ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်း BUALOI အကြွင်းအကျန်များကြောင့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်

30/09/2025 16:05 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီ မှ အောက်တိုဘာ ၂ ရက် နေ့လည် ၁၂ နာရီအထိ ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်း BUALOI အကြွင်းအကျန်များကြောင့် မိုးရွာနိုင်/မိုးများနိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်

=====

🔸စက်တင်ဘာ ၃၀ ရက်နေ့တွင် တိုင်ဖွန်းမုန်တိုင်း BUALOI ၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်သို့ဝင်ရောက်လာပြီး ရှမ်းပြည်နယ်ကိုဖြတ်သန်း၍ အနောက်-အနောက်မြောက်ဘက် - မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါတယ်။

🔸ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ လေပွေလှိုင်း(INVEST-91B)စတင်ဖြစ်ပေါ်လျှက်ရှိပြီး နောက်၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များနှင့် လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုများကြောင့် စက်တင်ဘာ ၃၀ ရက် နေ့လည် မှ အောက်တိုဘာ ၂ ရက်နေ့လည်(၄၈ နာရီအတွင်း) –

🔸ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ ၄၈ နာရီအတွင်း မိုးရေချိန် ၄ လက်မခန့်မှ ၆ လက်မခန့် ရွာသွန်းနိုင်/မိုးများနိုင်/မိုးအလွန်များနိုင်ပါတယ်။

🔸ကျန်ပြည်နယ်တိုင်းဒေသသအားလုံးမှာ မိုးအသင့်အတင့်/မိုးများနိုင်ပါမယ်။ (၄၈ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ အထက်)မှ (၄၈ နာရီအတွင်း မိုးရေချိန် ၄ လက်မ ခန့်အထိရွာသွန်းရရှိနိုင်)

၄ ရက်စာ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းကြည့်ရန် - 

https://disasterinfo.mmweather.org/divisionTownPage

https://www.mmweather.org/divisional-cities-weather 

🔸ကရင်ပြည်နယ်အတွက် သီးခြားကြိုတင်ခန့်မှန်းချက်ကို ထပ်ဖြည့်ပေးထားပါတယ် -

စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၂ ရက်အထိ ၄၈ နာရီအတွင်း ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်၊ ဖါပွန်မြို့နယ်နှင့် ဒေါနတောင်ကြောတလျှောက်၊ သောင်ရင်းမြစ်နှင့်သံလွင်မြစ်ဝှမ်းတလျှောက်တွင် မိုးသည်းထန်ပြီးရုတ်ချည်းရေကြီးခြင်း/မြစ်ရေကြီးခြင်းတို့ ဖြစ်နိုင်ပါတယ်။

(၄၈ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက်အထိ ရွာသွန်းနိုင် မိုးများနိုင်ပါမယ်)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်