အခြေခံဝါးရုံပြုပြင်ခြင်းနည်းစနစ်များ အပိုင်း ၂

14/12/2018 10:45 AM တွင် BIF BIF မှ ရေးသား ပြီး BIF BIF မှ ပေးပို့ထားပါသည်။

ဝါးရုံအမှတ်အသားပြုလုပ်ခြင်း - Clump Codification

၁။ ဝါးပင်၏သက်တမ်းကို တိကျစွာမှတ်တမ်းတင်ခြင်း

၂။ မျက်မြင်ဖြင့်သက်တမ်းခန့်မှန်းခြင်းသည် မယုံကြည်ရပါ

၃။ ဝါးရုံမှ (၁)ပေခွဲ (၂)ပေအတွင်း ရှိသော ပေါင်းပင်များနှင့် အကိုင်းအခက်များကို ရှင်းလင်းရမည်။

ဝါးလုံးများအား နှစ်အလိုက်အမှတ်စဉ်ပေးခြင်း

၁။ ဝါးအဆင့်မြင့်ထုတ်ကုန်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် (၃ နှစ်မှ ၄ နှစ်) ဝါးများကို ခုတ်ယူနိုင်ရန် အဓိကထားမှတ်ယူရမည်။

၂။ ဝါးပင်တစ်ပင်ခြင်းစီအလိုက် ခုတ်ယူရမည့်နှစ်ကို မှတ်သားရမည်။ ဥပမာ (၂၀၁၈ ခုနှစ်တွင် ပေါက်ရောက်သော ဝါးကို မိမိဦးခေါင်းနှင့် တည့်တည့် ဝါးဆစ်မှစတင်၍ ၂၂ဟုဆေးဖြင့်မှတ်သားရမည်။)

၃။ ပိုင်ရှင်အမည်အတိုကောက်ကို ဖော်ပြရမည်။ ဥပမာ ပိုင်ရှင်အမည်မှာ ခင်မောင်ဆိုပါက KM ဟုမှတ်သားရမည်

၄။ ဝါးရုံနံပါတ် ကို အမှတ်အသားပြုလုပ်ရမည်။

ဝါးလုံးသက်တမ်းအချိုးအစားပြုပြင်ခြင်း (Age Ratio)

အဆင့် (၁) ။ သက်တမ်းအချိုးအစားများကို တွက်ချက်ရမည်

အဆင့် (၂)။ ဝါးရုံအချိုးအစားကို ထိန်းသိမ်းရန် ဝါးများကို ခုတ်ယူရာတွင် ဂရုပြုရမည်။

အဆင့် (၃)။  သင့်တော်သောအချိုးအစား မှာ အောက်ပါအတိုင်းဖြစ်သည်။

မှတ်ချက် ။ ၂ နှစ်သား အရွယ်ရှိ ဝါးလုံးများသည် မျှစ်စို့အများဆုံးထုတ်ပေးနိုင်သည့်အတွက် ဝါးရုံတွင် သတ်မှတ်ထားသော အချိုးအစားထက်မလျော့သင့်ပါ။

၃နှစ်သားဝါးလုံးအများစုသည် ခုတ်သိမ်းရန်သင့်တော်သည်။ အဘယ်ကြောင့်ဆိုသော် ၃နှစ်သားဝါးများသည် ကျန်းမာကြံ့ခိုင်သည်။ ၃ နှစ်သားဝါးများသည်လည်း ဝါးရုံကို ရေရှည်ထိန်းသိမ်းရန်အတွက် အထောက်အကူဖြစ်စေသည်။
၄နှစ်သားဝါးများသည် ခုတ်ယူရန် အသင့်တော်ဆုံးဖြစ်သော်လည်း ဝါးရုံအချိုးအစား သဟဇာတဖြစ်စေရန် အထက်ဖော်ပြပါအချိုးစားထက်မလျော့ထိန်းသိမ်းရမည်။

မြေဖုံးပေးခြင်း - Soil Mounding

- မျှစ်အစို့များ၊ ဝါးပင်အသစ်များ အများဆုံးထုတ်လုပ်ပေးနိုင်သော အပေါ်ယံမြေဆီလွှာဓာတ်ကို ရည်ရွယ်ပါသည်။

- မိုးရာသီ မစတင်မှီ ( ဝါးပင်သစ်များမထုတ်လုပ်မှီ ၁လ ၂ လအလိုတွင် မူရင်းရှိနေသော ဝါးပင်အရင်း (အောက်ခြေတွင်) မြေဖုံးပေးရပါမည်။

- အောက်ဆုံးဝါးဆစ်အခြေ ပထမဆုံးပင်စည်ပွား အထက်ပိုင်းအထိမြေဖြင့်ဖုံးအုပ်ပေးရမည်။

- ဖုံးမည့်မြေသည် ဝါးရုံနှင့်အနီးအနားမှယူခြင်း (သို့) သစ်ရွက်ဆွေး ဝါးရွက်ဆွေးများဖြင့် ရောနှောနေသော မြေများဖြင့်ဖုံးအုပ်ပါက ပိုမိုကောင်းမွန်ပါသည်။ မြေဖုံးပြီးပါက ဝါးရွက်ဆွေးများကိုလည်း ထပ်မံဖုံးအုပ်ပေးလျှင် ပိုကောင်းပါသည်။
- အခြေအနေတူသော ဝါးရုံ (၃) ရုံစီရွေးချယ်ပြီး မြေဖုံးပေးထားသောဝါးရုံ၏ တိုးတက်ကောင်းမွန်မှုကို တိုင်းတာနိုင်သည်။

ခုတ်ယူပြီး ဝါးဆစ်များအား မြေဖို့ပေးခြင်း (Fertilizing bamboo stumps)

၁။ ဝါးလုံးများကို အောက်ခြေ ၁ ဆစ် နှစ်ဆစ်မှ စတင်၍ခုတ်ယူလျှင်အသင့်တော်ဆုံးဖြစ်သည်။ ခုတ်ယူပြီးလျှင် ကျန်ရှိနေသော အဆစ်ပိုင်းအပေါက်ဖြစ်အောင်လုပ်၍၎င်းအထဲသို့ မြေဆီလွှာထည့်ပေးခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးများဖြစ်ထွန်းစေပါသည်။

၁။ ခုတ်ယူလိုက်သောဝါးဆစ်မှ မျှစ်စို့များ ထပ်မံထွက်ရှိရန် အထောက်အပံ့ပေးခြင်း

၂။ ကျန်ရှိသော ဝါးဆစ်၏ဆွေးမြေ့ပျက်စီးမှုမြန်စေပြီး အသစ်ထွက်မည့်မျှစ်အစို့များကောင်းစွာကြီးထွားရန် အခြေအနေပေးခြင်း

၃။ ဘတ်တီးရီးယား နှင့် အခြားမှိုရောဂါပိုးများ ဝင်ရောက်မှုကို နည်းပါးစေခြင်း တို့ဖြစ်ပါသည်။

BIF


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်