သွင်းအားစု၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အချိန်ကိုက်၊ အချိုးကျအသုံးပြုခြင်း (၁)

11/01/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သီးနှံစိုက်ပျိုးထုတ်လုပ်ရန်အတွက် မြေ၊ ရေ၊ လေ၊ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ လူအင်အား၊ စက်အင်အားနှင့် ကျွဲနွားတိရစ္ဆာန်အင်အားစသည့် သွင်းအားစုများကို အချိန်ကိုက်၊ အချိုးညီစွာ အသုံးပြုရန် လိုအပ်ပါသည်။ သွင်းအားစုများကို အသုံးပြုကြသောအခါ ယင်းတို့အတွက် ကုန်ကျစရိတ်ကို ပြန်လည်ရရှိလာမည့် အကျိုးအမြတ်နှင့် ချင့်ချိန်တွက်ချက်၍ အသုံးပြုရန်လိုအပ် သည်။ သို့မှသာ စိုက်ပျိုးထုတ်လုပ်သူများအတွက် အမြတ်အစွန်း ရရှိမည်ဖြစ်သည်။

သီးနှံပင်များတွင် ယင်းတို့၏ကြီးထွားမှုအဆင့်ကိုလိုက်၍ မြေဩဇာနှင့် ရေလိုအပ်ချက် မတူညီကြပါ။ အပင်ငယ်စဉ်ကာလတွင် ပင်ပိုင်းအင်္ဂါအစိတ်အပိုင်းများ ကြီးထွားဖွံ့ဖြိုးစေရန်၊ သီးပွင့်မှုအဆင့်တွင် အသီးအပွင့်များနှင့်အစေ့အဆန်များ အောင်မြင်ဖြစ်ထွန်းစေရန် အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ ပင်ပွားထွက်ကောင်းသော မျိုးများ အပင်အရပ်ညီညာသောစိုက်ခင်း အရည်အသွေးကောင်းဆန်များ၊ မျိုးကောင်းမျိုးသန့်များ၊ ဓာတ်မြေဩဇာနှင့် သွင်းရေများကို သီးနှံပင်လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏကို ထောက်ပံ့ပေးရန် လိုအပ်သည်။

သာဓကအနေဖြင့် စပါးပျိုးပင်အဆင့်တွင် ရေခပ်ပါးပါးသွင်းပေးရပါမည်။ သို့မှသာ ပင်ပွားထွက်မှု ကောင်းပြီး ထွက်ရှိလာသည့် ပင်ပွားများမှာ ရေထဲတွင်ပျော်ဝင်နေသော အပင်အတွက်လိုအပ်သည့် အာဟာရဓာတ်များကို လွယ်ကူစွာစုပ်ယူပြီး ရှင်သန်ကြီးထွားနိုင်မည်ဖြစ်သည်။ ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးပြီးနောက် (၃)ရက်လျှင် တစ် ကြိမ် ထွက်ရှိမည့်ပင်ပွားများ ရှင်သန်အောင်မြင်စေရန် ရေသွင်းရေခန်းစနစ်အား လုပ်ဆောင်ပေးရမည်။ ထိုစနစ် မလုပ်ဆောင်ဘဲ စိုက်ခင်းအား ရေအမြဲတမ်းလွှမ်းထားပါက အပင်အမြစ်များသည်က အာက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်ပါ။ ထို့ကြောင့် စပါးပင်ပွားများရှင်သန်ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။

စပါးစိုက်ပျိုးရာတွင် ပေါင်းမြက်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပင်ပွား (၁၀) ပင်မှ (၁၂) ပင်အထိရရှိပြီးချိန်တွင် ပေါင်းမြက်များ လုံးဝမထွက်နိုင်အောင်နှင့် အပိုပင်ပွား ထပ်မံမထွက်နိုင်စေရန် ရေလွှမ်းသော နည်းစနစ်ဖြင့်သာဆာင်ရွက်ရမည်။ အပိုပင်ပွားများထွက်လာပါက အပင်စုပ်ယူလိုက်သော အာဟာရဓာတ်များသည် ယင်းအပိုပင်ပွားများအတွင်းသို့ရောက်ရှိပြီး အမှန်တကယ်လိုအပ်သည့် ပင်ပွားများရှိ စပါးနှံများသို့ မရောက်ရှိဘဲ အထွက်နှုန်းအား ထိခိုက်သည်။

ထိုအချိန်တွင် ရေမလွှမ်းထားပါက ပေါင်းမြက်များ ရှင်သန်ကြီးထွားပြီး နေရောင်ခြည်၊ ရေနှင့် အာဟာရဓာတ်များကိုအပင်နှင့် ယှဉ်ပြိုင်ရယူပြီး သီးနှံအထွက်နှုန်းကို ထိခိုက်မည်ဖြစ်သည်။ စပါးနှံများ ရင့်မှည့်မှုညီညာစေရန် စပါးနှံများရင်မှည့်စပြုချိန် ရေထုတ်ပစ်ရမည်။ ထိုအချိန်တွင် ရေမထုတ်ဘဲ ထားပါက အပင်ပိုင်းအင်္ဂါအစိတ်အပိုင်းများ ဆက်လက်ကြီးထွားပြီး ရင့်မှည့်ချိန်အား  နှောင့်နှေး စေသည်။

အက်(စ်)ပီအေဒီမီတာ (SPAD meter) နှင့် အရွက်အရောင် တိုင်းကဒ်(Leaf colour chart) တို့ကို အသုံးပြုခြ င်းအားဖြင့် အပင်၏ နိုက်ထရိုဂျင်လိုအပ်နေမှုကို တိကျမှန်ကန်စွာ သိရှိနိုင်ပြီး မြေဩဇာကို အချိန်ကိုက် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

အပိုင်း (၂) တွင်ဆက်လက်ဖော်ပြပါဦးမည်။ 

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်