ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၂) ရာသီအကြိုပြင်ဆင်မှု

25/12/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Helvetas မြန်မာ Helvetas မြန်မာ မှ ပေးပို့ထားပါသည်။

      ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၁) စိုက်ခင်းစီမံခန့်ခွဲမှုအကြောင်းကို ပြီးခဲ့တဲ့အပတ်က ပြောပြပြီးပြီဆိုတော့ ခုတစ်ပတ်မှာတော့ ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများရဲ့ ဒုတိယပိုင်းဖြစ်တဲ့  ရာသီအကြိုပြင်ဆင်မှု အကြောင်းကို ပြောပြပေးသွားပါမယ်

ဒီဆောင်းပါးကို ဖတ်ရှုခြင်းအားဖြင့် 

     ကောင်းမွန်သော ရာသီအကြိုပြင်ဆင်မှု လုပ်ငန်းစဥ်၏ အရေးပါမှုအကြောင်းအရာတွေ၊ ရာသီအကြိုပြင်ဆင်မှုအတွက် လိုအပ်သာ SRP စံချိန်စံညွှန်းများအကြောင်း၊ အန္တရာယ်ရှိသော ဓာတုဓါတ်ကြွင်းများနှင့် ပတ်သက်သော တောင်သူများအမေးများသော မေးခွန်းများ၊ အန္တရာယ်ရှိသော ဓာတုဓါတ်ကြွင်းများ ကျရောက်နိုင်တာကို ဘယ်လိုသိရှိနိုင်မလဲ၊ မိမိတို့ရဲ့ စိုက်ခင်းမှာ အဆိပ်သင့်နိုင်ခြေရှိမရှိ ဆိုတာကို SRPကထုတ်ထားတဲ့ သတိထားရန်အချက်များကို အခြေခံပြီး အဖွဲ့လိုက်ဘေးအန္တာရာယ်စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်အောင် ပြောပြပေးထားတာတွေ၊အန္တရာယ်ရှိသော ဓာတုဓါတ်ကြွင်းများနှင့်သက်ဆိုင်သော လိုက်နာရမည့် အချက်တွေကို သိရှိနိုင်ပါတယ်။ 

ဆားဓါတ်ပါဝင်မှုဆိုတာ ဘာလဲ 

      မြေကြီးထဲမှာရှိတဲ့ ဆားပမာဏကို ပြောခြင်းဖြစ်ပါတယ်

- ဆားဓါတ်ပါဝင်မှုက လူတွေအတွက် ကောင်းနိုင်ပါသလား

- ဆားဓါတ်ပါဝင်မှုကို အန္တရာယ်အဖြစ်သတ်မှတ်သင့်ပါသလား

- အကယ်၍ သင်၏ မြေတွင် ဆားပေါက်ခြင်း ဖြစ်ပေါ်နိုင်ချေရှိပါက လျှော့ချနိုင်ချေရှိသော နည်းလမ်းများ၊ မစိုက်ပျိုးမီ မိမိစိုက်ခင်းတွင် ဆားပေါက်နိုင်ချေရှိမရှိ စစ်ဆေးနိုင်သောနည်းလမ်းများ၊ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်သော လိုအပ်သော နည်းလမ်းများနှင့် မြေပြုပြင်ပြောင်းလဲခြင်းနှင့် ဇီဝမျိုးစိတ်များအကြောင်းကိုလည်းသိရှိနိုင်သည်။ 

 ဒါတွေအပြင် 

- ကျူးကျော်လာသော မျိုးစိတ်များဆိုတာဘာလဲ၊ အတွေ့ရအများဆုံးသော မြေအမျိုးအစားများအကြောင်း နှင့် မြေညှိခြင်းလုပ်ငန်းစဥ်များအကြောင်း၊မျိုးများကို မျိုးကောင်းမျိုးသန့်ဆိုသည်မှာ၊ မျိုးကောင်းမျိုးသန့်များတွေ၏ အရေးပါပုံ ၊အကျိုးကျေးဇူများအကြောင်း နှင့် မျိုးကောင်းမျိုးသန့်များမှ ပေးစွမ်းနိုင်သော အချက်များ၊ SRP စံချိန်စံညွှန်းများတွင် ဖော်ပြထားသော မျိုးကောင်းမျိုးသန့်များအကြောင်းများ စတဲ့အကြောင်းအရာတွေကို  အသေးစိတ်သိရှိလေ့လာမှတ်သားနိုင်ပါတယ်နော်

     မိမိတို့ကိုယ်တိုင် မျိုးခံစိုက်ပျိုးထားသော မျိုးများမှ မျိုးကောင်းမျိုးသန့်များသို့ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့်  အထွက်နှုန်းကို  ၅ မှ ၂၀ ရာခိုင်နှုန်းအထိ ပိုမို မြင့်တက်စေပါသည်။  

     အောက်က ဗီဒီယိုလေးကတော့ SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက် ရာသီအကြိုပြင်ဆင်ရခြင်းရဲ့ အရေးပါပုံအကြောင်းကို အသေးစိတ်ရှင်းပြပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ လေ့လာကြည့်ပေးကြပါဦးရှင်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်