေမင်္ဂလာ ငရုတ်အထူး

ငရုတ်သီးနှံတွင်အဓိကလိုအပ်သောအာဟာရဓါတ်များ ပြည့်စုံစွာပါရှိသဖြင့် ရွှေ့ပြောင်းစိုက်ပြီးခါစအပင်ငယ်များအမြစ်ထွက်အားကောင်း၍ အပင်လှန်မြန် စေပြီး ဇင့် ၊ ကော့ပါးနှင့် သံဓါတ်များပါဝင်၍ပင်စည်များကြံခိုင်သန်မာစေပြီး ပိုးမွှား ရောဂါကျရောက်မှုဒဏ် ခံနိုင်ရည်ရှိစေသည် ။ ပွင့်ကိုင်းသီးကိုင်းများ ထွက်ရှိပြီး အသီးအပွဝင်ချိန်မှန်ကန်စေသည်။ ဘိုရွန်ဓါတ်များပါဝင်သဖြင့် ပန်းပြိုင်ပြိုင်ပွင့် စေပြီး သန္ဓေအောင်၍ အသီးဖြစ်ပေါ်မှု များပြားစေသည်။ သီးတောင့်များ ဖြောင့် ဖြူးညီညာခြင်း၊ အလေးချိန်စီးခြင်း၊ အရောင်အသွေး တောက်ပခြင်း၊ သီးဖျားပုပ်မှု ကင်းဝေးခြင်း၊ အသီးထွက်အား ကောင်းခြင်း တာရှည်ထားခံပြီး ခရီးဝေးတင် ပို့ရာတွင် ခံနိုင်ရည်ရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

ရွှေမင်္ဂလာ ခရမ်းချဉ်အထူး

ခရမ်းချဉ်တွင် လိုအပ်သော အာဟာရဓါတ်ပြည့်စုံစွာ ထည့်သွင်းထားပါသည်။

ရွှေမင်္ဂလာ ဘိုရွန် (B 150 + OM)

(အပွင့်သန္ဓေအောင် အသီးတင်ဆေး) ရေတွင်ပျော်ဝင်လွယ်ပြီး အပင်မှ လွယ်ကူလျင်မြန်စွာ စုပ်ယူစားသုံးနိုင်သည်။ ပွင့်ဖူးဆင်ချိန် စတင်ပက်ဖျန်းပေးပါကပန်းမြိုင်မြိုင်ပွင့်စေသည်။ ဝတ်မှုန်ကူးအား ကောင်းပြီး အသီးဖြစ်ပေါ်မှု မြန်ဆန်စေသည် ။ အပူချိန်အလွန်မြင့်သော ရာသီ တွင်အပွင့်များ သန္ဓေအောင်မှုကောင်း စေပါသည် ။ ဘိုရွန်ချို့တဲ့မှုကြောင့်ဖြစ်သော အသီးပုံပျက်ခြင်း၊ စောင်းခြင်း၊ ဖင်ရှုံ့ခြင်းများကာကွယ်ပေးပါသည် ။ ရွက်သားထူခြင်း၊ အရိုးကွဲခြင်း၊ အချိန်မတိုင်မီ အရွက်ကြွေခြင်း၊ အသီးအူတိုင်ပုပ်ခြင်းတို့ကို ကွယ်ပေးနိုင် ပါသည် ။ ပိုးသတ်ဆေးအများစုနှင့် ရောစပ်ပက်ဖျန်းနိုင်သည် ။ သီးနှံ ပင်၏ အမြစ်များမှလည်း ဘိုရွန်ကို စုပ်ယူစားသုံးနိုင်သဖြင့် သီးနှံအရည်အသွေးကို ကောင်းမွန်စေပါသည်။

အောလ်ဂွတ်

(သီးနှံစုံ အာဟာရဖြည့် ရွက်ဖျန်းမြေဩဇာအရည်) အမိုင်နိုအက်ဆစ်ခေါ် အပင်အတွက် သက်စောင့်ဓါတ်များစွာ ပါဝင်သည်။ သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ၊ မိုလစ်ဒီနမ်၊ ဇင့်၊ ဘိုရွန် ၊ မင်းဂနိစ်၊ ဟူးမစ်အက်ဆစ်နှင့် အနည်းလိုအာဟာရဓါတ်များ ပြည့်စုံစွာပါဝင်သည်။ မြေအမျိုးအစားမရွေးအသုံးပြုနိုင်ပြီး ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေ ။ အမြစ်သစ်အမြန်ထွက်၍ အပင်တက်မြန်စေပါသည်။ အားဆေး၊ ပိုးဆေး၊ ရောဂါသတ်ဆေးများဖြင့် တွဲစပ်ပက်ဖျန်းနိုင်သည်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများလောင်ခြင်းကိုလည်းကုသနိုင်သည်။ အပင်သက်တမ်းတစ်လျှောက် သုံးစွဲနိုင်သည်။ မျိုးစေ့ဖြင့် လူးနယ်စိုက်ပျိုးပါက အပင်ပေါက်မြန်၍ အမြစ်ထွက်အားကောင်းစေသည် ။ ခရမ်းချဉ်ကဲ့သို့သော ပျိုးပင်များ ရွှေ့ပြောင်းမစိုက်မီ (၃/၄ ) ရက်ခန့်တွင် ကြိုတင်ပက်ဖျန်းထားပါက အမြစ်များ ကြံ့ခိုင်ပြီး အပင်လှန်မြန်စေ၍ ရွှေ့ပြောင်းသည့်ဒဏ် ခံနိုင်ရည်ရှိစေသည် ။ အပင်ငယ်စဉ်မှစ၍ ပက်ဖျန်းပါက အမြစ်ထွက်အား ကောင်းပြီး ပင်စည်တုတ်ခိုင်သန်မာစေသည်။ ရောဂါဒဏ်၊ ရာသီဥတုဆိုးရွားသည့်ဒဏ်ကို ခံနိုင်ရည်ရှိစေသည်။ ပွင့်ဖူးဆင်ချိန်သုံးလျှင် ပန်းဖြိုင်ဖြိုင်ပွင့်စေသည်။ အပွင့်မှ အသီးတောင့်/ဥသို့ကူးပြောင်းမှု မြန်ဆန်စေသည်။ အသီးသီးချိန်၊ ဥဆင်းချိန်သုံးလျှင် အစေ့အဆံပြည့်ဝ၍ အလေးချိန်စီးစေသည်။ အရောင်အသွေးလှပပြီး အရည်အသွေးမြင့်မား‌စေသည်။ ပန်းမာလ်များတွင် ပက်ဖျန်းပါက အပွင့်ကြည် အရောင်လှ၍ ကြာရှည်အထားခံပြီး ခရီးဝေးတင်ပို့မှုဒဏ်ခံနိုင်ရည်ရှိစေသည်။ အစိုဓါတ်ပြေးချိန် ပက်ဖျန်းပါက အပင်သက်တမ်းစေ့ နေနိုင်၍ အထွက်နှုန်း အမြင့်ဆုံး ရရှိစေပါသည်။

About Our Company Min Galar Hinthar was established in 1st October, 2016. Min Galar Hinthar is distributing agrochemical products such as pesticides, fungicides, herbicides, plant growth regulators and foliar fertilizers in Myanmar agricultural markets. History in Words We employed 25 agronomists in 2017-2018 to serve in rural areas and provide the best solutions for crop problems.We focus on crop protection, crop nutrition and high-quality yield. Min Galar Hinthar Company is building accountability and credibility partner of farmers.

Contact Info

အမှတ်(၂၀၆) အခန်း(၂/A) ဒုတိယထပ်၊ ရွှေးဂျိုးဖြူကွန်ဒို(ဃ)ရပ်ကွက်၊ ခေမာသီရိလမ်းမ၊ မြောက်ဉက္ကလာပမြို့နယ်၊ ရန်ကုန် "09451015642"
"09420280741"
Facebook https://www.mingalarhinthar.com/