မက်လင်သီးနှင့် သူ၏အသုံးဝင်ပုံ

03/12/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   á€™á€€á€şá€œá€„်သဎးနဲပတ်သက်ပဟဎး ၂ မျိုးတွေ့ရပါတယ်၊ Garcinia cambogia အပင်က ကချင်ဖက်မှာ ပိုလို့တွေ့ရတယ်။ အသီးအပေါ်မှာ ထင်ရှားသော ဇောင်းအဝိုက်များပါလေ့ရှိတယ်။ အရွက်ပုံစံလည်းမတူပါဘူး။ သူလည်း ကချင်ပြည်ထွက် မက်လင်ချဥ်အဖြစ်ထင်ရှားပါတယ်။ ကျနော် အခုတွေ့ရသော အပင်အမည်က Garcinia pedunculata ဖြစ်ပြီး အသီးအပေါ်မှာ အဝိုက်တွေမပါဘဲ။ လုံးချောနေပါတယ်။

 

   á€™á€€á€şá€œá€„်မဝိုးရင်းဥမည်က ယခင်က Hypericaceae ဖြစ်ပါတယ်။ မျိုးစု Garcinia ဆိုတာကလည်း မစိမ်းလှပါဘူး၊ မင်းဂွတ်သီး ရဲ့ သိပ္ပံအမည်ဟာ Garcinia mangostana ဖြစ်ပါတယ်၊ အခုအခါမှာတော့ မျိုးရင်း အမည်က Clusiaceae ဖြစ်သွားပြီဖြစ်ပါတယ်။ 

   á€Ąá€•င်က အမြဲစိမ်းသောအပင်ကြီး evergreen tree ဖြစ်ပါတယ်၊ ကြီးမားပြောင်လက်နေသော အရွက်ကြီးတွေအပေါ်မှာ ဘေးဖက်ကို ထင်ရှားစွာထွက်နေသော ရွက်ကြော ၁၆ စုံက သိသာထင်ရှားသော လက္ခဏာတွေဖြစ်ပါတယ်။ နောက်တစ်ချက်ထူးခြားတာက ဒီအပင်တွေက အရှေ့တောင်အာရှမှာဘဲ တွေ့ရသော အပင်တွေသာဖြစ်တယ်။ မြန်မာနဲ့ အိန္ဒိယ အရှေ့ အနောက်ဖက်တွေမှာဘဲ တွေ့ရတယ်လို့ ဆိုထားပါတယ်၊ 

   á€•င်စည်မသဏ fluted trunk နှင့်အတူ ဘေးဖက်ကို ဖြာနေသော အကိုင်းတိုတွေပါပါတယ်။ အဖိုပွင့်တွေက စိမ်းဝါရောင်ရှိတယ်၊ ခတ်ကျဲကျဲပါသော panicle ပန်းခိုင်ထဲမှာ ရှိကြတယ်။ အမပွင့်ကတော့ တပွင့်ထီးထီးသာပါပါတယ်၊ လုံးဝန်းနေသော အသီးကို သီးကြတယ်။ အရည်ရွှမ်းတယ်၊ စားလို့ရသော  arils တွေပါတယ်။ 

   á€’ဎဥပင်က စိုက်ရတာ ခက်ခဲလှကြောင်း ဒေသခံ ဦးကြီးတစ်ဦးက ပြောပြပါတယ်၊ အသီးကိုဘဲ စားလို့ရတာမဟုတ် အရွက်နုလေးတွေကိုလည်း ခူးပြီး ချက်စားလို့ရကြောင်းပြောပြပါတယ်၊ အသီးအမှည့်ကို ချက်စားတယ် (အသီးမှည့်ကို မီးအုံးပြီး ငရုတ်သီးနဲ့ ရောထောင်းစားရင် အလွန်ကောင်းပါတယ်) အသီး အစိမ်းကို  သုပ်စားကြပါတယ်၊ အသီးမှည့်ကို ခူး ဓါးနဲ့ ပါးပါးလေးလှီးပြီး နေရောင်အောက်မှာ အခြောက်ခံကြတယ်၊ တာရှည်ခံအောင်လို့ပါ။ မက်လင်ခြောက်ကို စျေးကွက်တင်ရောင်းကြတယ်။ အသားဟင်းထဲ မှာ အချဉ်ဓာတ်ရဖို့ မက်လင်ခြောက်ကို ထည့်ကြတယ်။ မက်လင်က အလွန်ချဉ်သောအရသာရှိတယ်။ မက်လင်ခေါက်ဟာ အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း တို့ကို အလျှင်အမြန်ကောင်းစေပါတယ်။ ဝလွန်းနေသောသူ၊ အဆီဓာတ်များသူ၊ လှုပ်ရှားမှုနည်းသူ၊ စည်းစိမ်ခံလွန်းသူ၊ အရက် ဘီယာ အသောက်များသူ၊ အသည်းအဆီဖုံး​​နေသူတွေအတွက် မက်လင်ခြောက်က အထူးသင့်လျော်ပါတယ်။ 

   á€€á€™á€šá€˜á€Źá€•္ဍ်မသဏ ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်း အဆီချချင်သူများအတွက် မက်လင်ချဥ်က အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။ အကောင်းဆုံးအဆီကျဆေးကို Garcinia cambogia ကနေထုတ်ယူပါတယ်။ မြန်မာနိုင်ငံမှာ မက်လင်ပင်တွေရှိတဲ့အတွက် စျေးချိုချို အန္တရာယ် ကင်းကင်း သောက်သုံးလို့ရနေပါပြီ..

Photos & Content Soruce- ကိုသက်နိုင်ဦး

ဟုမ္မလင်း


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်