ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း

01/10/2020 11:45 AM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား

     အလှကြိုက် ပျိုမဒီလေးတို့ရဲ့အသဲစွဲ ရှားစောင်းလက်ပတ်ပင်ဟာ အလှအပအတွက် ခေါင်းအစ ခြေအဆုံး အသုံးပြုနိုင်သလို ဆေးဝါးအဖြစ်လဲ မှီဝဲနိုင်တဲ့အတွက် အိမ်တိုင်းလိုလိုမှာ စိုက်ထားတတ်ကြ ပါတယ်။ စိုက်ထားရုံနဲ့မပြီးသေးဘူး။ ပြုစုဖို့လည်းလိုသေးတာပေါ့။ အပင်ပြုစုဖို့က မခက်ခဲပါဘူး။ ၎င်းလိုအပ်ချက်အတိုင်း ရေကိုမှန်ကန်စွာလောင်းပေးဖို့ပါပဲ။ 

     ရှားစောင်းလက်ပတ်ပင်ဟာ အရည်ရွှမ်းအသားထူတဲ့ အပင်ဖြစ်ပြီး ရေငတ်ဒဏ်ကို အတော်အတန် ခံနိုင်ပါတယ်။ အနည်းငယ်စိုစွတ်မှုရှိရုံနဲ့ တောင့်တောင့်တင်းတင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ရှားစောင်း လက်ပတ်ပင်ကို ရနိုင်ပါတယ်။ ဒါပေမဲ့လည်းသူတို့ဟာ အခြားအပင်တွေလို ရေလိုအပ်တာပါပဲ။ ရေလိုအပ်သည်ထက်ပေးလျှင် သို့မဟုတ် ရေကို လိုအပ်သလောက်မပေးနိုင်လျှင် သတိပေးတဲ့ လက္ခဏာ ပြတတ်ပါတယ်။ ရေကိုလိုအပ်သည်ထက်ပေးမိပါက ညှိုးခြောက်သွားပြီး အမဲရောင်ပြောင်းသွား တတ်ပါတယ်။ ဆဲလ်များက ရေအမြောက်အမြားစုပ်ယူထားတဲ့အတွက်ကြောင့် ဖောင်းကားလာပြီး မကြာခင်မှာပျော့ဖတ်ဖတ်ဖြစ်သွားကာ ညှိုးခြောက်သွားတတ်ပါတယ်။ ရေကို လိုအပ်သလောက် မပေးနိုင်ပါက တဖြည်းဖြည်းအရွက်များဝါလာပြီး  အပင်တစ်ပင်လုံးညှိုးခြောက်သွားတတ်ပါတယ်။  

     အဲ့ဒီတော့ သတိပြုရမှာက စစိုက်ကတည်းက အိုးနဲ့ဖြစ်စေ မြေပေါ်ချစိုက်သည်ဖြစ်စေ ရေဆင်းအား ကောင်းအောင်ပြုလုပ်ထားပေးရပါမယ်။ အိုးနဲ့စိုက်ပါက ရေဆင်းပေါက်များကောင်းကောင်းပွင့်နေပြီး အပေါက်များများပါလျှင်ပိုကောင်းပါတယ်။ အိုးရှည်ပါက အောက်ခြေ ၂လက်မလောက်ကို ကျောက်ခဲများ ခံထားပေးခြင်းဖြင့် ရေဆင်းအားပိုကောင်းစေပါတယ်။

     -ရှားစောင်းလက်ပတ်ပင်ရဲ့ရေလိုအပ်မှု

      ရှားစောင်းလက်ပတ်ပင်ဟာ နွေရာသီနဲ့ မိုးဦးပိုင်းမှာ မြေကိုအတော်အတန် စိုစွတ်နေစေဖို့ိလိုပေမဲ့ ဆောင်းတွင်းမှာတော့ ရေကိုပုံမှန်ပေးသည်ထက် ထက်ဝက်လျှော့ချပြီး ပေးနိုင်ပါတယ်။ ရှားစောင်း လက်ပတ်ပင်တွေဟာ ရေငတ်ဒဏ်ခံနိုင်ပေမဲ့ အပင်လေးတွေမှာတော့ အမြစ်စဉ်အားသိပ်မကောင်းသေး တဲ့အတွက် ရေကိုမကြာခဏပေးသင့်ပြီး မြေအလွန်ခြောက်သွေ့နေပါက ဆိုးဆိုးဝါးဝါးထိခိုက် ပျက်စီးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပတ်ပင်ဟာ တစ်ပတ်လျှင်တစ်ကြိမ် ရေလောင်းပေး ရုံနဲ့လုံလောက်ပါတယ်။ ရေလိုအပ်မှုရှိမရှိ တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့တာကတော့ အိုးထဲကို လက်ညိုး ၂ဆစ်စာ ထိုးကြည့်လိုက်ပါ။ မြေခြောက်နေပါက ရေပေးဖို့လိုပြီး လက်ညိုး၂ဆစ်စာထိ မြေစိုထိုင်းဆရှိနေသေးတယ်ဆိုရင် ရက်အနည်းငယ်ကြာထိ ရေပေးဖို့မလိုသေးပါဘူး။ အိုးရဲ့ရေဆင်းပေါက် ကမြေရဲ့အခြေအနေကို ကြည့်ပြီးတော့လည်း ရေလိုမလို ဆုံးဖြတ်နိုင်ပါတယ်။ 

-ရှားစောင်းလက်ပတ်ကို ရေမှန်ကန်စွာ ဘယ်လိုပေးမလဲ?

      ရှားစောင်းလက်ပတ်ကိုရေပေးရင်  ဝေးဝေးတစ်ခါပေးရင်ရပါတယ်။ ဒါပေမဲ့ တစ်ခါပေးရင်စိုစွတ် နေအောင်ပေးဖို့လိုပါတယ်။ ဒါမှသာ မြေကြီးထဲမှာရှိနေတဲ့ ဆားတွေ နဲ့သတ္တုဓာတ်တွေ ရေနဲ့အတူ ပါသွားမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အပါအဝင် အရည်ရွှမ်းတဲ့ အပင်တွေဟာ ဆား၊ဓာတုပစ္စည်းနဲ့ အခြားဓာတ်ပေါင်းတွေကို ကြိုက်နှစ်သက်လေ့မရှိပါဘူး။ ရေကို အလွန်အကျွံလောင်းလိုက်မိပြီဆိုရင် အပင်ကိုဆွဲနှုတ်လိုက်ပြီး အပြင်မှာအခြောက်ခံထားပါ။ အမြစ်မှာ ဘာရောဂါလက္ခဏာမှ မတွေ့ရင် အပင်ကို သေချာပြင်ပြီး ပြန်စိုက်ထားလို့ရပါတယ်။  အားပျော့တဲ့အပင်အာဟာရရည်ကို တစ်လတစ်ကြိမ်ပဲဖြစ်ဖြစ် ရေလောင်းတဲ့အခါမှာထည့်လောင်းပေးနိုင်ပါတယ်။

     ကဲ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ရှားစောင်းလက်ပတ်ပင်ရဲ့ ရေလိုအပ်ပုံ နဲ့ ရေကိုဘယ်လိုမှန်ကန် အောင်ပေးရမလဲဆိုတာကို သိရှိသွားကြပြီလို့ထင်ပါတယ်။ ကျန်းမာညီညွှတ်တဲ့ ခန္ဓာတဲ့ သဘာဝအတိုင်း လှပတဲ့ အသားအရေလေးတွေပိုင်ဆိုင်နိုင်အောင် အခုကစပြီး အိမ်မှာရှားစောင်းလက်ပတ်ကို များများ စိုက်ပြီး များများသုံးလိုက်ကြရအောင်။။။။။။။။။

နန္ဒာအိလှိုင်

https://www.gardeningknowhow.com/houseplants/aloe-vera/watering-an-aloe-vera-plant.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်