နာနတ်ပွင့်ဆိုတာ..

25/03/2022 12:41 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

မြန်မာအမည် - နာနတ်ပွင့် 

အင်္ဂလိပ်အမည် -Chinese star anise

Botanical name - Illicium verum Hook

နာနတ်ပွင့်ပင်ဟာ အမြဲစိမ်းပင်ဖြစ်ပြီး အပင်အမြင့် ၄၅ ပေထိ မြင့်နိုင်ပါတယ်။ မူရင်းဒေသတွေက ‌တရုတ်နိုင်ငံ အနောက်တောင်ဘက်ဒေသများနဲ့ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ဒေသတွေမှာ တွင်ကျယ်စွာ ‌စိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ 

နာနတ်ပွင့်ပင်ဟာ နွေး၍ စိုစွတ်သော၊ တစ်နှစ်ပတ်လုံးပျမ်းမျှအပူချိန် ၁၉ ကနေ ၂၃ ဒီဂရီအတွင်း ရှိသော ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀-၁၀၀၀ မီတာ မြင့်သောဒေသများတွင် စိုက်ပျိုးနိုင်ကြပါတယ်။

နာနတ်ပွင့်ဆိုပေမဲ့ အသီးအစေ့အခြောက်ကို အဓိက အသုံးပြုတာပဲဖြစ်ပေမဲ့ ပင်စည် ၊အရွက်များလဲ ထိုအနံ့ကဲ့သို့ ရှိတာကို ထူးခြားစွာတွေ့ရှိရပါတယ်။ တရုတ်ဟင်းလျာအများစုမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများသလို ဝက်သားတုတ်ထိုးလိုမျိုးတွေလည်း အနံ့ မွှေးဖို့ ထည့်သုံးကြပါတယ်။

အသီးက ကြယ်ပုံစံဖြစ်ပြီးအထဲမှာ အကန့်အလိုက် အစေ့လေးတွေပါတာပဲဖြစ်ပါတယ်။ 

အပင်စိုက်ပျိုးမယ်ဆိုပါက..

အပင်ဖြတ်ကိုင်းကူးနိုင်သလို အစေ့ကနေလည်း စိုက်ပျိုးနိုင်ပါတယ်။ အစေ့လေးတွေ အထွက်ကောင်းတဲ့အပင်ကနေ ခူးယူပြီး ၃ ရက်အတွင်း စိုက်ပျိုးပေးရပါတယ်။ သို့မဟုတ် အခြောက်မလှန်းပဲ အစိုအတိုင်းကို အပူချိန် ၅ ဒီဂရီစင်တီဂရိတ်မှာ တစ်နှစ်ထက်ပိုပြီး သိုလှောင်ထားနိုင်ပါတယ်။

အပင်ပေါက်လေးတွေကို မြေဆီသြဇာထက်သန်တဲ့နေရာမှာ ၃ နှစ်လောက် ပျိုးထောင်ပြီးမှ တကယ့် စိုက်ကွင်းထဲသို့ ရွေ့စိုက်ပေးရပါမယ်။

အပင်သက်တမ်း ၆ နှစ်မှသာ ပန်းနီရောင် အပွင့်လေးများစပွင့်ပြီး အသီးစသီးပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းထိ အသီးသီးနိုင်တယ်လို့ သိရပါတယ်။ 

စိုက်ပျိုးမှုအရ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပါတယ်။

 မြန်မာနိုင်ငံမှာဆိုရင်တော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာစိုက်ပျိုးနိုင်ပါတယ်။ 

ဂျပန်နိုင်ငံ NGO အဖွဲ့များနှင့် Barefoot doctors Myanmar အဖွဲ့တို့မှလဲ Starnise Peace Project ကို ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ကြပြီး နေရာအများအပြားမှာ စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ 

ပြင်ဦးလွင် (Fame Organic farm ) ၊မိုးကုတ် ၊တာချီလိတ် ၊ချင်းပြည်နယ်တို့မှာ နာနတ်ပွင့်ပင်များကို တွေ့မြင်နိုင်ပါတယ်။ 

 

အသုံးပြုမှု

- အဓိကအနေနဲ့တော့ ဟင်းခတ်အမွှေးအကြိုင် ၊ ရေမွှေး၊ ကုန်ကြမ်းနဲ့ ဆေးဝါးအဖြစ် အဓိက အသုံးပြုကြပါတယ်။ 

- ဆေးအနေနဲ့ကတော့ သူက မှို၊ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါတွေအတွက်ကောင်းမွန်တဲ့ bioactive compound လည်း ဖြစ်ပါတယ်။

- နာနတ်ပွင့်အစေ့မှ  ထုတ်လုပ်သော Shikimic acid  ကို တုပ်ကွေးကာကွယ်ဆေးအဖြစ် Tamiflu မှာ ထည့်သွင်းအသုံးပြုကြပါတယ်။

- နာနတ်ပွင့်အစေ့မှ ရသော ဆီ ကို မုန့်ဖုတ်တဲ့နေရာတွေနဲ့ အလှကုန်ပစ္စည်းတွေမှာလည်း အသုံးပြုကြပါသေးတယ်။ 

- နောက်ပြီး နာနတ်ပွင့်ဆီကို သကြားလုံးနဲ့  အမွှေးနံ့ပါတဲ့ အရက်တွေမှာလည်း ထည့်သုံးကြပါတယ် ။

 

ကျမ်းကိုး

https://www.foodnetwork.com/fn-dish/how-to/2011/09/how-to-use-star-anise

https://www.healthline.com/nutrition/star-anise#benefits

https://www.sciencedirect.com/topics/agricultural-and-biological-sciences/illicium-verum

https://www.epicgardening.com/star-anise-plant/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်