ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ(ဖန်သိုအိတ်)

21/06/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

စျေးကွက်ဝင်အမည်များ - ကမ်မရွန်း/အယ်လ်ဆန်/ဗိုက်ဆန်/​ဖော်ဆန်/ဟီးရိုးဆန်/​ရွှေဖန်သို/ဖန်သိုကင်း/မာလာမြိုင်ဖန်သိုအိတ်....

Chemical Group: Organophosphate group of insecticide

အဆိပ်သင့်လမ်း​ကြောင်း(Mode of Action) - cholinesterase enzyme inhibition, 

​ဆေးအာနိသင် -

  • ဖျက်ပိုးများကို ရေရှည်ထိန်းချုပ်နိုင်ပြီး အင်းဆက်ပိုးမွှားများ၏ခံနိုင်ရည်ကို ဖျက်ဆီးပေးခြင်းဖြင့် လျင်မြန်စွာနှိမ်နင်းစေသောလုပ်ဆောင်ချက်။
  • အခြား​ဆေးအုပ်စုများနှင့် ပေါင်းစပ်လုပ်ဆောင်မှုနှင့် ပိုးဥများကန်း​စေ​သော (Ovicidal )လုပ်ဆောင်မှု။
  • အနံ့ ပြင်းထန်ပြီး  အရွယ်ရောက်ပြီးသောပိုးဖလံများ ဥဥခြင်းမှ ကာကွယ်ပေးမှု

ထိ​သေ/စား​သေ အာနိသင်ရှိပြီး အင်းဆက်များကို လျင်မြန်စွာ ပြုတ်ကျ​စေ​သော အာနိသင်ရှိသည်။

​ဆေးအမျိုးအစား - အင်းဆက်​ဆေး၊ မွှားပင့်ကူ​ဆေး

အဓိကနှိမ်နင်းနိုင်​သောဖျက်ပိုးများ

  • ဝါသီးလုံး​ဖောက်ပိုး(CottonBollworm,)၊
  • ပန်း​ရောင်သီးလုံး​ဖောက်ပိုး( Pink Bollworm)၊
  • စပါးရွက်လိပ်အိမ်ပိုး(PaddyRice Caseworm)၊
  • မတ်ပဲ/ပဲတီစိမ်း ခူ​မွှေးရှည်(Black gramBihar Hairy Caterpillar)၊
  • ပဲ​တောင့်ထိုးပိုး(GramPod Borer)၊​
  • မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး(GroundnutLeaf Webber)
  • သစ်သီးဝလံ ​လှေးပိုး(Thrips)

အသုံးပြုရန်နှုန်းထား

  • သီးနှံ/ပိုး အနည်းအများ၊ အကြီးအ​သေးလိုက်ပြီး နှုန်းထားကို ချိန်ဆဖျန်းပါ။
  • ၄ ဂါလံ ဆေး ၁ ပုံး = ၄၀ - ၆၀ စီစီ

အဆိပ်သင့်မှု

  • သန(၅၀) = (၂၄၉-၂၇၀ မီလီဂရမ်/ကီလိုဂရမ်)
  • ​ရေ​နေသတ္တဝါများ၊ ပျားများကို အဆိပ်သင့်​စေနိုင်ပါသည်။

သီးနှံပင်​လောင်ကျွမ်းမှု

  • အညွှန်းပါအတိုင်း အသုံးပြုပါက ဆေး​လောင်ခြင်းမရှိပါ။
  • သို့​သော် စပျစ်နှင့်မက်မွန်၊ အနီ​ရောင်ပန်းသီးပင်များတွင် ​ဆေး​လောင်တတ်ပါသည်။

သတိပြုရန်

သီးနှံပင်များ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် နံနက်ခင်းတွင် ဆေးဖျန်းခြင်း မပြုလုပ်သင့်ပါ။ အပွင့်​ကြွေနိုင်ပါသည်။

(အခြား​ဆေးများနှင့် ​ရောစပ်ဖျန်းနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်