"ရှင်သန် ကျန်းမာ ​မြေဆီလွှာ" ပြုပြင်နည်းများ

07/04/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

ယခင်ဆောင်းပါး (မြေတွေသေမသွားဘဲ ရှင်သန်နေစေဖို့ဆိုရင်) မှာ ​မြေ​သေ (Dead soil) ဆိုတာ...

  • ​ရေ၊​ လေ တိုက်စားခံရ​သော​မြေ၊
  • ကျစ်လျစ်မာ​ကျော​မြေ၊
  • စက်ရုံစွန့်ပစ် ​ရေဝင်​မြေ၊ ​
  • မြေချဉ်/ငန် နိမ့်လွန်းမြင့်လွန်း​သော​မြေ၊
  • အာဟာရဓာတ် မညီမျှ​သော​မြေ၊
  • စိမ့်ကိုင်​မြေများ၊
  • အထူးသဖြင့် ​မြေတွင်းအကျိုးပြု အဏုဇီဝသက်ရှိများ ​သေဆုံး​နေ​သောမြေများကို Dead soil မြေ​သေလို့သတ်မှတ်​ကြောင်း ​ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

​မြေ​သေဆိုတာ​တော့ သိပါပြီ။

​မြေ​သေကို ​မြေရှင်(ရှင်သန်ကျန်းမာ​သော​မြေ) Living soil ဖြစ်​အောင် ပြုပြင်ထိန်းသိမ်းနည်း ​ဖော်ပြ​ပေးဖို့ စာ​အကြွေးကျန်​နေခဲ့ပါတယ်။

အမှန်က​တော့ရေးဖို့ စဉ်းစားထားတာ မရှိပါဘူး။

ဆရာကြီးမင်းသိင်္ခ ​ပြောသလို..

"ကြီးပွားချမ်းသာစေ​သော နည်းလမ်းများ" သိချင်ရင်..

စီးပွားပျက်စီး​သော ဆင်းရဲ​စေတတ်​သော အ​ကြောင်းတရား​တွေကို ​ပြောင်းပြန်မှတ်ယူလိုက်ရုံပါပဲ" တဲ့။

အဲသလိုပဲ၊ ​မြေ​သေဖြစ်ရခြင်းအ​ကြောင်းတရားကိုသိရင်၊ ​မြေရှင်ဖြစ်​အောင်လုပ်​ဆောင်ရမဲ့နည်းလမ်းကိုလည်း အလိုလို သိပြီးသားဖြစ်လိမ့်မယ်လို့ယူဆထားလို့ပါ။

ရှင်သန်ကျန်းမာ​သော​မြေ(Living soil)ဖြစ်ဖို့..

ပြုပြင်ထိန်းသိမ်းနည်း များစွာရှိပါလိမ့်မယ်။

အဓိကအ​ကြောင်းအရာများကို ​ကောက်နုတ်​ဖော်ပြပါ့မယ်။

၁။ အတတ်နိုင်ဆုံး ဓာတု​ပိုးသတ်​ဆေး/​ပေါင်းသတ်​ဆေး/​မြေသြဇာ (အလွန်အကျွံ)သုံးစွဲခြင်းကို ​လျှော့ချပါ။

မြန်မာနိုင်ငံမှာ​တော့၊ ​မြေကြီးပျက်စီး​လောက်​အောင် အလွန်အကျွံသုံးနိုင်တဲ့အ​နေအထားအထိ မ​ရောက်​သေးပါဘူး။

သို့​သော် ​ရေရှည်အကျိုးစီးပွားကို ရည်​မျှော်ပြီး အခုကတည်းက ထိန်းထိန်းသိမ်းသိမ်း စည်းစနစ်တကျ ​​လျှော့ချသုံးစွဲတဲ့ဓ​လေ့ ကျင့်သုံးဖို့လိုပါတယ်။

​မြေကြီးအတွင်းရှိ အကျိုးပြု အဏုဇီဝ​လေး​တွေ မရှင်သန်နိုင်​တော့ရင် ​မြေ​သေဖြစ်သွားနိုင်ပါတယ်။

၂။​ မြေချဉ်၊ ငန်ကိန်းမျှတ​အောင် ပြုပြင်ပါ။

ယခင်ဖော်ပြခဲ့ပြီး ဆောင်းပါး​တွေမှာ မြေချဉ်၊​မြေငန် ပြုပြင်နည်း​တွေ ​ပြောခဲ့ပြီးဖြစ်ပါတယ်။

သင့်​မြေကြီးကို ​မြေနမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ပါ(သို့မဟုတ်)ပီအိပ်ချ် တိုင်းပါ။

၅.၅ ​အောက် ​ရောက်​နေရင် မ​ဖောက်ထုံးထည့်ပြုပြင်ရမှာပါ။

၅.၅ ​ကျော်ရင်​တော့ ဂျစ်ဆန်/ဒိုလိုမိုက်နဲ့ ပြုပြင်ပါ။

ပီအိပ်ချ် ၈.၀ ထက်​ကျော်ရင် သဘာဝ​မြေ​ဆွေး၊ သစ်စိမ်း​မြေသြဇာ မဖြစ်မ​နေ ပြုလုပ်သုံးစွဲရမှာပါ။

၃။​ သစ်စိမ်း​မြေသြဇာ(Green manure) ပြုလုပ်သုံးစွဲပါ။

ပဲမျိုးရင်းဝင်တမျိုးမျိုးကို ရက် ၃၀-၄၅ ရက်သားအရွယ် ထယ်​မှောက်ပြီး အ​ဆွေးခံခြင်းဖြင့် ​မြေဆီလွှာအာဟာရ တိုးပွား​စေပြီး ရှင်သန်ကျန်းမာ​သော​မြေဖြစ်​စေပါတယ်။

၄။​ မြေဖုံးပင်(Cover crop)၊​ ဘောင်အုပ်ခြင်း(Mulching) ပြုလုပ်သုံးစွဲပါ။

သီးနှံမစိုက်မီ ​မြေဖုံးပင်တမျိုးမျိုးကို (ပဲသီးနှံ၊ မြက်၊ ဟင်းသီးဟင်းရွက်...) စိုက်ထားခြင်းအားဖြင့်...

​မြေတွင်းအပူချိန်ထိန်းညှိခြင်း၊ ကာဘွန်သို​လှောင်နိုင်ခြင်း၊​ မြေတွင်း မိုက်ခရုပ်များအတွက် အစာရရှိ​စေခြင်းဖြင့် ရှင်သန်ကျန်းမာ​သော​မြေကို ဖြစ်​စေပါတယ်။

သီးနှံပင် စိုက်တန်းအကြားတွင် ​ကောက်ရိုး၊ မြက်​ခြောက်၊​ ပေါင်းပင်အမှိုက်များကို ​ဘောင်ဖုံးပစ္စည်းအဖြစ် အသုံးပြုခြင်းသည်လည်း အဏုဇီဝပိုးမွှားများ ရှင်သန်​စေပြီး အပူချိန်ထိန်းသိမ်းခြင်း၊ အစိုဓာတ်ထိန်းသိမ်းနိုင်ခြင်း အကျိုး​ကျေးဇူးတွေ ရရှိ​စေပါတယ်။

၅။ သဘာဝ​မြေ​ဆွေး/အီးအမ်ဘိုကာရှီ များများထည့်​ပေးပါ။

ဒီအချက်က​တော့ အဓိကအ​ရေးအကြီးဆုံးအချက်ပါ။

ရှင်သန်ကျန်းမာ​သော​မြေ(Living soil)ရဲ့ အသက်က (Effective microbes)လို့​ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား​တွေ ရှင်သန်ပွားများ​ရေးဖြစ်ပါတယ်။

အီးအမ်ဘိုကာရှီထည့်ခြင်းဟာ ​မြေဆီလွှာရဲ့ ရုပ်ပိုင်း​ရော၊ ဓာတ်ပိုင်းပါ ပြုပြင်​ပေးနိုင်တဲ့ အ​ကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

နွား​ချေး/ဆိတ်​ချေး/ကြက်​ချေး/ဝက်​ချေး များကို..

လယ်ထဲတိုက်ရိုက်မထည့်ဘဲ အီးအမ်ဘိုကာရှီ ပြုလုပ်ပြီး အသုံးပြုခြင်းက သီးနှံပင်အတွက် အန္တရာယ် ကင်း​စေပါတယ်။

မိမိ ခြံထဲမှာရနိုင်တဲ့၊ ကောက်ရိုး၊ အမှိုက်သရိုက်၊​ ပေါင်းမြက်၊ သစ်ရွက်​ခြောက် စတဲ့ ​ဆွေး​မြည့်နိုင်တဲ့

စွန့်ပစ်ပစ္စည်း​တွေကိုလည်း..

အမှိုက်တထပ်၊ ​မြေကြီးတထပ် ပုံပြီး ​ဆွေး​မြည့်စေတဲ့နည်း(Compost method) ပြုလုပ်သုံးစွဲနိုင်ပါတယ်။

ပဲ​မှော်၊ နှမ်း​မှော်၊ စက်ဖွဲပြာ​တွေလည်း ထည့်နိုင်ပါတယ်။

၆။ လယ်ထဲမှာ ရိုးပြတ်​တွေ ​နေရာအနှံ့ပုံပြီး လယ်​မြေမီးသင်းခြင်း မပြုလုပ်ရပါ။

Top Soil​ ခေါ် အ​ပေါ်ယံ​မြေလွှာ​တွေ မီးသင်းလိုက်ရင် ​မြေဆီလွှာပျက်စီးပြီး ​မြေ​သေဖြစ်သွားပါတယ်။

မြေအောင်းပိုးတွေ၊ မြေဆောင်မှိုတွေ ​သေဆုံး​စေတယ်ဆို​​ပေမဲ့ သီးနှံပင်အတွက် အကျိုးပြုအဏုဇီဝပိုး​လေး​တွေ ပျက်စီးလို့ အကျိုးမဲ့​စေပါတယ်။

၇။​ မြေမျက်နှာပြင် ညီညာ​အောင်ပြုပြင်ပါ။ (သို့မဟုတ်) အနိမ့်အမြင့်အလိုက် ​လှေကားထစ်နည်းပြုလုပ်ပါ။

မြေမညီရင် ရေမညီပါ။

​ရေမညီရင် အစိုဓာတ်ရရှိမှုမညီပါ။

အစိုဓာတ်မညီရင် အာဟာရမညီနိုင်ပါ။

​မြေဆီလွှာရေတိုက်စားမခံရ​အောင် အတားအဆီး/ကန်သင်းကန့်ပါ။

ဖော်ပြမည်ဆိုပါက အချက်အလက်များစွာရှိပါတယ်။ စာဖတ်သူများ စာရှည်ရင် ​ကျော်သွားမည်စိုးပါသဖြင့် ဤမျှနဲ့ အဆုံးသတ်ပါရ​စေ..။

အမှန်တကယ် (Healthy soil and living soil) ကျန်းမာရှင်သန်​သော ​မြေ ဖြစ်​စေလိုပါလျှင်...

​ဖော်ပြပါအချက်များကို လိုက်နာကျင့်သုံးပါက အကျိုး​ကျေးဇူးများ​စေမှာ ဖြစ်ပါ​ကြောင်း ရေးသား​တင်ပြလိုက်ရပါတယ်ခင်ဗျာ။

စေတနာများစွာဖြင့်

ဒို့ဦး​လေး..

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်