အယ်လ်နီညို၊ လာနီညာနဲ့ အိုင်အိုဒီဆိုတာ..

02/11/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အယ်လ်နီညို/လာနီညာ/IOD - INDIAN OCEAN DIPOLE ဆိုတဲ့ ၃ ခုက မြန်မာနိုင်ငံအပါအဝင် အာရှတိုက်၊ အာဖရိကတိုက်နဲ့ တောင်/မြောက်အမေရိကတိုက်တွေ၊ ဥရောပတိုက်တွေအပြင် ဩစတေးလျတိုက်အထိ ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေကို ဖြစ်ပေါ်ပြောင်းလဲစေတာကြောင့် ကျနော်တို့ကလဲ အယ်လ်နီညို/လာနီညာ/IOD - INDIAN OCEAN DIPOLE ဆိုတဲ့ ၃ ခုကို အခြေခံကျကျသိထားကြဖို့လိုပါတယ်။

အရင်ဆုံး အယ်လ်နီညို/လာနီညာဆိုတဲ့ ရာသီတုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သိထားရမဲ့ အဓိကကျတဲ့အချက် ၃ ချက်ကို အရင်ရှင်းပြပေးပါမယ်။

ပထမဆုံးတစ်ချက်အနေနဲ့

မိုးလေဝသပညာရှင် “ဆရာကြီးဒေါက်တာဦးထွန်းလွင်” ရှင်းပြပေးခဲ့တဲ့အတိုင်း အယ်လ်နီညိုဆိုတာဘာလဲဆိုတာကစပြီးပြောချင်ပါတယ်။ 

တိုတိုနဲ့လိုရင်းကို ပြောရရင် အယ်လ်နီညိုဆိုတာ “တောင်အမေရိကတိုက်ရဲ့အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံများဆီကို ခရစ်စမတ်ကာလလောက်မှာ ငါးနှစ်-ခုနှစ်နှစ်လောက်အတွင်းကို တစ်ကြိမ် တိုးဝင်လာတတ်ကြတဲ့ ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ထားတဲ့ အမည်”ဖြစ်ပါတယ်။ ဒီရေပူစီးကြောင်းတွေအကြောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀) ကျော်လောက်ကတည်းက ပီရူးနဲ့အီကွေဒေါနိုင်ငံ ရေလုပ်သားတံငါသည်ကြီးများက စတင်သိရှိခဲ့ကြပါတယ်။ အဲဒီရေပူစီးကြောင်းတွေဝင်လာကြတဲ့နှစ်တွေဆိုရင် ငါးတွေဖမ်းမရကြတော့ဘူးတဲ့။ ဒါ့အပြင် ဒီလို နှစ်တွေဆိုရင် သူတို့နိုင်ငံတစ်ဝှမ်းမှာ ထူးထူးခြားခြားမိုးတွေများရေတွေကြီးနဲ့ ရာသီဥတုတွေ ဖောက်ပြန်သွားတတ်ကြတာကိုလည်း သတိထားခဲ့မိကြပါတယ်ဆိုပြီး 7 Day News- အတွဲ(၈)၊အမှတ်(၁၈)၊(၁၆-၇-၂၀၀၉) ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒုတိယတစ်ချက်အနေနဲ့

အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ ဒီဖြစ်စဉ် ၂ ခုထဲက တစ်ခုခုဖြစ်လာရင် အစွန်းရောက်ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေ ဖြစ်လာတတ်ကြောင်း၊ အစွန်းရောက်ရာသီဥတုတွေဆိုတာကတော့ မိုးအရမ်းခေါင်ပြီး အပူလွန်ကဲတာ၊ အပူလှိုင်းတွေ အအေးလှိုင်းတွေ ဖြတ်တာ၊ အပူပိုင်းမုန်တိုင်းတွေ  ပုံမှန်ထက်များလာတာနဲ့ မိုးအရမ်းများပြီး အေးမြစိုစွတ်မှုပိုတာ၊ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်တာ စသည်ဖြင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေဖြစ်စေတာ ဆိုတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကိုခေါ်ကြောင်း၊ အားကောင်းတဲ့အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေရာသီဥတုမှာ တော်တော်သိသိသာသာအပြောင်းအလဲတွေရှိခဲ့တာကိုတွေ့ကြရကြောင်း၊ မုတ်သုံ အဝင်မှာနောက်ကျတာတို့၊ အထွက်မှာစောတာတို့၊ မုတ်သုံအင်အားနည်းတာတို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန်တိုးတာတို့ ဆိုတာတွေဟာ တကယ်တော့ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှကြောင်း အရင် post တွေမှာတုန်းက အသေးစိတ်ရှင်းပြခဲ့ပါတယ်။

INDIAN OCEAN DIPOLE-IOD လို့ခေါ်တဲ့ဖြစ်စဉ်က အိန္ဒိယသမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကို တိုင်းတာပြီးတော့ ဖြစ်လာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ မိုးလေဝသဖြစ်နိုင်ချေတွေကို ခန့်မှန်းတာဖြစ်ပြီး အယ်လ်နီညို/လာနီညာဖြစ်စဉ်တွေကိုချေဖျက်ဆန့်ကျင်တဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ မှတ်ထားကြရမှာက "အယ်လ်နီညိုကြောင့်ဖြစ်လာတဲ့ အစွန်းရောက်ရာသီဥတုတွေက IOD ဖြစ်စဉ်ကြောင့် ပြောင်းပြန်ဖြစ်သွားတာ"ပါပဲ။

နောက်ဆုံးအနေနဲ့ တတိယအချက်က

အယ်လ်နီညိုဖြစ်စဉ်တစ်ခုရဲ့သက်တမ်းကာလဟာ ၁၈ လ လောက်သက်တမ်းရှိတတ်ပြီး ဒီဇင်ဘာလလောက်မှာ အားအကောင်းဆုံးကို ရောက်လာတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့အ‌မှောင့်ပယောဂဟာ ရှေ့ ၉လ - နောက် ၉ လလောက်အထိကြာလေ့ရှိတတ်ပါတယ်။ ဒီဇင်ဘာလကိုဗဟိုပြုတဲ့အတွက် ရှေ့ ၉ လ ဟာ မတ်လလောက်က စ လေ့ရှိပြီး၊ နောက် ၉လကတော့ နောက်တစ်နှစ်ရဲ့ စက်တင်ဘာလလောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်က ရှိတတ်တာပဲဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်