နိုင်ငံခြားဈေးကွက်ဝင် ချဉ်ပေါင်ဖာလာ

03/07/2018 10:38 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပါသည်။ ထိုသို့ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံများမှာလည်း စုံလင်လှပါသည်။ စိုက်ပျိုးရေး ကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့ရောင်းချမှု ပိုမိုတိုးတတ်လာစေရန် အရေးကြီးလှပေသည်။

ယခုအခါ စိုက်ပျိုးသီးနှံအမယ်သစ်များအား တိုးတက်စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ ပိုမိုတင်ပို့ ရောင်း ချနိုင်ရေးကိုလည်း နိုင်ငံတော်အပိုင်းမှ လိုအပ်သည်များကို ပံပိုး၍ အားပေးဆောင်ရွက်လျှက်ရှိပါသည်။ 

ပြည်ပပို့ကုန်သီးနှံတစ်ခုအနေဖြင့် ပို့ကုန်ပမာဏ မများလှသော်လည်း နိုင်ငံတော်အတွက် ဝင်ငွေတ ဖက်တလမ်းမှ ရှာဖွေပေးလျှက်ရှိသော သီးနှံတစ်ခုမှာ ချဉ်ပေါင်ဖာလာဖြစ်ပါသည်။

ချဉ်ပေါင်ဖာလာနှင့် သက်ဆိုင်သော အကြောင်းအရာများအား သီးခြားဖော်ပြသော စားစောင်များ အများအပြား မရှိခြင်းကြောင့်လည်းကောင်း၊ ရေမြေရာသီဥတုရွေးသော သီးနှံဖြစ်ခြင်းကြောင့်လည်း ကောင်း၊ ချဉ်ပေါင်ဖာလာသီးနှံအား ကျယ်ပြန့်စွာသိရှိမှု အားနည်းလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ ချဉ်ပေါင်ဖာလာအကြောင်းအား လက်လှမ်းမှီသေရွေ့ တင်ပြထားပါသည်။ စိုက်ပျိုးရေး ပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များအနေဖြင့် ပိုမိုပြည့်စုံသော စာတမ်းတစ်ခု ထွက်ပေါ်လာစေရန် သုတေသနပြုသင့်သော သီးနှံတစ်ခုဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာအမည်    - ချဉ်ပေါင်ဖာလာ

အင်္ဂလိပ်အမည် - Amomum

ရုက္ခဗေဒအမည် - Amomum xanthioides

မျိုးရင်း          - Zingiberaceae

၁။ မူရင်းဒေသ

ဖာလာမျိုးကွဲများ အများဆုံးပေါက်ရောက်သော အိန္ဒိယနိုင်ငံဟု ယူဆသည်။ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေအချို့ရှိ တောင်ကုန်းတောင်တန်းများတွင် အရိုင်းပင်များအဖြစ် အလေ့ကျ ပေါက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် ရောင်းချမှု အနေဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် သံတောင်မြို့ နယ်ခွဲ တို့တွင် အများဆုံးဖြစ်သည်။ 

၂။ မျိုးကွဲများ

ဒေသအတွင်းတွေ့ရှိရသော မျိုးကွဲများကို အသီး၊ အခွံအရောင်ဖြင့် နှစ်မျိုးခွဲခြားထားပါသည်။ သီးခွံအနီ ရောင်မျိုးနှင့် အစိမ်းရောင်မျိုး တို့ဖြစ်ပါသည်။ အနီရောင်မျိုးသည် အစိမ်းရောင်မျိုးထက် ရွက်ပြား အနည်းငယ် ကျဉ်းမြောင်းပါသည်။ ပွင့်ဖတ်နှင့် ပင်စည်ရိုးတံမှာ အနီရောင်သန်းပြီး အထွက်နှုန်း ပိုကောင်းသည်။ ယခုအခါ အနီရောင်မျိုးအား တို့ချဲ့စိုက်ပျိုးနေသည်ကို တွေ့ရသည်။။

၃။ အပင်ပုံသဏ္ဍန်

အပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး အမြင့် (၃-၇)ပေ ခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ထုလုံးချွန်ပုံ သဏ္ဍာန်ရှိသည်။ ပင်စည်မှ လှံစွပ်ပုံသဏ္ဍာန်အရွက်များသည် ရွက်လွှဲပုံစံ ထွက်ပေါ်သည်။ အရွက် မျက်နှာပြင် နှစ်ဖတ်စလုံးသည် အများအားဖြင့် ပြောင်ချောလျက်ရှိသည်။ ဂျင်းမျိုးရင်းဝင်ဖြစ်၍ မြေ အောက်အမြစ်အဆစ်များမှ အပင်စို့နှင့် အပွင့်ခိုင်အစို့ ထွက်သည်။ အမြစ်များသည် မြေအမျိုးအစား ပေါ် မူတည်၍ မြေအနက်(၆-၁၂) လက်မထိ စူးဝင်ပျံနှံလေ့ရှိသည်။

ပန်းပွင့်များမှာ မျိုးကိုလိုက်၍ အနီရောင်ပွင့်ဖက်နှင့် အဖြူရောင်ပွင့်ဖတ်များ ရှိကြသည်။ အပွင့်များမှာ စုပေါင်းပန်းခိုင်ကဲ့သို့ ရိုးတံတစ်ခုတည်းတွင် ပွင့်ညှာများနှင့် ဆက်စပ်တည်ရှိသည်။ အများအားဖြင့် ပန်းခိုင်၏ထိပ်ပိုင်းရှိ အပွင့်များသာ အသီးတင်လေ့ရှိသည်။ ပန်းခိုင်တစ်ခုတွင် ပန်းပွင့်ပေါင်း (၄-၁၅) ပွင့်ထိ ပါရှိတတ်သည်။ ပန်းခိုင်တစ်ခုသည် ထွက်ပေါ်သည့် အမြစ်အဆစ်မှ ထိပ်ဖျားအထိ ပန်းခိုင် တစ်ခုတွင် ပန်းပွင့်ပေါင်း (၈-၁၃) စင်တီမီတာ ထိရှည်လျားသည်။ ပန်းပွင့်သည် လိင်စုံပွင့်ဖြစ်သည်။ အပွင့်ပုံသဏ္ဍာန်မှာ ဂုံမင်းပွင့်နှင့် ခပ်ဆင်ဆင်တူသည်။  

အသီးခွံမှာ မျိုးကိုလိုက်၍ အနီရောင်နှင့် အစိမ်းရောင်ရှိသည်။ ကြာဆူးကဲ့သို့သော အနည်းငယ်မာသော ဆူးများဖြင့် ဖုံးလွှမ်းထားသည်။ အသီးကို ကန့်လန့်ဖြတ် ပိုင်းကြည့်လျှင် အစေ့အိမ်(၃)ခန်းကို တွေ့ရ မည်။ အစေ့အိမ် တစ်ခုနှင့် တစ်ခုကြား ပါးလွှာသော အမြှေးပါးတစ်ခုဖြင့် ပိုင်းခြားထားသည်။ 

အစေ့အိမ်တစ်ခုတွင် အစေ့(၁၀-၁၈)စေ့ထိ ပါရှိသည်။ အသီးတစ်ခုလုံးတွင် အစေ့(၃၅-၅၄) ထိ ပါရှိ သည်။ အနက်ရောင်ရှိ၍ အများအားဖြင့် ချဉ်ပေါင်စေ့ကဲ့သို့ သုံးမြှောင့်ပုံစံရှိသည်။ အစေ့မှထွက်သော အဆီသည် စူးရှသောမွှေးရနံ့ ရှိပါသည်။ 

Source - စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်