စိုက်ပျိုးရေးကဏ္ဍအတွက် လက်ရှိအသုံးပြုနေသော ဘဏ္ဍာငွေခွဲတမ်း

21/06/2018 11:15 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်နေ့ မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကနေ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၁၈-၁၉ ခုနှစ် မှ ၂၀၂၂-၂၃ ခုနှစ် ထိ) ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် လက်ရှိ လုပ်ဆောင်နေတာတွေနဲ့ ပြုပြင်ပြောင်းလဲသင့်တာတွေကို အသေးစိတ်ဖော်ပြပေးထားတာကြောင့် စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ဒီအထဲမှာမှ စာမျက်နှာ ၃၃ကနေ ၃၅ ထိ ဖော်ပြထားတဲ့ ဘတ်ဂျက်နဲ့ မူဝါဒမမျှတခြင်းဆိုတဲ့ အပိုင်းထဲက စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို မူရင်းအတိုင်း တစ်ဆင့် ပြန်လည် တင်ပြလိုက်ရပါတယ်။

စိုက်၊မွေး၊ဆည်ဝန်ကြီးဌာန အသုံးစရိတ် စုစုပေါင်း၏ ၈၀% ကျော်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုသော ရုပ်ဝတ္တုပစ္စည်း (hardware) အတွက်ဖြစ်ပြီး ယင်းတို့ တွင် ကျေးလက်လမ်းများ၊ ကျေးလက်စွမ်းအင်၊ ဆည်မြောင်းစနစ်များ၊ သောက်သုံးရေ၊ အဆောက်အအုံများ၊ ကိရိယာများ၊ စက်များနှင့် ထောက်ပံ့ပစ္စည်းများ ပါဝင်သည်၊ ၎င်းတို့သည် အများအားဖြင့် လိုအပ်သောအရာများ ဖြစ်သော်လည်း ယင်းတို့နှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ ကိစ္စနှစ်ရပ်ရှိပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးရေးတိုးတက်မှု မဟာဗျူဟာ(ADS) တွင် ထည့်သွင်းဆွေးနွေးထားပါသည်။ ပထမကိစ္စနှစ်ရပ်မှာ ရုပ်ဝတ္တုပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းဆောင်ရွက်မှု (Software) ဖွံ့ဖြိုးရေးတွင် လူထုကို စည်းရုံး လှုံ့ဆော်ခြင်း၊ စီမံကိန်းရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးနှင့်စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုတို့ ပါဝင်သည်။ ထိုသို့ပေါင်းစည်းခြင်းဖြင့် ဦးစီးဌာနများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာနိုင်ပြီး ရင်းနှီးမြှပ်နှံမှု၏ ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုများလည်း တိုးတက်လာနိုင်ပါသည်။ ဒုတိယကိစ္စရပ်မှာ ပုံသေပိုင်ပစ္စည်းများကို ထိရောက်သော စီမံခန့်ခွဲမှု ရရှိစေရေး ဖြစ်သည်။ စိုက်၊ မွေး၊ ဆည်ဝန်ကြီးဌာန၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ ပိုမိုထိရောက်အားကောင်းလာစေရန် - (က)ရင်းနှီးမြှပ်နှံမှု၏ ခန့်မှန်းရလာဒ်နှင့် အမှန်ရလာဒ်တို့ကို သုံးသပ်အကဲဖြတ်ခြင်း၊ (ခ) မျှော်မှန်းထားသော ဝန်ဆောင်မှုများကို ပေးရာတွင် အခြေခံ အဆောက်အအုံ၏ လုပ်ငန်းစွမ်းဆောင်ရည်အား စောင့်ကြည့် ထိန်းကျောင်းစိစစ်သုံးသပ်ခြင်း၊ (ဂ) အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှပ်နှံမှု ဒီဇိုင်းရေးဆွဲခြင်း၊ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း၊ စောင့်ကြည့်ထိန်းကျောင်းစိစစ်သုံးသပ်ခြင်း လုပ်ငန်းစဉ်တို့တွင် အကျိုးခံစားခွင့်ရှိသူများနှင့် ပတ်သက်ဆက်နွယ်သူများကို ပါဝင်စေခြင်းစသည့် အချက်များအတိုင်း ဆောင်ရွက်သင့်ပါသည်။

မှတ်ချက် ။ ။ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၁၈-၁၉ ခုနှစ် မှ ၂၀၂၂-၂၃ ခုနှစ် ထိ) စာအုပ်ကို ဒီဆော့ဝဲရဲ့ စာအုပ်စင်ကဏ္ဍမှာ အစအဆုံး ဒေါင်းလုတ်ချပြီး ဖတ်ရှုနိုင်ပါတယ်။

မူရင်း - မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိးတိုးတက်မှု မဟာဗျူဟာ (၂၀၁၈-၁၉ ခုနှစ် မှ ၂၀၂၂-၂၃ ခုနှစ် ထိ)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်