ငါးပုစွန်မွေးမြူရေးကန်များအတွက် အရေးကြီးသည့် ဇီဝလုံခြုံမှု

26/09/2024 17:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ဇီဝလုံခြုံမှုဆိုတာဘာလဲ?

ဇီဝလုံခြုံမှု (Biosecurity) ဆိုသည်မှာ မွေးမြူထားသည့် ငါးပုစွန်များ၏ မူလနေရင်းဒေသ ပြင်ပနှင့် သို့မဟုတ် ပတ်ဝန်းကျင်သစ်များသို့ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ အန္တရာယ်ရှိသော သက်ရှိများ (ဥပမာ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ၊ အပင်များ၊ တိရိစ္ဆာန်များ စသည်ဖြင့်) ဝင်ရောက်လာမှုနှင့် (သို့မဟုတ်) ပြန့်ပွားမှုကို မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ် တားဆီးမှုကို ဆောင်ရွက်ရန် ရည်ရွယ်ရင်းဖြစ်ပါသည်။

ရေသတ္တဝါမွေးမြူရေးတွင် Biosecurity ရှိစေရန်အတွက် မျိုးငါးပုစွန်များ ထိန်းသိမ်းရေးလုပ်ငန်း၊ သားဖောက်လုပ်ငန်းနှင့် အသားတိုးမွေးမြူရေးလုပ်ငန်းများတွင် ဘက်တီးရီးယား၊ ဗိုင်းရပ် ရောဂါပိုးကျရောက်ဖြစ်ပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်မှုလုပ်ငန်းတို့ ဆောင်ရွက်ရန် လိုအပ်သည်။ ဤစနစ်ကို ကမ္ဘာအနှံ့ မွေးမြူရေးဖွံ့ဖြိုးသည့် နိုင်ငံများသာမက အာရှဒေသတွင်း နိုင်ငံများ၌ ယခုအခါ တိကျစွာ လိုက်နာကျင့်သုံးလျက်ရှိပါသည်။

ဇီဝလုံခြုံမှုဘာကြောင့်အရေးကြီးသလဲ?

ဇီဝလုံခြုံရေးသည် ရေရှည်တည်တံ့သော မွေးမြူရေးလုပ်ငန်း အားလုံးတွင် အရေးကြီးသော အခန်းကဏ္ဌမှ ပါဝင်ပါသည်။ ဇီဝလုံခြုံရေးမူများသည် အစားအသောက်ဘေးကင်းရေး၊ ရောင်းဝယ် ဖောက်ကားမှုနှင့် Zoonotic ရောဂါများကို ထိန်းချုပ်ခြင်း ပတ်သက်ဆက်နွယ်နေသည့် တိရစ္ဆာန် ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်လာသည်။

ရေသတ္တဝါမွေးမြူရေးနှင့် ဇီဝလုံခြုံရေးစနစ်

ရေသတ္တဝါမွေးမြူရေးတွင် ဇီဝလုံခြုံရေးသည် ကူးစက်နိုင်သော ပိုးမွှားများ (ဗိုင်းရပ်များ၊ ဘက်တီးရီးယားများ၊ မှို (သို့မဟုတ်) ကပ်ပါးပိုးများ) အန္တရာယ်မှ အထူးသဖြင့် ထိခိုက်လွယ်သည့် ရေချို/ရေငန်ပုစွန်ကို ကာကွယ်ပေးသည်။ အဆိုပါစနစ်သည် ရောဂါပိုးဝင်ရောက်ခြင်းနှင့် ယင်း၏ နောက်ဆက်တွဲတစ်နေရာမှ တစ်နေရာသို့ ပျံနှံ့မှုဖြစ်နိုင်ခြေကို လျော့ချပေးမည့် အလေ့အကျင့်တစ်ခု ဖြစ်သည်။

လက်ရှိရေချို/ရေငန်ပုစွန်မွေးမြူရေးအခြေအနေ

မြန်မာနိုင်ငံတွင် လက်ရှိစီးပွားဖြစ် မွေးမြူနေသည့် အဓိက ပုစွန်မျိုးမှာ ရေငန်ပုစွန်ကျား (Tiger) နှင့် ပုစွန်ဖြူ (Vannamei) တို့ဖြစ်သည်။ ရေချိုပုစွန်တုပ်ကြီး (Freshwater Giant Prawn) မှာ မျိုးပုစွန်မကြီး အခက်အခဲကြောင့် သားပေါက်ထုတ်လုပ်မှု ကန့်သတ်ချက် ဖြစ်နေသဖြင့် အသားတိုး မွေးမြူရေးမှာ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခြင်း မရှိပေ။

ယခုအခါ စီးပွားဖြစ် ရေငန်ပုစွန်မွေးမြူရာတွင် ပုစွန်ဖြူ (Vannamei) ကို အကြီးအကျယ် မွေးမြူလာကြသည်။ မျိုးပုစွန်မကြီးများကို ထိုင်းနိုင်ငံမှ တင်သွင်း၍ သားဖောက်ရုံ (Hatchery) များတွင် သားဖောက်၍လည်းကောင်း၊ သားပေါက်အဆင့် (Post Larvae) များကို ထိုင်းနိုင်ငံမှပင် တင်သွင်း၍ ၎င်း အသားတိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီ ကြီး သုံး/လေးခုလောက်သာ ပုစွန်ဖြူသားဖောက်/အသားတိုး မွေးမြူခြင်းလုပ်ငန်းကို Super Intensive System ဖြင့် မွေးမြူ၍ အမြောက်အများ ထုတ်လုပ်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တို့တွင် မွေးမြူလုပ်ကိုင်နေကြသည်။

ရေချိုပုစွန်တုပ်ကြီးမျိုးအနေဖြင့် ဒေသမျိုးရင်းများမှာ သဘာဝတွင် ရှာဖွေဖမ်းဆီးရမိမှု နည်းပါးလာခြင်း၊ ဖမ်းဆီးရမိလာသည့် မျိုးရေချိုပုစွန်မများမှာလည်း ကျန်းမာဖွံ့ဖြိုးမှုအားနည်းသဖြင့် သားဖောက်ရာတွင် သားလောင်းများအဖက်တင်ရှင်သန်မှုနှုန်း နည်းလာခြင်းတို့ကြောင့် အသားတိုး မွေးမြူရေးအတွက် လိုသလောက် သားပေါက်ထုတ်မပေးနိုင်ခြင်း အခတ်အခဲများနှင့် ရင်ဆိုင်နေရ သည်။ အချို့ သား‌ဖောက်လုပ်ငန်းရှင်များသည် ရေချိုပုစွန်တုပ်ကြီး (မျိုးအောင်ပြီး) အမများကို ထိုင်း နိုင်ငံမှ တင်သွင်း၍ ပြည်တွင်း၌သာ ဖောက်ပြီး အသားတိုးမွေးမြူလျက်ရှိကြသည်။ ရေချိုပုစွန်တုပ် ကြီး အသားတိုးမွေးမြူရေးလုပ်ငန်းကို အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး၊ ထန်းတပင် မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်၊ မအူပင်၊ ပုသိမ်မြို့နယ်များတွင် မွေးမြူလျက် ရှိကြသည်။

ရေချို/ရေငန်ပုစွန်မွေးမြူရေးတွင် အထူးသဖြင့် ရေငန်ပုစွန်မွေးမြူရေး၌ ဗိုင်းရမ်စ် (Virus) ရောဂါပိုးဝင်ရောက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့် မွေးမြူထားသည့် ပုစွန်များ တစ်ကန်လုံးမှတဆင့် Farm တစ်ခုလုံးအထိ ကူးစက်ပျံ့နှံ့ကာ ဆုံးရှုံးမှု အလွန်ကြီးမားနိုင်စေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်