ရတနာသစ်ပင်လို့တင်စားကြတဲ့ သခွပ်နီ

18/08/2021 12:45 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    သခွပ်နီပင်ကို သိကြလား။ နာမည်တွေကတော့ အမျိုးမျိုးခေါ်ကြပါတယ်။ ရှမ်းတောင်ဘက်မှာဆိုရင် မာကာကွတ်ပင်လို့ခေါ်ကြတယ်။ သကြားသီးပင်လို့လည်း ခေါ်လေ့ရှိကြပါတယ်။ သိပ္ပံအမည် Muntingia calcbura, Jamaican Cherry လို့ ခေါ်ပါတယ်။ တစ်ချို့ဒေသဘက် လမ်းဘေးတွေမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးထားကြပါတယ်။ 

    အသီးမှည့်ကို စားလို့ရသလို ယိုထိုးကြတာမျိုးလည်း ရှိပါတယ်။ အရွက်ကို လက်ဖက်ခြောက်အနေဖြင့်လည်း ခပ်သောက်လို့ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေရှိပါတယ်။ မူရင်းဒေသကတော့ မက္ကစီကိုတောင်ပိုင်းမှ တောင်အမေရိကနှင့် ကာရစ်ဘီယံ တို့ဖြစ်ပါတယ်။ 

    ငှက်တွေကြိုက်သော အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ငှက်တင်မကပဲ ငါးတွေဟာဆိုရင်လည်း ကြွေကျလာတဲ့အသီးတွေကိုစားပြီး ကြိုက်နှစ်သက်ကြောင်းသိရပါတယ်။ ဒါ့ကြောင့် ဘရာဇီးနိုင်ငံ မြစ်ကမ်းတစ်လျှောက်မှာဆိုရင် ထိုအပင်တွေကိုစိုက်ထားပြီး ငါးအစာအဖြစ် ဂေဟစနစ်ကိုထိန်းလျက် စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် လောင်စာနဲ့ သစ်အရင်းအမြစ်အဖြစ်၊ အသားကို ကျေးလက်ဒေသ ဆောက်လုပ်ရေးတွေမှာ သစ်အဖြစ် အသုံးပြုပြီး အမျှင်များတဲ့အခေါက်ကို လျှော်ကြိုးအဖြစ် အသုံးပြုလို့ရပါတယ်တဲ့။

    အပင်ကြီးထွားမှုမြန်ပြီး အပင်သက်တမ်း အများဆုံးနှစ် ၃၀ ထိရှိပါတယ်။ အဖြူရောင်ပန်းပွင့်ပြီး အသီးများရင့်မှည့်တဲ့အခါ အနီရောင်ပါ။ စိုက်ပျိုးပြီး နှစ်နှစ်လောက်မှာ အသီးစသီးပါတယ်။ 

    သခွပ်နီပင်ကို pH 5.6-8.5 ကြားတွင် စိုက်ပျိုးနိုင်ပါတယ်။ မြေဆီညံ့သောမြေတွင်လည်း စိုက်ပျိုးဖြစ်ထွန်းတဲ့အတွက်ကြောင့် ရှေ့ဆောင်မျိုးစိတ်တစ်ခုအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ၎င်းအပင်ကို အပူပိုင်းဒေသတွင်သာမက မိုးရွာသွန်းမှုမြင့်မားသောဒေသတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။ ၆၀-၉၀ ဒီဂရီဖာရင်ဟိုက်ကြားတွင်လည်း ပန်းပွင့်နိုင်ပြီး ၉၅ ဒီဂရီဖာရင်ဟိုက်ကျော်ရင်တော့ ရေပေးဖို့လိုအပ်ပါမယ်။ ဆားငံဒဏ်ကိုတော့ မခံနိုင်ပါ။ တစ်နှစ်တစ်ကြိမ် အပင်ခြေပတ်လည်တွင် သဘာဝမြေသြဇာထည့်ပေးနိုင်ပါတယ်။ အပင်ခြေပတ်လည်ကို မြေဖုံးပေးခြင်းဖြင့် အမြစ်ကို အပူလွန်ခြင်း၊ အအေးလွန်ကဲခြင်းဒဏ်တို့မှ ကာကွယ်ပေးပါတယ်။ မြေဖုံးပေးခြင်းဖြင့် အစိုဓာတ်ကိုလည်း ထိန်းပြီးသားဖြစ်စေပါတယ်။ အပင်မဟုန်စေဖို့ကို ကိုင်းချိုင်ခြင်းပြုလုပ်ပေးရပါမယ်။ ပန်းပွင့်နေတဲ့ အကိုင်းများကိုတော့ ကိုင်းချိုင်ခြင်းမပြုလုပ်ပေးသင့်ပါ။

    သူ့မှာ လူသိပ်မသိတဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အချက်တွေလည်းရှိနေပါတယ်။ 

၁။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ဂုဏ်သတ္တိ

    သခွပ်နီသီးက သဘာဝပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါတယ်။

၂။ ဗီတာမင် စီ ရဲ့အရင်းအမြစ်တစ်ခု

    သခွပ်နီသီး ၁၀၀ ဂရမ်သည် ဗီတာမင်စီ ၁၅၀ မီလီဂရမ်နဲ့ ညီမျှတယ်လို့ လေ့လာချက်အရ သိရပါတယ်။ ဗီတာမင်စီပါတဲ့အတွက် ကိုယ်ခံအားကောင်းစေပြီး အအေးမိ၊ နှာစေးအတွက်လည်း သက်သာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။

၃။ ဂေါက်ရောဂါကို သက်သာစေသည်

     ဂေါက်ရောဂါဟာ အချို့သောအစားအစာများကို လွန်စွာစားသုံးခြင်းနှင့် ရေလုံလောက်စွာမသောက်ခြင်းတို့ကြောင့် ယူရစ်အက်စစ် (uric acid) များ စုပုံလာခြင်းကြောင့်ဖြစ်သော အဆစ်နာခြင်းတစ်မျိုးဖြစ်ပါတယ်။ သခွပ်သီးသည် ဂေါက်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်သော်လည်း တစ်နေ့လျှင် ၉ လုံးကနေ ၁၂ လုံးထိကို ၃ ကြိမ်ပုံမှန်စားပေးပါက အဆစ်နာခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

၄။ ခေါင်းကိုက်ခြင်းကို သက်သာစေသည်

    သခွပ်နီသီးက သွေးကြောပိတ်ဆို့ခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားရခြင်းကိုလည်း သက်သာစေပါတယ်။ သွေးလည်ပတ်ခြင်းကို ပုံမှန်လည်ပတ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

၅။ ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်သည်

    သခွပ်နီသီးရဲ့အရသာသည် ချိုသော်လည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေရန် ကူညီပေးပါတယ်။ ဒါ့ကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

၆။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းကို သက်သာစေပြီး နှလုံးကိုလည်း အားကောင်းစေပါတယ်။

၇။ အရေးကြီးတဲ့ အာဟာရဓာတ်များ

    အသီးမှာဆိုရင် အမျှင်ဓာတ်၊ ပရိုတင်း၊ ကယ်လစီယမ်၊ ဖော့စဖောရပ်စ်၊ အိုင်းရွင်းနဲ့ ဗီတာမင် ဘီ ဓာတ်တို့ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် သွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒီလိုအာဟာရဓာတ်တွေပါဝင်နေမှုကြောင့်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေသည်မှာ မထူးဆန်းပါပေ။  

၈။ ကင်ဆာကာကွယ်ပေးနိုင်တယ်

    သုတေသနပြုချက်တွေအရ အရွက်သည် ကင်ဆာအကြိတ်ကြီးထွားမှုကို လျော့ချပေးသော ဂုဏ်သတ္တိများရှိသည်ကို တွေ့ရှိခဲ့ရသည်။ 

၉။ ရောင်ရမ်းမှုများကို သက်သာစေသည်

     အရွက်ကို အခြောက်ခံ အပိုင်းအစတွေချေပြီး လက်ဖက်ရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အဆစ်များရောင်ခြင်းနဲ့ အဖျားကို သက်သာလျော့ကျစေနိုင်ပါတယ်။

၁၀။ သွေးဖိအားကို လျော့နည်းစေသည်

    ဆေးလိပ်သောက်ခြင်း၊ ဆား အရမ်းသုံးခြင်း၊ အဆီများသောအစားအစာနဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့် သွေးဖိအားမြင့်တဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ သွေးကြောများက ခန္ဓာကိုယ်တစ်လျောက် ရွေ့ဖို့ခက်ခဲသွားတဲ့အချိန်မှာ သွေးကြောတွေမှာ ဖိအားမြင့်လာစေပါတယ်။ သွေးဖိအားမြင့်လာတဲ့အခါ နှလုံးဖောက်ခြင်း (heart attacks) နဲ့ လေဖြတ်ခြင်းတို့ ဖြစ်လာရပါတယ်။ သခွပ်နီရွက်လက်ဖက်ရည်မှာပါဝင်တဲ့ နိုက်ထရစ်အောက်ဆိုဒ်ပမာဏက သွေးကြောတွေကို ပုံမှန် လွတ်လွတ်လပ်လပ်စီးဆင်းစေပြီး သွေးဖိအားကိုလျော့ကျစေပါတယ်။ 

၁၁။ အစာချေဖျက်အားကောင်းစေသည်

    အသီးက အစာအိမ်ထဲလေထခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အစာမကြေခြင်းကိုလည်း သက်သာစေတဲ့အတွက်ကြောင့် ပုံမှန်စားပေးသင့်ပါတယ်။

    အာဟာရပညာရှင်တွေရဲ့ ညွှန်ကြားချက်မှာ အသီးအတိုင်းစားရင်ကို ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိနေတဲ့အပြင် ပတ်ဝန်းကျင်စိမ်းလန်းမှုနဲ့ ဂေဟစနစ်ကိုပါ ထိန်းသိမ်းသွားနိုင်ဖို့အတွက် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာလည်း သခွပ်နီပင်ကိုစိုက်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ကိုးကား- https://gardenoracle.com/images/muntingia-calabura.html

https://www.lifehack.org/294083/13-wonderful-health-benefits-kerson-fruits-you-may-not-know


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်