ရာသီဥတုပြောင်းလဲလာမှုနှင့် ရေချိုရှားပါးလာမှုပြဿနာ (၁)

18/07/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

"ရာသီဥတုပြောင်းလဲမှုနှင့်ရေအရင်းအမြစ်ပြဿနာများကြောင့် ဂေဟစနစ်ပျက်ယွင်းမှုကို ပြန်လည်ပြင်ဆင်နိုင်ရန်ကြိုးပမ်းခြင်း"

(UN Decade on Ecosystem Restoration - "ဂေဟစနစ်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုလသမဂ္ဂဆယ်စုနှစ်" အထိမ်းအမှတ်ဆောင်းပါး)

နိဒါန်း

ရာသီဥတုပြောင်းလဲမှုပြင်းထန်လာလေ လူသားများအတွက် သောက်ရေသုံးရေရှားပါလာမှုပြဿနာတွေကြီးလာလေလေ ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံထဲမှာ အလွန်ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားကြရဆုံးဒေသက နိုင်ငံအကျယ်အဝန်းနဲ့နှိုင်းယှဉ်လိုက်ရင်တော့ အချိုးအစားအတော်နည်းတယ်လို့ ပြောလို့ ရပါသေးတယ်။

မြစ်တွေ၊ ချောင်းတွေ ပေါများတဲ့အပြင် ကမ္ဘာ့ရေချိုအရင်းအမြစ်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံမြောက်ပိုင်းက ရေခဲ တောင်ကြီးတွေက နှစ်စဉ်ရရှိနေတဲ့ ရေချိုစီးဆင်းမှုဟာ နိုင်ငံအတွင်းရှိ မြစ်ကြီးများနဲ့ ချောင်းများမှတဆင့်စီးဆင်းနေတဲ့ သဘာဝမြေမျက်နှာသွင်ပြင်များကြောင့် နိုင်ငံအတွင်း နေထိုင်ကြတဲ့လူဦးရေသန်းပေါင်းများစွာအတွက် သောက်သုံးရေ-ရေချိုပြတ်လပ်မှုက အရမ်းကြီးဆိုးရွားတဲ့ အနေအထားကိုတော့ မရောက်နိုင်သေးပါဘူး။ 

သို့ပေမဲ့ - ရာသီဥတုပြောင်းလဲမှုဆက်လက်ဖြစ်ပေါ်နေပြီး ကမ္ဘာကြီးပူနွေးလာတာကို ကျနော်တို့တွေဝိုင်းဝန်းထိန်းသိမ်းမှုမလုပ်ကြရင် ဒို့နိုင်ငံနဲ့ မဆိုင်ပါဘူးဆိုပြီးလစ်လျူရှုထားကြရင်တော့ ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်ကြောင့် ရေရှားပါးတဲ့ပြဿနာရှိသောနိုင်ငံတွေစာရင်းထဲမှာ တဖြည်းဖြည်းပါလာမှာပါပဲ။

တက်လာသမျှအစိုးရကိုချည်း အားကိုးနေရမှာမဟုတ်ကြောင်း၊ ပြည်သူတွေက မိမိကိုယ်ကိုအားကိုးပြီးအဖြေရှာဖြေရှင်းနိုင်မဲ့နည်းလမ်းတွေကို တွေးတောကြံဆအကောင်အထည်ဖေါ်ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုနဲ့အနာဂတ်မျိုးဆက်သစ်များကို အသိပေး/ပညာပေးရမှာဖြစ်ပါတယ်။

REIMAGINE

RECREATION

RESTORE

#GENERATIONRESTORATION

===========================

ဂေဟစနစ်ပျက်ယွင်းမှုကို ပြန်လည်ပြင်ဆင်ထိန်းသိမ်းနိုင်အောင် သိထားရမဲ့အချက်များ

(၁)

ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်ရတဲ့ သဘာဝဘေးတွေမှာ ရေနဲ့သက်ဆိုင်တဲ့ သဘာဝဘေးတွေဖြစ်လာတယ်၊ မိုးခေါင်တာ၊ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲသွားတာစသည်ဖြင့်ဖြစ်လာတာတွေကြောင့် ကမ္ဘာကြီးရဲ့ ရေလည်ပတ်မှုစနစ် ယိုယွင်းလာပါတယ်။

ရေကိုချွေတာသုံးစွဲသင့်ကြောင်းနဲ့ ရေချွေတာသုံးစွဲပုံနည်းလမ်းတွေကို ပြည်သူအားလုံးအတွက် ကျနော်တို့ မျှဝေပေးဖို့ လိုပါမယ်။

ဥပမာတစ်ခုအနေနဲ့ - အာရှနိုင်ငံထဲက ကျောင်းတစ်ကျောင်းမှာ အားလပ်ချိန်ကျောင်းသားတွေ ဆော့ကစားကြ၊ နေ့လည်စာစားကြလုပ်ပြီးချိန် မျက်နှာသစ်ကြ၊ ခြေလက်ဆေးကြောကြတဲ့ ကျောင်းကစားကွင်းထဲမှာထားတဲ့ ဘေစင်အောက်က ထွက်လာတဲ့ အသုံးပြုပြီးရေကို ရေမြောင်းတွေတူးပြီး သစ်ပင်တွေရှိရာကိုပို့ပေးခြင်းဖြင့် အသုံးပြုပြီးစွန့်ပစ်ရေကို အလဟဿမဖြစ်အောင် ပြန်လည်အသုံးချခြင်း(Water Recycling)လုပ်ပေးထားတာမျိုး တွေ့ရပါတယ်။

ဒီစနစ်ကို ကျောင်းသားတွေထဲက အကြံပြုတာဖြစ်ပြီး ကျောင်းသားလေတွေကိုယ်တိုင်အကောင်အထည်ဖေါ်ဆောင်ရွက်ကြတာဖြစ်ကြောင်း သိရပါတယ်။

(၂)

ကမ္ဘာတစ်ဝန်းရှိ လူဦးရေနှစ်ဘီလီယံခန့်ဟာ ဘေးကင်းသောသောက်သုံးရေ(Safe Drinking Water)ကို လက်လှမ်းမမီနိုင်ကြဘူးလို့ သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေတိုးပွားမှုတို့ကြောင့် ပိုတိုးလာမယ်လို့ မျှော်လင့်ရတာကြောင့် ဘေးကင်းတဲ့သောက်သုံးရေအတွက် အနီးအနားက ပြည်သူတွေကို ကျနော်တို့ ဘယ်လို ကူညီပေးနိုင်ကြမလဲ၊ လူသားဆန်တဲ့လူတိုင်းအတွက် လုပ်ပေးကြရမဲ့အလုပ်တစ်ခုပါ။

မိုးရာသီကာလအတွင်း ရေချိုစုဆောင်းတာတွေ တိုးမြှင့်ဆောင်ရွက်ကြဖို့အတွက် အသိပညာပေးတာအပြင် ရေချိုစုဆောင်းရေးကန်တွေ တည်ဆောက်တာတွေ၊ နေပူပြင်းလာချိန် ရေချိုမဆုံးရှုံးအောင် ဖုံးအုပ်ကာကွယ်တာတွေ၊ မြေအောက်ရေကန်တွေ လုပ်ပေးတာတွေ လုပ်ကြရပါမယ်။

(၃)

ကမ္ဘာမြေပေါ်မှာ ပင်လယ်-သမုဒ္ဒရာတွေက မြေပြင်အကျယ်အဝန်းထက် ပိုမိုကျယ်ပြန့်တာပါ။ ဒါပေမဲ့ တကယ်အသုံးပြုလို့ရနိုင်တဲ့ရေချိုကတော့ ကမ္ဘာမြေပေါ်မှာ မြင်တွေ့နေကြရတဲ့ ရေပမာဏရဲ့ ၀.၅ ရာခိုင်နှုန်းသာရှိပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြေဆီလွှာအစိုဓါတ်၊ နှင်းနဲ့ ရေခဲပြင်များအပါအဝင် ကုန်းမြေပေါ်ကရေသိုလှောင်နိုင်မှုပမာဏဟာ တစ်နှစ်လျှင် ၁ စင်တီမီတာနှုန်းကျဆင်းလာတဲ့အတွက် ဆယ်စုနှစ် ၁ နှစ် ၂ နှစ်အတွင်း ရေချိုရှားပါးလာမဲ့ ဆိုးကျိုးသက်ရောက်မှုကလဲ အလွန်ကြီးမားကြောင်း သိထားကြဖို့ လိုပါမယ်။

(၄)

ကမ္ဘာကြီးပူနွေးလာမှု(Global Warming)ကို 2°C အထိ မြင့်တက်နေရာကနေ 1.5°C အထိကျဆင်းလာအောင် ထိန်းသိမ်းပေးထားနိုင်ရင် နောင်လာမဲ့ဆယ်စုနှစ်၊ ရာစုနှစ်တွေမှာ ရေရှားပါးမှုဒဏ်ကို ခံစားကြရမဲ့ ကမ္ဘာ့လူဦးရေအချိုးအစားခန့်မှန်းခြေ ထက်ဝက်ခန့်လျော့ကျသွားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ကျနော်တို့ကရော? ကမ္ဘာကြီးပူနွေးလာတာကို ထိန်းသိမ်းနိုင်အောင် ကျနော်တို့ရဲ့ပြည်သူတွေကိုအသိပေးတာ၊ ပညာပေးတာတွေ ဘယ်လိုလုပ်ကြမလဲ?

နောက်လာမဲ့အချက်တွေမှာပါလာပါမယ်။

(၅)

ကျနော်တို့နေ့စဉ်အသုံးပြုနေကြတဲ့ ရေချိုထဲက ၇၀% ခန့်ကို စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အသုံးပြုနေကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေဆိုတာ လူသားတွေအတွက်လိုအပ်တဲ့ သီးနှံရိက္ခာအစားအစာ ထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတွေဖြစ်ပါ။ စိုက်ပျိုးရေးလုပ်ငန်းတွေက လူတစ်ဦးရဲ့ တစ်နေ့စာစားနပ်ရိက္ခာ ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ရေပမာဏက ပျမ်းမျှအားဖြင့် ၂၀၀၀ လီတာ မှ ၅၀၀၀ လီတာကြားထိ ရှိပါတယ်။

နောက်တစ်နည်းမြင်သာအောင်ပြောရရင် လူတစ်ဦးရဲ့တစ်ရက်တာစားနပ်ရိက္ခာဖူလုံဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေက သီးနှံရိက္ခာထုတ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ ရေပမာဏဟာ - ၁ လီတာ ဝင်ဆန့်တဲ့ရေသန့်ဘူးပေါင်း ၂၀၀၀ မှ ၅၀၀၀ ကြားမှာရှိနေတယ်လို့ ပြောရမှာပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်