ဗန်ဒါစေ့နဲ့ ကျန်းမာရေး

10/06/2020 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်္ဂလိပ် အမည် - Almond

သိပ္ပံ အမည် - Prunus dulcis

ဗန်ဒါစေ့ ကြိုက်ကြပါသလား ခင်ဗျ။ စာရေးသူတို့ ငယ်ငယ်ကဆိုရင် ဗန်ဒါပင်က ကြွေကျတဲ့ အသီးကိုကောက် ခဲလုံးနဲ့ထုခွဲပြီး အထဲကအစေ့ကို စားခဲ့ဖူးပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ မသိပေမယ့် တော်တော်လေး စားလို့ကောင်းခဲ့ပါတယ်။ စာဖတ်သူ တော်တော်များများလည်း စားဖူးကြမယ်ထင်ပါတယ် ခင်ဗျာ။ ဗန်ဒါပင်ရဲ့ မူရင်း ဒေသကတော့ အရှေ့အလယ်ပိုင်း ဒေသဖြစ်တဲ့ အီရန်နိုင်ငံနဲ့ ၎င်းရဲ့ အိမ်နီးချင်းနိုင်ငံ တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နေရာဒေသအနှံ့ ပေါက်ရောက်တာ တွေ့ရမှာပါ။ ဗန်ဒါပင်ဟာ အကြီးမြန်ပြီး အရွက်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗန်ဒါပင် (ဗန်ဒါသီး) လို့ အလွယ်ခေါ်လေ့ရှိတာကြောင့် သူရဲ့မူရင်း နာမည်ဖြစ်တဲ့ "ဗာဒံပင်" ဆိုတာ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။

ယခု ဆောင်းပါးမှာ ဆိုရင် ဗာဒံစေ့ (ဗန်ဒါသီး) ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိနိုင်စေဖို့အတွက် မျှဝေပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗာဒံစေ့ ၁ အောင်စ (၂၈ ဂရမ်) မှာ အမျှင်ဓာတ် ၃.၅ ဂရမ်၊ အသားဓာတ် ၆ ဂရမ်၊ အဆီ ၁၄ ဂရမ်၊ ဗီတာမင် အီး ၃၇ ရာခိုင်နှုန်း၊ မဂ္ဂနီးစ် ၃၂ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ ()၊ ကော့ပါးနဲ့ ဖော့စ်စဖောရပ် ဓာတ်များလည်း အနည်းငယ်စီ ပါဝင်ပါတယ်။

ဗာဒံစေ့ဟာ ဗီတာမင် အီး ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ ဗီတာမင် အီး ဟာ အသားအရေတစ်ခုတည်းအတွက် ကောင်းစေတာတော့ မဟုတ်ပါဘူး။ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အယ်လ်ဇိုင်းမား (အသိစိတ်ချို့ယွင်းခြင်း) တို့လို ရောဂါတွေ ဖြစ်ပွားနိုင်ချေကိုပါ လျော့နည်းစေတာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်နေခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့ သွေးဖိအား ကျဆင်းဖို့အတွက် အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်မှာ သွေးဖိအားတက်နေမယ်ဆိုရင် နှလုံး၊ လေဖြတ်ခြင်း နဲ့ ကျောက်ကပ်တို့ကို ထိခိုက်နိုင်တာကြောင့် မဂ္ဂနီစီယမ်ဓာတ် ရရှိမယ်ဆိုရင် သွေးဖိအား ကျဆင်းဖို့အတွက် များစွာကူညီနိုင်မှာ ဖြစ်ပါတယ်။

ဗာဒံစေ့ဟာ အသားအရေကို ပြန်လည်နုပျိုစေပြီး မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေတာကြောင့် အမျိုးသား အမျိုးသမီး အရွယ် () ပါး မရွေး စားသုံးသင့်ကြောင်းကိုလည်း အမေရိကန် စိုက်ပျိုးရေးဌာနက က အကြံပြုထားကြောင်း သိရှိရပါတယ်။ ဗာဒံစေ့ စားခြင်းအားဖြင့် အူသိမ် အူမများနဲ့ အတွင်းပိုင်းအကျဆုံး အူများအားလုံးကိုသန့်စင် စေပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြု ဘက်တီးရီးယားများကို လှုံ့ဆော်ပေးတာကြောင့် အစာချေဖျက်မှုကို အားပေးကာ ဝမ်းပုပ်များသက်စေပြီး အစာချေအင်္ဂါ အဖွဲ့အစည်းလည်း သန့်စင်သွားတာကြောင့် အသားအရေကို ကောင်းစေတာ ဖြစ်ပါတယ်။

အခုလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာရှိနေတဲ့ ဗာဒံစေ့ကို အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံ တစ်ချို့မှ မင်္ဂလာပွဲနဲ့ အခမ်းအနားတွေမှာ ဗာဒံစေ့ကို ဆားနဲ့လှော်ပြီး ဧည့်ခံတာမျိုး၊ ဗာဒံစေ့အမှုန့်ကို နွားနို့နဲ့ ရောသောက်တာမျိုး အပြင် ရိုးရာဟင်းလျာများထဲမှာပါ ချက်ပြုတ်စားသောက်ကြတယ်ဆိုတာလည်း သိရှိရပါတယ်။

ဇင်ထူးနိုင်

ကိုးကားချက်

- https://en.wikipedia.org/wiki/Almond

- https://www.healthcare.com.mm

- https://www.healthline.com/nutrition/9-proven-benefits-of-almonds#section2


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်