ဘွန်ဆိုင်းအဖြစ် အသုံးများတဲ့ ဘရာဇီးစပျစ်ပင်

20/04/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပုံမှန်သပျစ်ပင်တွေနဲ့ အနည်းငယ်မတူတဲ့ Plinia cauliflora ဆိုတဲ့ ဘရာဇီးဒေသမျိုးစပျစ်ပင်အကြောင်းကို ဗဟုသုတရအောင်ပြောပြချင်ပါတယ်ဗျ။

Myrtaceae မျိုးနွယ်ဝင်ထဲပါတဲ့ အပင်ကြီးမျိုးတစ်မျိးပဲဖြစ်ပြီး သိပ္ပံအမည်ကတော့  P.cauliflora ပဲဖြစ်ပါတယ်ဗျ။

အပင်အမျိုးအစား

အပင်ကြီးအမျိုးအစားဖြစ်ပြီး ခပ်ဖြေးဖြေးကြီးတတ်တဲ့အပင်ပါ၊ ကိုင်းချိုင်တာတွေမလုပ်ရင် ၁၅ ပေလောက်ထိမြင့်တတ်ပါတယ်တဲ့ဗျ။ အရွက်နုတွေကတော့ ပန်းရောင်လေးဖြစ်ပြီး ရင့်လာမှ စိမ်းသွားတတ်ပါတယ်တဲ့။

ဒီအပင်က အစိုဓာတ်ကြွယ်ဝပြီး ချဉ်တဲ့မြေတွေကို သဘောကျပါတယ်။ နေရာတော်တော်များများမှာပေါက်ရောက်တတ်ပေမယ့် သဲဆန်လွန်းတဲ့မြေတွေမှာတော့ မဖြစ်ထွန်းကြပါဘူးဗျ။

ရေသွင်းစိုက်ပျိုးလို့လည်းရနိုင်ပါတယ်။ ပန်းပွင့်လေးတွေကတော့ အဖြူရောင်ဖြစ်ပြီး ပင်စည်ကနေပဲ တိုက်ရိုက်ပွင့်တတ်ကြပါတယ်။ သဘာဝမှာ အလေ့ကျပေါက်နေတဲ့အပင်တွေကတော့ တစ်နှစ်မှာ ၂ ကြိမ်ထိ အပွင့်အသီးတွေ လိုက်ကြပါတယ်။ အပူပိုင်းဒေသတွေမှာ ရေသွင်းပေးတာမျိုးလုပ်ပေးမယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး အသီးရနိုင်ပါတယ်။ မတ်လကုန်လောက်မှာဆိုရင် အသီးအများဆုံး သီးလေ့ရှိပြီး တစ်ပင်ကို အလုံးတစ်ရာလောက်ထိ သီးကြပါတယ်ဗျ။

အသီးပုံစံ

အသီးတွေကတော့ ပုံမှန်စပျစ်သီးလို အခွံပါးပါး အသားထူထူဖြစ်ပြီး ၃-၄ စင်တီမီတာထိကြီးကြပါတယ်။ အသီးနုလေးတွေက အစိမ်းရောင်ဖြစ်ပြီး ရင့်သွားရင်တော့ ခရမ်းနက်ရောင်ဖြစ်သွားပါတယ်ဗျ။ လက်မဖျားလောက်ရှိကြတဲ့ အသီးတွေမှာ အစေ့ ၄စေ့လောက်ပါကြပါတယ်။ အသီးပုံစံတွေကတော့ မျိုးခွဲအလိုက်အမျိုးမျိုး ရှိတတ်ကြပါသေးတယ်တဲ့ဗျ။

ဘရာဇီးစျေးကွက်မှာတော့ ဒီအသီးတွေဟာ အစိမ်းစားကြတာများပြီး လူကြိုက်များကြပါတယ်။ ခူးပြီး ၃-၄ ရက်မှာ အချည်ဖောက်ကြပြီး ယိုတွေ၊ဝိုင်တွေလုပ်ကြပါတယ်တဲ့။ ခူးပြီး သိပ်အထားမခံတာကြောင့် စိုက်တဲ့ဒေသတစ်ဝိုက်မှာပဲ ဒီအသီးကို တွေ့ရလေ့ရှိပါတယ်။

ဒီအသီးနဲ့ ဆက်စပ်နေတဲ့ မျိုးကွဲတွေများစွာရှိပြီး ယေဘုယျအားဖြင့်တော့ နာမည်တွေ တူကြပါတယ်။ ဒီမျိုးစိတ်တွေအားလုံးက သမပိုင်းဒေသတွေမှာ စိုက်လို့ရနိုင်ပြီး နှင်းခါးရိုက်တဲ့ ဒါဏ်တွေကို ကြောက်ကြပါတယ်။ စိုက်ပျိုးတဲ့ဒေသရဲ့ အပူချိန်ပေါ်မူတည်ပြီး ကြီးထွားမှုကြာချိန်နဲ့၊ ခူးဆွတ်တဲ့အချိန်တွေ မတူတတ်ကြပါဘူး။ ကိုင်းကူးနည်းနဲ့စိုက်မယ်ဆိုရင်တော့ ၅ နှစ်အတွင်းမှာ အသီးသီးနိုင်ပြီး အစေ့ကနေစိုက်ရင် ၁၀ နှစ်ကနေ ၂၀ နှစ်ကြာမှ အသီးသီးနိုင်တာဖြစ်ပါတယ်။ 

ဒီအပင်တွေရဲ့ ကြီးထွားမှုနှေးတတ်တဲ့ ပုံစံ နဲ့ အပင်အရွယ်အစားသေးတဲ့ပုံစံကြောင့် သူတို့တွေကို ဘွန်ဆိုင်းလုပ်တဲ့အခါ အလှစိုက်အပင်အဖြစ် သုံးတတ်ကြပါတယ်။

ဘွန်ဆိုင်းအဖြစ် အသုံးပြုထားတဲ့ပုံအနည်းငယ်ကိုလည်း ဗဟုသုတအဖြစ်ဖော်ပြလိုက်ရပါတယ်ဗျ။

ဘွန်ဆိုင်းပင်တွေ အကြောင်းစိတ်ဝင်စားလို့ ထပ်ပြီး သိချင်ရင်တော့ အစိမ်းရောင်လမ်းမှာတင်ထားပြီးသားရှိတာမို့ ဖတ်ရှုလေ့လာနိုင်ပါတယ်ဗျ။

ထွန်းရာဇာ

Ref; https://en.wikipedia.org/wiki/Jabuticaba

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်