ဆေးရွက်ကြီးအာနိသင်ကဲ့သို့​သော ​ဆေးအုပ်စု - နီယိုနီကိုတီနွိုက်

12/07/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ

#Neo-nicotinoids (နီယိုနီကိုတီနွိုက်အုပ်စု - ​ဆေးရွက်ကြီးအာနိသင်ကဲ့သို့​သော ​ဆေးအုပ်စု)

Neo-nicotinoids ဆေးအုပ်စုများဟာ သွေး၊ ဦးနှောက် အတားအဆီးများကိုအလွယ်တကူမဖြတ်သန်းနိုင်လို့ နို့တိုက်သတ္တဝါများကို အဆိပ်သင့်မှု လျှော့ချပေးပါတယ်။

မြန်မာနိုင်ငံစိုက်ပျိုးရေးဈေးကွက်အတွင်းမှာတော့...

  • Pyrethroids,
  • O.P.I,
  • O.C.I,(ကန့်သတ်ထားပြီး)
  • Carbamate,
  • Neo-nicotinoids,
  • Phenylpyrazole,
  • Bt..
  • Diamide အုပ်စု ပိုးသတ်ဆေးများအဖြစ် တွေ့နိုင်ပါတယ်။

၁၉၉၁ ခုနှစ်လောက်မှစ၍ နို့တိုက်သတ္တဝါများအတွက်အဆိပ်သင့်မှုကိုလျှော့ချရန်နှင့် အင်းဆက်ဖျက်ပိုးများကိုအဆိပ်သင့်မှုမြင့်မားစေရန် Necotinic receptor (Neonicotinoids) ဆိုတဲ့ အုပ်စုအသစ်ကို ထုတ်လုပ်သုံးစွဲလာကြတာဖြစ်ပါတယ်။

Neo-nicotinoids (First generations)

- Imidacloprid 

​စျေးကွက်ဝင်​ဆေးအမည်များ (ဂိမ်း 20 WP, အင်ဖာနို,​ ဒိုဇာ, အေမီဒါ,​ လေဆာ,​ ရွှေမီဒါ, ​ဂေါ်ချို, ယာကာရှီ...)

- Nitenpyram   

​စျေးကွက်ဝင်အမည်များ (စက်ကင်းရှယ် 70 WDG ...)

- Acetamiprid  

​စျေးကွက်ဝင်အမည်များ ( အဆက်- 20 SL,​ ရွှေဆီတာ,​ မော့ပီလန်., အဆီတာဂရို...)

- Thiacloprid

ဟူ၍ ခွဲခြားထားပါတယ်။

Neo-nicotinoid (Second generation )

- Thiamethoxam

​စျေးကွက်ဝင်အမည်များ (တင်းဒါး 2.47% SC,​ ကေလာ....)

- Cycloxaprid 

ဟူ၍ ခွဲခြားနိုင်ပါတယ်။

Neo-nicotinoid (Third generation)

- Dinotefuran

မှတ်ချက်။   ။ ယခုနှစ်မှစ၍ Imidacloprid အုပ်စုမှာ( Bee killer) ဝတ်မှုံကူးပျားများကို အဆိပ်သင့်နှုန်းမြင့်မားမှု၊ သီးနှံဓာတ်ကြွင်းရာနှုန်းမြင့်မားမှု​တို့ကြောင့် မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာနမှ (foliar application) အပင်ဖျန်း​ဆေးအဖြစ် အသုံးပြုခြင်းကို ကန့်သတ်ထား(Restricted) ပြီး မျိုး​စေ့လူး​ဆေးအဖြစ်သာ ခွင့်ပြုထား​ကြောင်းသိရှိရပါသည်။

Chemical Group:  Neo-nicitiniod group of insecticide

အဆိပ်သင့်လမ်း​ကြောင်း(Mode of Action) - selectively bind and interact with the insect nicotinic acetylcholine receptor site.

ဆေးအာနိသင် - ပင်လုံးပြန့် အာနိသင်

- အခြား​ဆေးအုပ်စုများနှင့် ပေါင်းစပ်လုပ်ဆောင်မှုနှင့် ပိုးဥများကန်း​စေ​သော (Ovicidal) လုပ်ဆောင်မှု။

ဆေးအမျိုးအစား - အင်းဆက်​ပိုးသတ်ဆေး၊ မျိုး​စေ့လူး​ဆေး

အဓိကနှိမ်နင်းနိုင်​သောဖျက်ပိုးများ - သီးနှံမျိုးစုံ(သစ်သီးဝလံ၊ ပန်းမာလ်၊ ဟင်းသီးဟင်းရွက်၊ လယ်ယာသီးနှံများ) တွင် ကျ​ရောက်​သော စုပ်စားပိုးအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

အသုံးပြုရန်နှုန်းထား

၄ ဂါလံဆေး ၁ ပုံး = ၁၀ -၂၀ စီစီ (သီးနှံ/ပိုး အနည်းအများ၊ အကြီးအ​သေးလိုက်ပြီး နှုန်းထားကိုချိန်ဆဖျန်းပါ)

အဆိပ်သင့်မှု

သန(၅၀) = (imidacloprid in rats is 475 mg/kg and the acute dermal LD50 exceeds 5,000 mg/kg.)

သီးနှံပင်​လောင်ကျွမ်းမှု

အညွှန်းပါအတိုင်း အသုံးပြုပါက၊​ ဆေး​လောင်ခြင်းမရှိပါ။

ဖြည့်စွက်တင်ပြချက် - စုပ်စားပိုးကာကွယ်ရေးအတွက် မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုနေသော Imidacloprid နေရာတွင် အပင်ဖျန်း​ဆေး(folia application  for sucking pests) အဖြစ် အစားထိုး(ai)တစ်ခုလိုနေတာ အမှန်ဖြစ်ပါတယ်။

Neonicotinoide ရဲ့ First generation များအနက် ပျားများနဲ့ နို့တိုက်သတ္တဝါများကို အဆိပ်သင့်မှုနည်းစေပြီး စုပ်စားပိုးများအတွက် အထိရောက်ဆုံးပိုးသတ်ဆေးအုပ်စုမှာ Acetamiprid အုပ်စုဖြစ်ပါတယ်။

Imidacloprid ကဲ့သို့မြေကြီးထဲတွင်ကြာရှည်စွာတည်တံ့မနေဘဲ အပင်အစိတ်အပိုင်းအားလုံးကိုပျံ့နှံ့ကာ စုပ်စားပိုးကိုကောင်းစွာကာကွယ်နိုင်သဖြင့် Imidacloprid အစားထိုးအသုံးပြုနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် Acetamiprid သည် Imidacloprid ထက် ယင်ဖြူကိုကာကွယ်နိုင်မှု ကာလကြာရှည်သည်ကို တွေ့ရပါတယ်။ (Ovicide action) ဥသတ်နိုင်စွမ်း အာနိသင် ပါဝင်ပါတယ်။

မှတ်ချက်။   ။ အော်ဂင်နိုဖော့စဖိတ်အုပ်စု (OPI) ကိုလည်း အစားထိုးအသုံးပြုနိုင်ပြီး သီးနှံမျိုးစုံအတွက် စုပ်စားပိုးများကို ကောင်းစွာနှိမ်နင်းနိုင်ပါတယ်။

#Thiamethoxam ကတော့ အပင်ဖျန်း​ဆေးအဖြစ် စုပ်စားပိုးမျိုးစုံကို ကာကွယ်နိုင်ရုံသာမက.....

မျိုး​စေ့လူး​ဆေး (Seed treatment) အဖြစ်လည်း အသုံးပြုနိုင်ပြီး မြေတွင်းပိုး (​ကျောက်ပိုး၊ ဖိုးလမင်းကျိုင်း၊ ခြ၊ပိုးတီ ...စသည်) များကို ကာကွယ်နှိမ်နင်းနိုင်ပါ​ကြောင်း ရေရှည်တည်တံ့​သော စိုက်ပျိုး​ရေးစနစ်ကို​ရှေးရှုပြီးသကာလ ရေးသားတင်ပြအပ်ပါတယ်။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်