စိုက်ပျိုးရေးကဏ္ဍအတွက် လက်ရှိအသုံးပြုနေသော ဘဏ္ဍာငွေခွဲတမ်း

21/06/2018 11:15 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်နေ့ မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကနေ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၁၈-၁၉ ခုနှစ် မှ ၂၀၂၂-၂၃ ခုနှစ် ထိ) ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် လက်ရှိ လုပ်ဆောင်နေတာတွေနဲ့ ပြုပြင်ပြောင်းလဲသင့်တာတွေကို အသေးစိတ်ဖော်ပြပေးထားတာကြောင့် စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ဒီအထဲမှာမှ စာမျက်နှာ ၃၃ကနေ ၃၅ ထိ ဖော်ပြထားတဲ့ ဘတ်ဂျက်နဲ့ မူဝါဒမမျှတခြင်းဆိုတဲ့ အပိုင်းထဲက စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို မူရင်းအတိုင်း တစ်ဆင့် ပြန်လည် တင်ပြလိုက်ရပါတယ်။

စိုက်၊မွေး၊ဆည်ဝန်ကြီးဌာန အသုံးစရိတ် စုစုပေါင်း၏ ၈၀% ကျော်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုသော ရုပ်ဝတ္တုပစ္စည်း (hardware) အတွက်ဖြစ်ပြီး ယင်းတို့ တွင် ကျေးလက်လမ်းများ၊ ကျေးလက်စွမ်းအင်၊ ဆည်မြောင်းစနစ်များ၊ သောက်သုံးရေ၊ အဆောက်အအုံများ၊ ကိရိယာများ၊ စက်များနှင့် ထောက်ပံ့ပစ္စည်းများ ပါဝင်သည်၊ ၎င်းတို့သည် အများအားဖြင့် လိုအပ်သောအရာများ ဖြစ်သော်လည်း ယင်းတို့နှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ ကိစ္စနှစ်ရပ်ရှိပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးရေးတိုးတက်မှု မဟာဗျူဟာ(ADS) တွင် ထည့်သွင်းဆွေးနွေးထားပါသည်။ ပထမကိစ္စနှစ်ရပ်မှာ ရုပ်ဝတ္တုပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းဆောင်ရွက်မှု (Software) ဖွံ့ဖြိုးရေးတွင် လူထုကို စည်းရုံး လှုံ့ဆော်ခြင်း၊ စီမံကိန်းရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးနှင့်စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုတို့ ပါဝင်သည်။ ထိုသို့ပေါင်းစည်းခြင်းဖြင့် ဦးစီးဌာနများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာနိုင်ပြီး ရင်းနှီးမြှပ်နှံမှု၏ ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုများလည်း တိုးတက်လာနိုင်ပါသည်။ ဒုတိယကိစ္စရပ်မှာ ပုံသေပိုင်ပစ္စည်းများကို ထိရောက်သော စီမံခန့်ခွဲမှု ရရှိစေရေး ဖြစ်သည်။ စိုက်၊ မွေး၊ ဆည်ဝန်ကြီးဌာန၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ ပိုမိုထိရောက်အားကောင်းလာစေရန် - (က)ရင်းနှီးမြှပ်နှံမှု၏ ခန့်မှန်းရလာဒ်နှင့် အမှန်ရလာဒ်တို့ကို သုံးသပ်အကဲဖြတ်ခြင်း၊ (ခ) မျှော်မှန်းထားသော ဝန်ဆောင်မှုများကို ပေးရာတွင် အခြေခံ အဆောက်အအုံ၏ လုပ်ငန်းစွမ်းဆောင်ရည်အား စောင့်ကြည့် ထိန်းကျောင်းစိစစ်သုံးသပ်ခြင်း၊ (ဂ) အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှု ဒီဇိုင်းရေးဆွဲခြင်း၊ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း၊ စောင့်ကြည့်ထိန်းကျောင်းစိစစ်သုံးသပ်ခြင်း လုပ်ငန်းစဉ်တို့တွင် အကျိုးခံစားခွင့်ရှိသူများနှင့် ပတ်သက်ဆက်နွယ်သူများကို ပါဝင်စေခြင်းစသည့် အချက်များအတိုင်း ဆောင်ရွက်သင့်ပါသည်။

မှတ်ချက် ။ ။ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၁၈-၁၉ ခုနှစ် မှ ၂၀၂၂-၂၃ ခုနှစ် ထိ) စာအုပ်ကို ဒီဆော့ဝဲရဲ့ စာအုပ်စင်ကဏ္ဍမှာ အစအဆုံး ဒေါင်းလုတ်ချပြီး ဖတ်ရှုနိုင်ပါတယ်။

မူရင်း - မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိးတိုးတက်မှု မဟာဗျူဟာ (၂၀၁၈-၁၉ ခုနှစ် မှ ၂၀၂၂-၂၃ ခုနှစ် ထိ)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်