မွေးမြူရေးကဏ္ဍတိုးတက်ရေး နွားကောင်ရေ ၄၅၀ဝ ကျော် မေထုန်မဲ့သားစပ်နည်းဖြင့် မကွေးတိုင်းအတွင်းဆောင်ရွက်မည်

06/12/2018 13:05 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက် ယခုနှစ်အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ မေထုန်မဲ့သားစပ်နည်းဖြင့် နွားကောင်ရေ ၄၈၁၈ ကောင်အား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မေထုန်မဲ့သားစပ်လုပ်ငန်းအနေနဲ့ တိုင်းအစိုးရထောက်ပံ့ရန်ပုံငွေ ကျပ် ၃၇၅ သိန်းနဲ့ နိုက်ထရိုဂျင်အိုးကြီးနဲ့ အိုးသေး ၂၅ အိုးစီ ဝယ်ယူခဲ့သလို ကုမ္ပဏီတစ်ခုကလည်း နိုက်ထရိုဂျင်အိုးကြီး ၁၀ လုံး၊ အိုးသေး ၂၈ လုံးတို့ကို လှူဒါန်းပေးထားပါတယ်။ အဲဒါကြောင့် စုစုပေါင်း နိုက်ထရိုဂျင်အိုးကြီး ၃၅ လုံးနဲ့ အိုးသေး ၅၃ လုံးတို့ကို ၂၅ မြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်နွားများ ပြန့်ပွားနိုင်ရေး၊ မေထုန်မဲ့သားစပ်နည်းလုပ်ငန်း ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်"ဟု မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်စိုးဦးက ပြောဆိုသည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်