စပါးစိုက်ပျိုးရာတွင် ရေသွင်းခြင်းကြောင့် မြေချဥ်ငန်ဓာတ် (pH) ပြောင်းလဲမှု

18/08/2020 12:30 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဦးကြီးတို့ မင်္ဂလာပါဗျ။ 

     စိုက်ပျိုးရေးသမားတိုင်းအတွက် မြေကြီး၏ ချဥ်ငန်ဓာတ် (pH)သည် အလွန်အရေး ကြီးကြောင်း ဦးကြီးတို့ သိပြီးသားဖြစ်မှာပါ။ သီးနှံအများစုအတွက် စိုက်ပျိုးရန် အသင့်တော် ဆုံး မြေချဥ်ငန်ဓာတ်မှာ pH- ၇ နီးပါးရှိရပါမည်။ မြေကြီး၏ ချဥ်ငန်ဓာတ် (pH) ၇ အောက်သို့ ရောက်သွားပါက မြေကြီးမှာ အက်ဆစ်ဆန်သွားကာ ချဥ်သွားပြီး (pH)၇ အထက်သို့ကျော်သွား ပါက မြေကြီးမှာ ငန်သွားပါသည်။ အချို့သော သီးနှံများသည် ချဥ်သောမြေကို ကြိုက်နှစ်သက် သော သီးနှံများရှိသကဲ့သို့ ငန်သောမြေကို ကြိုက်နှစ်သက်သော သီးနှံများလည်းရှိပါသည်။ 

     မြေကြီး၏ ချဥ်ငန်ဓာတ်အကြောင်းကို သိသင့်သလောက် သိသွားပြီဆိုတော့ စပါး ခင်းကို ရေသွင်းလိုက်သောအခါ မြေချဥ်ငန်ဓာတ်ပြောင်းလဲသွားမှုကို ဆက်လက်လေ့လာကြရအောင်။ ရေမရှိသော စပါးခင်းကို ရေသွင်းလိုက်သောအခါ ရေသွင်းပြီးပြီးချင်း ရက်အနည်း ငယ်ကြာလျှင် မြေချဥ်ငန်ဓာတ်မှာ အောက်ဆုံးသို့ ရောက်သွားပါသည်။ ထို့သို့ စပါးခင်းကို ရေသွင်းပြီးပြီးချင်း မြေကြီး၏ ချဥ်ငန်ဓာတ်(pH) ကျသွားခြင်းသည် မြေကြီးထဲရှိ လေမှ အသက်ရှင်နိုင်သော ဘက်တီးရီးယားများ အသက်ရှုသောအခါ ထုတ်လွှတ်သော ကာဗွန် ဒိုင်အောက်ဆိုဒ်(CO2)များ စုပြုံနေခြင်းကြောင့်ဖြစ်ပါသည်။ ထို့နောက် ရက်သတ်တစ်ပတ် အနည်းငယ်ကြာသောအခါ မြေကြီး၏ ချဥ်ငန်ဓာတ်မှာ pH - ၆.၇ - ၇.၂ သို့ပြောင်းသွားပြီး မူလအတိုင်း ပြန်ဖြစ်သွားပါသည်။ ထို့ကြောင့် ချဥ်နေသော မြေကြီးကို ရေသွင်းလျှင်လည်း မြေချဥ်ငန်ဓာတ် တက်လာပြီး pH- ၇ နီးပါးသို့ ရောက်ရှိလာပါသည်။ ငန်နေသော မြေကြီးကို ရေသွင်းလျှင်လည်း မြေချဥ်ငန်ဓာတ်ကျလာကာ pH- ၇ နီးပါးသို့ ပြန်လည်ရောက်ရှိလာပါသည်။ ထို့ကြောင့် စပါးစိုက်ပျိုးသော ဦးကြီးတို့အနေနှင့် စပါးခင်း၏ မြေချဥ်ငန်ဓာတ်ကို ထိန်းချုပ်လိုပါက စပါးခင်းကို ရေသွင်းရေထုတ်ပြုလုပ်၍ ထိန်းချုပ်နိုင်ပါသည်။ 

     သို့သော်လည်း သြဂဲနစ်မက်တာများသော မြေကြီးကို ရေသွင်းလျှင် ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ မြေကြီး၏ ချဥ်ငန်ဓာတ် pH- ၇ နီးပါးရောက်သွားသော်လည်း သြဂဲနစ်မက်တာနည်းသော မြေကို ရေသွင်းလိုက်သောအခါ မြေကြီး၏ ချဥ်ငန်ဓာတ် pH - ၇ အောက်သို့ ရောက်သွားကာ အက်ဆစ်ဆန်သွားနိုင်ပါသည်။

     အက်စစ်ဆန်၍ ချဥ်နေသော မြေများကို ရေသွင်းလိုက်သောအခါ မြေကြီး၏ ချဥ်ငန် ဓာတ်(pH)  ၇ နီးပါးသို့ရောက်ရှိရုံသာမက မြေကြီးကို အလူမီနီယမ်(Al) အဆိပ်တောက်ဖြစ်မှု၊ အိုင်းရွန်း(Fe) အဆိပ်တောက်ဖြစ်မှုကို ကာကွယ််ပေးပြီး စပါးပင်များမှ ဖော့စဖောရပ်စ်(P)  စုပ်ယူမှုကိုလည်း အားကောင်းစေပါသည်။ ထို့ကြောင့် ဖော့စဖောရပ်စ် ချို့တဲ့နေသောစပါးခင်း များ၊ အလူမီနီယမ် အဆိပ်တောက်မှုဖြစ်နေသော စပါးခင်းများ နှင့် အိုင်းရွန်းအဆိပ်တောက်မှု ဖြစ်ပေါ်နေသော စပါးခင်းများကို ရေသွင်းပေးခြင်းအားဖြင့် ဖြေရှင်းနိုင်ကြောင်း အကြံပြု လိုပါသည်။    

မောင်ချမ်းသာဦး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်