ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်း(အပိုင်း- ၁)

18/05/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 လတ်ဆတ်မှုမရှိ ရင့်ထော်နေတဲ့ ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးနဲ့ မညီညွတ်သလို၊ အာဟာရဂုဏ်သတ္တိ တန်ဖိုးများလည်း ပျက်ပြယ်သွားပြီမို့မည်သို့ပင် ငွေကုန်ခံ အချိန်ကုန်ခံပြီး ဝယ်ယူချက်ပြုတ်ထားပါသော်လည်း၊ အရသာမရှိ အချည်းနှီးဖြစ်ရပါတယ်။

 နေ့တဒူဝ ချက်ပြုတ်စားသောက်နေရသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို နည်းမှန်လမ်းမှန်ဖြင့် ရွေးချယ်တတ်မှသာ ကျန်းမာသုခ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

 သို့ပါ၍ အိမ်ထောင်ရှင်မ(စားဖိုမှူး)များအတွက် ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်းများကို ဆောင်းပါးရှင် ပေါက်ပေါက်ရဲ့ ဆောင်းပါးဖြင့် အောက်ပါအတိုင်း အသိပေးမျှဝေလိုက်ရပါတယ်။

 ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး

 ရင့်သောဗုံလုံသီး(ပဲလင်းမြွေသီး)များဟာ ခါးသက်သက်ဖြစ်ကာ၊ အရသာလဲမရှိတော့ပါ။ ဒါကြောင့်ဗုံလုံသီးကို အရင်းမှကိုင်ဆကြည့်ပါ။ အောက်ဖက်သို့ အတန်ငယ် ညွတ်ကျနေသောအသီးများက နုပြီးလတ်ဆတ်နေပါတယ်။

 ခဝဲသီး

 အသီးရဲ့အညှာဘက်ထိပ်မှ မသိမသာချိုးကြည့်ခြင်းဖြင့် အနုအရင့်ကို သိနိုင်ပါတယ်။ အခွံမြှောင်းတိမ်ပြီး မြှောင်းကျယ်နေလျှင်ရင့်ပြီး၊ မြှောင်းကျဉ်းလျှင် နုပါတယ်။ အစိမ်းရောင်တောက်တောက် အသီးကလည်းနုပါတယ်။

 ဩဇာသီး

 သြဇာသီးကို ကိုင်ဆကြည့်တဲ့အခါ၊ လက်ထဲမှာအလေးချိန်စီးပြီး မျက်ကွင်းကျယ်သော အသီးရင့်ရင့်ကိုသာရွေးချယ်ပါ။ အသီးတွေ မပိပြားရလေအောင် အင်ဖက်တွေဖြင့် အထပ်လိုက်ဖုံးအုပ်ထားပါ(သို့) ဆန်အိုးထဲမှာအမှည့်ခံပါ။ အသီးနုနုတို့ကို အချိန်ကြာမြင့်စွာ အုပ်ထားသော်လဲ မမှည့်လာဘဲ မှိုတက်ပြီးမည်းသွားတတ်ပါတယ်။

 ရုံးပတီသီး

 ရုံးပတီသီး အနုအရင့်ကို ခွဲခြားနိုင်ဖို့အတွက် အဖျားဘက်ရှိ အချွန်လေးကို ချိုးကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ချိုးလိုက်၍ ဆတ်ခနဲကျိုးသွားလျှင်နုပြီး၊ မကျိုးဘဲထိပ်ကွဲသွားလျှင် ရင့်ပါတယ်။

 ကြောင်လျှာသီး

အပေါ်ယံအခွံရောင်မှောင်လေ ကြောင်လျှာသီးရင့်လေဘဲ ဖြစ်ပါတယ်။ ကြောင်လျှာသီးကို အရင်းမှကိုင်ဆကြည့်တဲ့အခါ အောက်သို့ ကွေးညွတ်ပျော့ကျလေ နုလေပါဘဲ။

 ခရမ်းသီး

 နှိပ်ကြည့်ပါက မာနေရင် ရင့်ပါတယ်။ လတ်ဆတ်သော ခရမ်းသီး၏ အရောင်မှာ ခရမ်းသွေးကျပြီး ပြောင်လက်နေပါတယ်။ ရှုံ့ပြီး ပျော့နေလျှင် မလတ်ဆတ်တော့ပါဘူး။ (ခရမ်းရှည်သီး-ခရမ်းဝိုင်းသီး-ခရမ်းကြွပ်သီးများအားလုံးကို ဤနည်း အတိုင်းသာရွေးချယ် ပါ)

 တည်သီး

 မရင့်မှည့်ခင်အရောင်မှာ ခပ်ဖျော့ဖျော့ရှိပြီး၊ အပေါ်ယံအရေခွံများလည်း မာတင်းနေပါတယ်။ အသီးမမှည့်သေးခင်စားပါက အရသာအလွန်ဖန်ပါတယ်။ တည်သီးမှည့်လာသောအချိန်တွင် အရောင်ရင့်သွားပြီး၊ အခွံလည်းပျော့အိလာကာ မှည့်လေချိုလေပါဘဲ။ မျိုးစိပ်ပေါ်မူတည်ပြီး တည်သီးကို လိမ္မော်ဝါရောင်(သို့)လိမ္မော်နီရောင် အဖြစ်မြင်တွေ့နိုင်ပါတယ်။ လိမ္မော်နီရောင် အသီးမျိုးက အရသာပိုကောင်းပါတယ်။ မမှည့်သေးတဲ့တည်သီးကို ဆန်အိုးထဲထည့်၍အမှည့်ခံပေးနိုင်ပါတယ်။

ဒန့်သလွန်သီး

 လတ်ဆတ်ပြီးနုတဲ့ ဒန့်သလွန်သီးရဲ့အရောင်ဟာ စိုပြည်ပြီး အစိမ်းရောင်ဖြစ်ပါတယ်။ မွဲခြောက်ပြီးပြုတ်ထ၍ ချေးကွက်တွေဖြစ်ပေါ်နေရင် ရင့်တတ်ပါတယ်။ အခွံမှာ အမြှောင်း သုံးခုလည်းပေါ်နေခြင်းကလည်း အသီးရင့်တဲ့ လက္ခဏာတွေပါဘဲ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြထားပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်