ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ(ဒိုင်ယာဇီနွန်)

05/07/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား
  • Diazinon(ဒိုင်ယာဇီနွန်)
  • Chemical name = (phosphorothioate.)
  • Chemical group = Organophosphate

စျေးကွက်ဝင်ဆေးအမည်များ - ဒိုင်ယာဒရင်း/ဒါရိုက်/​ဖော်ဒီနွန်/ပန်ဒီနွန်..

အဆိပ်သင့်လမ်း​ကြောင်း(MoA) - inhibits the enzyme acetylcholinesterase

​ဆေးအာနိသင် - ထိ​သေ/စား​သေ အဆိပ်နှင့် အသက်ရှူလမ်း​ကြောင်းဆိုင်ရာအဆိပ်သင့်​စေပါသည်။

ဆေးအမျိုးအစား - အင်းဆက်​ဆေး၊ မွှားပင့်ကူ​ဆေး၊ ​မြေတွင်းပိုးသတ်​ဆေး၊ မျိုး​စေ့လူး​ဆေး၊ အိမ်တွင်းအင်းဆက်​ဆေး၊ အိမ်​မွေးတိရစ္ဆာန် ပိုးမွှားကာကွယ်​ဆေး..

အဓိကနှိမ်နင်းနိုင်​သော ဖျက်ပိုးများ

  • သရက်၊ လိ​မ္မော်၊ ​ရှောက်၊ သံပရာ၊ သစ်သီးဝလံများ - သီးထိုးယင်များ
  • ငှက်​ပျော၊ သ​​​င်္ဘော၊ နာနတ်၊ ကြံ၊​ ပြောင်း - ပင်စည်ထိုးပိုး၊ ဖူးထိုးပိုးများ
  • ဟင်းသီး/ရွက်၊ အာလူး၊ မုံလာထုပ် - စိန်ကွက်ဖလံ၊ ရွက်စားပိုးများ
  • စပါးဆစ်ပိုး၊​ ကျောက်ဆူးပိုး၊ ဖြုတ်ညို၊ င​မြောင်​တောင် ပိုးများ
  • မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း - ဖိုးလမင်းကျိုင်းများ၊ ပင်ဖြတ်ပိုးများ
  • နှမ်းခင်း - အပင်ငယ်ဖျက်ဆီး​သောပုရစ်များ
  • ခြ၊ပုရွက်ဆိတ်နှင့် အိမ်တွင်း ပိုးမွှားများ
  • ​မြေတွင်းပိုးမွှားများ....

အသုံးပြုရန်နှုန်းထား

  • Diazinon.10G = ၃​ ပေါင် - ၄​ပေါင်/ဧက
  • Diazinon 50EC = 400 - 800 CC /ဧက

အဆိပ်သင့်မှု

 

သန(၅၀) = (၁၂၅၀ မီလီဂရမ်/ကီလိုဂရမ်)

ရေ​နေသတ္တဝါများ၊ ပျားများကို ပြင်းထန်စွာ အဆိပ်သင့်​စေပါသည်။

မြေတွင်းတီ​ကောင်များအတွက် အဆိပ်အနည်းငယ်သာ ထိ​ရောက်ပါသည်။

သီးနှံပင်​လောင်ကျွမ်းမှု

ပန်းသီးများနှင့်အချို့သစ်သီးများတွင် ဆေးပြင်းထန်စွာထိပါက အ​ရောင်​ပြောင်းသွားတတ်ပါသည်။

သတိပြုရန် - ကော့ပါးပါ​သော အယ်ကာလီပစ္စည်းများနှင့်​ရောမဖျန်းရပါ။

မှတ်ချက် ။  ။ OPI အုပ်စုတွင်း ​ဆေး ai များ အရဖော်ပြ​ပေးခြင်းသာဖြစ်ပြီး လက်ရှိ​စျေးကွက်ထဲတွင် အသုံးနည်း​နေပြီဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်