ဗိုင်းရပ်စ်တွေ ဘယ်လို ပျံ့နှံ့ပါသလဲ

30/06/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသော‌နေ့လေးဖြစ်ပါစေ

ဒီတစ်ခေါက်မှာ ဘာအကြောင်းကို ပြောကြမလဲဆိုတော့ ဗိုင်းရပ်စ်တွေအကြောင်းကို ပြောကြမယ်။

ဗိုင်းရပ်စ်တွေဆိုတာက တစ်ပင်နဲ့ တစ်ပင်ကို အင်းဆက်တွေရဲ့ အကူအညီနဲ့ ကူးစက်ပျံ့နှံ့ပါတယ်။ အဲ့လိုပြောင်းလဲကူးစက်ချိန်မှာ သူတို့ကို သယ်ဆောင်ပေးနိုင်တဲ့ အင်းဆက်သက်ရှိတွေပေါ်မှာ တည်ရှိနေနိုင်တဲ့ အချိန်ကာလနဲ့ ပတ်သတ်ပြီးတော့ သူတို့ကို အပိုင်းအခြား () ခု နဲ့ အမျိုးအစား () မျိုးခွဲထားပါတယ်။

(က) မကြာရှည်

() ကြာရှည်နဲ့

() တစ်ဝက်သား ပါ။

ရှုပ်သွားတာလား။ အောက်မှာ ရှင်းပြထားပါတယ်လေ။

(က) မကြာရှည်

ဗိုင်းရပ်စ်တွေက သူတို့ အပင်တွေ တစ်ပင်ကနေ တစ်ပင်ကို စီးတော်ယာဉ် အင်းဆက်တွေကို စီးနေတုန်းမှာ ခရီးပမ်းတာတို့ ဘာတို့ဆို သေသွားနိုင်တယ်။ အချိန်ကာလအားဖြင့် မကြာတဲ့ ကာလနဲ့ တူတူရှိခဲ့တဲ့ ဗိုင်းရပ်စ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ သခွား မှိုဆိပ် (မှန်ကွက်) ဗိုင်းရပ်စ်နဲ့ အာလူးမှာ ကျတဲ့ဗိုင်းရပ်စ် တွေလို ဗိုင်းရပ်စ်တွေပဲဖြစ်ပါတယ်။ သူတို့က ပျတွေကနေ တစ်ဆင့် ကူးစက်တာများပါတယ်။ သူတို့ရဲ့ ရောဂါ လက္ခဏာက များသောအားဖြင့်က မှန်ကွက်လိုပုံစံ မှန်ကူကွက် (Mosaic) လက္ခဏာတွေပြတတ်ပါတယ်။ သူတို့ အတွက် အောက်က အချက်လေးတွေဲ့ ခွဲခြားပါတယ်။

() သူတို့ရဲ့ အင်းဆက် ကူညီသူတွေဆီ ဝင်ရောက်ဖို့ အချိန်က စက္ကန့် (၃၀) ကနေ () မိနစ်ပဲ ကြာပါတယ်။ နေတာကလည်း အပေါ်ဖက်ပိုင်းလေးမှာပဲ နေတာဖြစ်တဲ့အတွက် ပျတွေက သူတို့ နှုတ်သီးနဲ့ အောက်ဖက်ပိုင်းအထိ ရောက်အောင် ထိုးစရာမလိုတော့ပါဘူး။ အရမ်းကြီး အောက်ဖက်ကို ရောက်သွားတယ်ဆိုရင်လည်း သူတို့က နည်းနည်းပဲ ပါလာတော့မှာပါ။

() နောက်တစ်ပင်ကို ရောက်သွားတာနဲ့ သူတို့က ပျတွေပေါ်ကနေ ဆင်းတယ်။ ပြီးတော့ ချက်ချင်းကို စားသောက် သောင်းကျန်းတော့တာပါပဲ။ အနားယူနေတယ် ဆိုတာ မရှိပါဘူး။

() တစ်ခုရှိတာက အင်းဆက်တွေ အပေါ်မှာ အချိန်ခဏတာပဲ နေနိုင်ပါတယ်။ ဒါက အဓိကအချက်ပါ။ အဲ့ဒါကြောင့် မကြာရှည်လို့ နာမည်ပေးရတာဖြစ်ပါတယ်။

() ကြာရှည်

သူတို့ကတော့ ပါဝါရိန်းဂျား အဝါကောင်တွေပါ။ အဝါရောင်ရှိတဲ့ ရောဂါလက္ခဏာတွေကို ထုတ်ပြလေ့ရှိတာကြောင့်ပါ။ တစ်ချို့ဆို အပင်တွေရဲ့ အစာကြောကိုတောင် ပိတ်ဆို့အောင် လုပ်တတ်ကြပါတယ်။ သူတို့ရဲ့ အကူအညီ အင်းဆက်တွေကတော့ ဖြုတ် ဖြစ်ပြီးတော့ တစ်ခါတစ်လေဖြစ်တောင့် ဖြစ်ခဲ အနေနဲ့က ပျတွေလည်း ပါပါတယ်။

() သူတို့ အင်းဆက်အကောင်တွေပေါ်မှာ အဆင်သင့်ဖြစ်နေဖို့ ဆို အနည်းဆုံး မိနစ် (၃၀)လောက်လိုပါတယ်။ သူတို့က နေတာကလည်း အပင်တွေရဲ့ အစာကြောထဲ ထိဝင်ရောက်နေထိုင်တာ ကြောင့်လည်း ပါပါတယ်။

() နောက် အပင်ပေါ်ရောက်တဲ့အချိန်ကျရင်လည်း သူတို့ ချက်ချင်း မစားနိုင်သေးပဲနဲ့ ခဏလောက်တော့ အနားယူပြီးတော့မှ စ စား စ ဖျက်ဆီးတာဖြစ်ပါတယ်။

() ဒါပေမဲ့ သူတို့က သူတို့ကို သယ်ဆောင်ပေးတဲ့ အင်းဆက်တွေမှာ အကြာကြီးနေနိုင်တဲ့ ဇီဝ ဆက်သွယ်ချက်တွေ ရှိပါတယ်။ တစ်သက်လုံး ကပ်တွယ်ပြီးနေနိုင်တဲ့ အထိဖြစ်ပါတယ်။

() တစ်ဝက်သား

တစ်ဝက်သား ဆိုတာကတော့ သူက အကြာကြီးနေနိုင်တာလည်း မဟုတ်ဘူး။ ခဏလေးပဲလား ဆိုတော့လည်း မဟုတ်ပြန်တော့ သူက ကြားနေဖြစ်ပါတယ်။ အပင်တွကို အင်းဆက်တွေကနေ တစ်ဆင့် ကူးစက်တဲ့အချိန်မှာ အောက်က အချက်တွေဖြစ် လေ့ရှိပါတယ်။

() မကြာရှည်နဲ့ ကွာတဲ့အချက်ပါ။ အင်းဆက်တွေက အပင်များများ ကူးပြီး စားတယ် ဆိုရုံလောက် စားတာနဲ့ တင် ပျံ့နှံ့မှုကို မအောင်မြင်ပါဘူး။

() တစ်ခြား အပင်ပေါ်ကို ‌ရောက်တာနဲ့ ချက်ချင်း စားနိုင်တာမျိုး ရှိသလို တစ်ချို့ ဗိုင်းရပ်စ် တွေက အင်းဆက်ကိုယ်ထဲမှာ (၇ ကနေ ၈) နာရီလောက် နေထိုင်ပြီးတော့မှ အပင်ပေါ်ကို ဆင်းတာမျိုးလည်း ရှိပါတယ်။ အလှပြင်ချိန်ယူတာပေါ့လေ။

() တစ်ဝက်သားတွေက () ရက်နေ () ရက်လောက်ထိ အင်းဆက်တွေ အပေါ်မှာ နေနိုင်တာမျိုးလည်း ရှိတယ်။ ဒါကျတော့ ကြာရှည်နဲ့ ကွာသွားပါတယ်။ ကြာရှည်ကတော့ အင်းဆက်တွေ နဲ့ တစ်ဘဝ လုံး ယှဉ်တွဲပြီးတော့ နေနိုင်ပါတယ်။

အင်းဆက်တွေကနေ ဗိုင်းရပ်စ်တွေ ကူးတယ်နော်။ အရေးကြီးတယ်။ အင်းဆက်တွေ ရှိတယ်ဆိုရင်လည်း သတိထားရမယ်။

သတိမူပြီး ကြီးပွားကြပါစေ..

ထွန်းဝင်းကျော်

Reference

PTY 211: Principle of Nematology, Plant Bacteriology and Plant Virology

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်