မိသားစု တစ်ပိုင်တစ်နိုင် ငါးကန်များတွင် အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများမွေးမြူခြင်းနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသောမေးခွန်းများ

21/12/2018 13:16 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 ၁။ အဏုအာဟာရကြွယ်ဝသော တိုင်းရင်းငါးငယ်ကလေးများဆိုသည်မှာ အဘယ်နည်း။

 မြစ်၊ ချောင်း၊ စပါးခင်းများကဲ့သို့သော သဘာဝရေပြင်များတွင် တွေ့ရှိနိုင်ပြီး ထိုငါးများကို တစ်ကောင်လုံးစားသုံးပါက ကိုယ်ဝန်ဆောင်မိခင်များ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အာဟာရပြည့်ဝရန် လိုအပ်သော ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ ဇင့်နှင့် ဗီတာမင်ဘီတွဲ (B 12) ကြွယ်ဝစွာ ရရှိနိုင်သည့် တိုင်းရင်းငါးမျိုးလေးများဖြစ်သည်။

၂။ အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို အဘယ်သို့ စတင်မွေးမြူနိုင်သနည်း။

မြစ်၊ ချောင်း၊ စပါးခင်းမှ အဆိုပါ ငါးငယ်ကလေးများကို ဇလုံ (သို့) အဝကျယ်ပုံးသုံး၍ ဖမ်းဆီးပြီး မွေးမြူမည့်ကန်ထဲသို့ ပြောင်းရွေ့ရပါမည်။ သတိပြုရန်မှာ ဇလုံ (သို့) အဝကျယ်ပုံးကို ရေဖြည့်ထားရန် လိုအပ်သည်။ အကောင်ရေ(၇၅) မှ ၁၀၀ အတွင်း ထည့်သွင်းပါက သဘာဝအတိုင်းတစ်လအတွင်း ပေါက်ဖွားနိုင်သဖြင့် ကန်အတွင်း ငါးသားပေါက်များ ထပ်မံပေါက်ဖွားရန် လုံလောက်သည်။

၃။ အဏုအာဟာရ ကြွယ်ဝသော ငါးသေးလေးများကို အခြားငါးကြီးများ ငါးကြင်းမျိုးနွယ် (ဥပမာ ငါးကြင်း/ငါးမြစ်ချင်း) ကဲ့သို့သော ငါးများနှင့်အတူ မွေးမြူနိုင်ပါသလား။

မွေးမြူနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးငယ်လေးများမှာ ငါးကြင်းမျိုးများ၏ ကြီးထွားမှုနှင့် အထွက်နူန်းကို မထိခိုက်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် အဏုအာဟာရကြွယ်ဝသည့် အစာအရင်းအမြစ်ဖြစ်သော ထိုငါးငယ်ကလေးမျာကို စားသုံးခြင်းဖြင့် အာဟာရဖွံ့ဖြိုးစေသည့်အပြင် ထိုငါးငယ်ကလေးများကို ရောင်းချခြင်းဖြင့် ဝင်ငွေလည်း ပိုတိုးစေနိုင်ပါသည်။

၄။ အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို တစ်စိတ်တစ်ပိုင်းဖမ်းဆီးစားသုံးခြင်းဆိုသည်မှာ အဘယ်နည်း။

အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို တစ်ပါတ်ခြား တစ်စိတ်တစ်ပိုင်းဖမ်းဆီးခြင်းဖြင့် ငါးကန်အတွင်း ရှိနေသင့်သည့် ငါးအရေအတွက်ကို ပုံမှန်ထိန်းသိမ်းပေးပြီး ဆက်လက်မျိုးပွားရန် ကူညီပေးသည်။ ငါးငယ်များကို စားသုံးခြင်းဖြင့်လည်း နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနျင့် ကလေးငယ်များအတွက် လိုအပ်သည့် အဏုအာဟာရများလည်း ရရှိစေပါသည်။

၅။ မွေးမြူထားသော ငါးကန်အတွင်းရှိ အဏုအာဟာရ ကြွယ်ဝသော ငါးငယ်ကလေးများကို ဖမ်းဆီးရန် အချိန် ဘယ်လောက် စောင့်ရမည်နည်း။

မြစ်၊ ချောင်း၊ စပါးခင်းများမှ ဖမ်းယူပြီး မွေးမြူမည့် ကန်အတွင်းပြောင်းရွေ့ပြီးပါက ထိုငါးငယ်ကလေးများ သားပေါက်ပွားရန် (၁ လ – ၂ လ) အထိ စောင့်သင့်ပါသည်။ ထို့နောက် ကွင်းတားပိုက်သုံး၍ ငါးငယ်များကို ဖမ်းဆီးနိုင်သည်။ မိသားစုဝင်များ၏ အစားအစာတွင် အဏုအာဟာရဓာတ်များ စဉ်ဆက်မပြတ်ရရှိစေရန် တစ်ပတ်ခြားတစ်ခါ တစ်စိတ်တစ်ပိုင်း ဖမ်းယူစားသုံးရန် တိုက်တွန်းအပ်ပါသည်။

My Culture

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်