ဒေသခံအဏုဇီဝပိုး စနစ်တကျမွေးမြူနည်း (IMO cultivation)

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒေသခံ အဏုဇီဝ မျိုးစေ့ထုတ်ယူခြင်း

ဒေသခံ အဏုဇီဝ အကြောင်းကို အရင်ဆုံး ဒီလင့်မှာ ပြန်ဖတ်ရှုနိုင်ပါတယ်။ အခုတော့ ဒေသခံအဏုဇီဝ ကို မွေးမြူတော့မယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒေသခံ အဏုဇီဝ မျိုးစေ့တွေကို စုဆောင်းဖို့လိုပါတယ်။ မျိုးစေ့လို့ သုံးရခြင်းမှာ နေရာတွေ အများကြီကနေ အဏုဇီဝ နည်းနည်းချင်းစီ စုပြီး ပြန်ပွားရမှာမို့ သုံးလိုက်တာပါ။ နေရာများများက အဏုဇီဝတွေကို စုဆောင်းနိုင်လေ မိမိလုပ်မယ့် အပင်အားဆေး၊ ပိုးနှင်ဆေး၊ မြေဆွေးပုံ ပုံခြင်း စတဲ့ လုပ်ငန်းတွေမှာ ပိုကောင်းလေ ဖြစ်ပါတယ်။ ရယူရမယ့် နေရာတွေကတော့

  စီးဆင်းနေသော ရေမြောင်းထဲ/ဘေးမှ မြေကြီး

  •  ဝါးပင်အောက်မှ မြေကြီး

  • ယာမြေ

  • လယ်မြေ

  • သစ်တောမြေ သို့မဟုတ် သစ်ပင်ကြီးအောက်မှ မြေကြီး

  • တစောင်းပင်အောက်မှ မြေကြီး သို့မဟုတ် ရေငတ်ဒဏ်ခံနိုင်သည့် အပင်အောက်မှ မြေကြီး

  • သစ်ရွက်ခြောက်၊ ကောက်ရိုးထဲတွင် ထမင်းဆုပ်ထည့်ပြီး မွေးမြူခြင်း

  • သစ်သီးခွံများပေါ်တွင် မွေးမြူခြင်း

  • ဆန်ဆေးရည်တွင် မွေးမြူခြင်း

     

မှတ်ချက်။ ။ အဏုဇီဝပိုး ရှိနိုင်သည်ဟု ထင်ရသည့် နေရာများမှ မိမိ စိတ်ကူး ရှိသလို စုဆောင်းနိုင်ပါသည်။

၁။ မြေကြီးများကို စုဆောင်းသည့်အခါ အဏုဇီဝ ပေါကြွယ်သည့် အပေါ်ယံမြေကြီးကို ယူပေးပါ။ စုဆောင်းလာသည့် မြေကြီး တစ်မျိုးစီကို မြေကြီးနို့ဆီဗူး နှစ်ဗူး နှင့် ဖွဲနု တစ်ဗူး (၁း၂) ဖြင့် ရောပြီး အစိုဓာတ် ၄၀% (လက်ဖြင့် ဆုပ်ကြည့်ပါက အလုံးမပျက်သည့် အနေအထား) ရအောင် နယ်ပြီး အိတ်ထဲ ပုံးထဲတွင် ထည့်ကာ အရိပ်တွင် ထားပါ။ နယ်သည့်နေရာတွင် ထန်းလျက်ရည်၊ သကာရည် အနည်းငယ်ထည့်၍ နယ်လိုက နယ်နိုင်ပါသည်။

၂။ ဆန်ဆေးရည်ကို ဗူးထဲထည့်ပြီး အရိပ်တွင် ထားပါ။ အဏုဇီဝပိုး ပေါက်ပွားမှု များစေရန် ထန်းလျက်ရည် သကာရည် ထည့်နိုင်ပါသည်။

၃။ သုံးရက်ခန့် ကြာပြီးနောက် စုဆောင်းမွေးမြူထားသော မြေကြီးများ၊ အသီးခွံများ၊ ထမင်းလုံးများ (အဏုဇီဝ မျိုးစေ့များ) ကို ပြန်စစ်ကြည့်ပါ။ မှိုမျှင်များ တက်နေသည်ကို တွေ့နိုင်ပါသည်။ တက်နေသော မှိုအရောင်များ ပေါ်မူတည်ပြီး သုံးသင့်သော အဏုဇီဝများကို ခွဲခြားပြီး ယူပါ။ မှိုသည် အဖြူရောင်ဖြစ်နေပါက ကောင်းသော အဏုဇီဝများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အမဲရောင် မှိုများ ပေါက်နေသော မြေကြီးများကို မယူပါနှင့်။

၄။ စုဆောင်းထားသော ကောင်းမွန်သည့် အဏုဇီဝမျိုးစေ့များကို စုပေါင်းပြီး ရောနယ်ပေးပါ။

၅။ လွှစာ (၃ ပိဿာ)၊ ဖွဲနု (၂ ပိဿာ)၊ နှမ်းဖတ် (၂ ပိဿာ) နှင့် အဏုဇီဝ မျိုးစေ့ (၂ ပိဿာ) တို့ကို ရောမွှေပေးပါ။ အစိုဓာတ် ၄၀% ခန့်ရအောင် ပြုလုပ်ပေးပါ။ ရေအစား အဏုဇီဝပိုး မွေးမြူထားသည့် ဆန်ဆေးရည်ကို အသုံးပြုပေးပါ။

၆။ ရောနယ်ပြီးပါက ပုံး သို့မဟုတ် အိတ်ထဲထည့်ပြီး အရိပ်ထဲတွင် ထားပေးပါ။ ၂ပတ်ခန့် ကြာပါက မှိုမျှင်များ တက်လာပြီး အပူကျသွားပါမည်။ ထိုအခါ အရိပ်ထဲတွင် လေသလပ်အခြောက်ခံပြီး ၆ လခန့်အထိ သိမ်းဆည်းထာနိုင်ပါသည်။ သို့မဟုတ် မိမိ အသုံးပြုလိုသည့် နေရာများတွင် အသုံးပြုနိုင်ပါသည်။

၇။ ဒေသခံအဏုဇီဝ အရည်အဖြစ် အသုံးပြုလိုပါက အထက်ပါ အဏုဇီဝမြေကြီးကို သန့်ရှင်းသော အဝတ်တွင် သေချာထုတ်ပြီး ထန်းလျက်ရည်၊ သကာရည်ထဲတွင် ထည့်စိမ်ထားပါ။ တစ်ပတ်ခန့်ကြာပါက အဏုဇီဝ အရည်အဖြစ် စတင်အသုံးပြုနိုင်ပါသည်။

ကိုးကား - Green Way သင်ရိုးစာအုပ်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်