ကီးစတုန်းမျိုးစိတ်များမိတ်ဆက် - ၁

28/04/2023 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

#နိဒါန်း

ရောမခေတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတလျှောက်တွင် အရေးကြီးသော လမ်းခုလတ်မှတ်တိုင်တစ်ခု ဖြစ်သည်။ ရောမခေတ်အကြောင်းပြောလျှင် ယင်းခေတ်၏ ဗိသုကာလက်ရာများမှာလည်း မပါမဖြစ်ပေ။ ရောမခေတ်အဆောက်အဦများ၏ ထင်ရှားသောအမှတ်အသားများအနက် တစ်ခုကတော့ အမိုးခုံး(Roman arch) များ ဖြစ်သည်။ 

ယနေ့မျက်မှောက်ခေတ်ကဲ့သို့ ခေတ်မီစက်ယန္တရားများ၊ တိုင်းတာရေးနည်းလမ်းများ၊ ကုန်ကြမ်းများ မပါဝင်ဘဲ ကျောက်တုံးများကိုပင် အသုံးပြုကာ အနုပညာလက်ရာမြောက်ပြီး နှစ်ပေါင်းထောင်ချီကြာမြင့်အောင်ပင် ခိုင်မာလွန်းလှသည့်  Roman arch များကို တည်ဆောက်ခဲ့ကြပုံမှာ နှောင်းခေတ်လူသားတို့ပင် လေးစားအားကျခဲ့ရသည်။ စင်စစ် ယင်း Roman arch များသည်ပင် ရောမခေတ် ဗိသုကာလက်ရာများ၏ အခြေခံအကျဆုံးအစိတ်အပိုင်းများ ဖြစ်သည်။ ယင်းတို့သည် ရှေးခေတ်သမိုင်းတလျှောက် ဆောက်လုပ်ရေးလုပ်ငန်းများ ထွန်းကားလာစေဖို့ အဓိကကျသည့် တွန်းအားတစ်ခုလည်း ဖြစ်သည်။ 

Roman arches များ တည်ဆောက်ရာတွင် ဘေးနှစ်ဖက်မှ ကျောက်တုံးကြီးများကို  စီကာဆင့်ကာဖြင့် တည်ဆောက်လာပြီး အပေါ်သို့ရောက်လာသည့်အခါ နှစ်ဖက်စလုံးမှ ကျောက်တုံးများကို အတွင်းသို့ ကွေးညွှတ်ကာ ဆက်လက်စီရီကြရသည်။ ထိုကျောက်တုံးများ၏ အလယ်တည့်တည့်တွင် ကီးစတုန်း (Keystone) ဟု ခေါ်သော ကျောက်တုံးကို သပ်လျှိုကာ ဖိချပေးရသည်။

ကီးစတုန်းများသည် နှစ်ဖက်စလုံးရှိ ကျောက်တုံးများကို ခိုင်မာစေသည့်အပြင် နှစ်ဖက်အဆက် အစပ်ကိုလည်း တည်ဆောက်ပေးသည်။ ထို့ကြောင့် Roman arches များ၏ ခိုင်မာမှုမှာ ကီးစတုန်းများပေါ်တွင် မူတည်သည်။ အကယ်၍ ကီးစတုန်းကို ဖယ်ရှားလိုက်ပါက Roman arch မှာ ပြိုကျပျက်စီးသွားမည် ဖြစ်သည်။ 

လူ့ပတ်ဝန်းကျင်တွင် ကြုံတွေ့ရသည့် ကိစ္စရပ်များကို လေ့လာသုံးသပ်ကြသည့်အခါတွင်လည်း ယင်းကိစ္စရပ်၏ အစိတ်အပိုင်းများအနက်မှ တစ်ခုခုကို ဖယ်ရှားလိုက်ရုံဖြင့် ကိစ္စရပ်ကြီးတစ်ခုလုံး ပျက်သုဉ်းသွားရသည့်အနေအထားမျိုး ရှိနေတတ်ပါသည်။ ထိုကဲ့သို့သော အစိတ်အပိုင်းမျိုးကို Roman arch များရှိ ကီးစတုန်းများနှင့်တင်စားကာ ကီးစတုန်းဟု ခေါ်ဝေါ်လေ့ ရှိကြပါသည်။ 

လူသားတို့နေထိုင်ရာ ကမ္ဘာမြေကြီး၏ ဂေဟစနစ်ကို လေ့လာရာတွင်လည်း ဂေဟစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်ထားသည့်မျိုးစိတ်များရှိနေသည်ကို ပညာရှင်များ တွေ့ရှိခဲ့ကြပါသည်။ ဂေဟစနစ်တစ်ခုအတွင်းမှ မျိုးစိတ်တစ်ခုကို ဖယ်ရှားလိုက်ရုံဖြင့် ယင်းဂေဟစနစ်တစ်ခုလုံး ပျက်သုဉ်းသွားရသည့် သာဓကပေါင်းများစွာကို သုတေသီများက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမျိုးစိတ်များကို သုတေသီများက ကီးစတုန်းမျိုးစိတ်များ (Keystone species) ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။

အင်္ဂလိပ်စာရေးဆရာ ဂျော့ချ်အိုဝဲလ် (Gorge Owell) ၏ “Animal Farm” ဟူသော ဝတ္ထုမှာ ကမ္ဘာကျော်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် “ခြေလေးချောင်းတော်လှန်ရေး” ဟူ၍ ဆရာ ကြီး သခင်ဗသောင်း က ဘာသာပြန်ဆိုခဲ့သည်။ ထိုဝတ္ထုနှင့်အတူ ဝတ္ထုထဲမှ “All animals are equal, but some animals are more equal than others. (သတ္တဝါအားလုံးမှာ တန်းတူညီမျှပင်ဖြစ်သည်။ သို့သော် တချို့သတ္တဝါများမှာမူ အခြားသူများထက်ပို၍ တန်းတူညီမျှရှိကြသည်)” ဟူသော စကားမှာလည်း ကမ္ဘာ ကျော်ခဲ့ရသည်။ ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်ရှိသော ဂျော့ချ်အိုဝဲက လူတန်းစားကွာခြားမှုမရှိသော လူ့ဘောင်ကို တည်ဆောက်လိုသည့် ကွန်မြူနစ်၊ ဆိုရှယ်လစ်များကို ထေ့ငေါ့ကာ ရေးသားခဲ့ခြင်းဖြစ်သည်။ 

ထိုစကားကိုပင် ခေတ်သစ် ဂေဟဗေဒပညာရှင်များက အခြားအဓိပ္ပာယ်တစ်မျိုးဖြင့် ပြောဆိုနေကြပြန်သည်။ “All animals are equal, but some animals are more equal than others.” ဟူသော Gorge Owell ၏ စကားကို ဂေဟဗေဒပညာရှင်များက အခြား ပုံစံတစ်မျိုးဖြင့် နားလည်လက်ခံထားကြသည်။ 

သက်ရှိမျိုးစိတ်များအားလုံးသည် ဂေဟစနစ်ကြီးအတွက် ညီမျှစွာ အရေးကြီးကြသည် ချည်းဖြစ်သော်လည်း အချို့မျိုးစိတ်များ (ကီးစတုန်းမျိုးစိတ်များ) မှာမူ ဂေဟစနစ်ကြီး ရှင်သန်ကောင်းမွန်ရေး အတွက် ပို၍ ညီမျှစွာ အရေးကြီးကြသည် မဟုတ်ပါလား။ 

#ခိုင်ကြည်သစ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်