မိသားစု တစ်ပိုင်တစ်နိုင် ငါးကန်များတွင် အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများမွေးမြူခြင်းနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသောမေးခွန်းများ

21/12/2018 13:16 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 ၁။ အဏုအာဟာရကြွယ်ဝသော တိုင်းရင်းငါးငယ်ကလေးများဆိုသည်မှာ အဘယ်နည်း။

 မြစ်၊ ချောင်း၊ စပါးခင်းများကဲ့သို့သော သဘာဝရေပြင်များတွင် တွေ့ရှိနိုင်ပြီး ထိုငါးများကို တစ်ကောင်လုံးစားသုံးပါက ကိုယ်ဝန်ဆောင်မိခင်များ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အာဟာရပြည့်ဝရန် လိုအပ်သော ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ ဇင့်နှင့် ဗီတာမင်ဘီတွဲ (B 12) ကြွယ်ဝစွာ ရရှိနိုင်သည့် တိုင်းရင်းငါးမျိုးလေးများဖြစ်သည်။

၂။ အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို အဘယ်သို့ စတင်မွေးမြူနိုင်သနည်း။

မြစ်၊ ချောင်း၊ စပါးခင်းမှ အဆိုပါ ငါးငယ်ကလေးများကို ဇလုံ (သို့) အဝကျယ်ပုံးသုံး၍ ဖမ်းဆီးပြီး မွေးမြူမည့်ကန်ထဲသို့ ပြောင်းရွေ့ရပါမည်။ သတိပြုရန်မှာ ဇလုံ (သို့) အဝကျယ်ပုံးကို ရေဖြည့်ထားရန် လိုအပ်သည်။ အကောင်ရေ(၇၅) မှ ၁၀၀ အတွင်း ထည့်သွင်းပါက သဘာဝအတိုင်းတစ်လအတွင်း ပေါက်ဖွားနိုင်သဖြင့် ကန်အတွင်း ငါးသားပေါက်များ ထပ်မံပေါက်ဖွားရန် လုံလောက်သည်။

၃။ အဏုအာဟာရ ကြွယ်ဝသော ငါးသေးလေးများကို အခြားငါးကြီးများ ငါးကြင်းမျိုးနွယ် (ဥပမာ ငါးကြင်း/ငါးမြစ်ချင်း) ကဲ့သို့သော ငါးများနှင့်အတူ မွေးမြူနိုင်ပါသလား။

မွေးမြူနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးငယ်လေးများမှာ ငါးကြင်းမျိုးများ၏ ကြီးထွားမှုနှင့် အထွက်နူန်းကို မထိခိုက်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် အဏုအာဟာရကြွယ်ဝသည့် အစာအရင်းအမြစ်ဖြစ်သော ထိုငါးငယ်ကလေးမျာကို စားသုံးခြင်းဖြင့် အာဟာရဖွံ့ဖြိုးစေသည့်အပြင် ထိုငါးငယ်ကလေးများကို ရောင်းချခြင်းဖြင့် ဝင်ငွေလည်း ပိုတိုးစေနိုင်ပါသည်။

၄။ အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို တစ်စိတ်တစ်ပိုင်းဖမ်းဆီးစားသုံးခြင်းဆိုသည်မှာ အဘယ်နည်း။

အဏုအာဟာရကြွယ်ဝသော ငါးငယ်ကလေးများကို တစ်ပါတ်ခြား တစ်စိတ်တစ်ပိုင်းဖမ်းဆီးခြင်းဖြင့် ငါးကန်အတွင်း ရှိနေသင့်သည့် ငါးအရေအတွက်ကို ပုံမှန်ထိန်းသိမ်းပေးပြီး ဆက်လက်မျိုးပွားရန် ကူညီပေးသည်။ ငါးငယ်များကို စားသုံးခြင်းဖြင့်လည်း နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနျင့် ကလေးငယ်များအတွက် လိုအပ်သည့် အဏုအာဟာရများလည်း ရရှိစေပါသည်။

၅။ မွေးမြူထားသော ငါးကန်အတွင်းရှိ အဏုအာဟာရ ကြွယ်ဝသော ငါးငယ်ကလေးများကို ဖမ်းဆီးရန် အချိန် ဘယ်လောက် စောင့်ရမည်နည်း။

မြစ်၊ ချောင်း၊ စပါးခင်းများမှ ဖမ်းယူပြီး မွေးမြူမည့် ကန်အတွင်းပြောင်းရွေ့ပြီးပါက ထိုငါးငယ်ကလေးများ သားပေါက်ပွားရန် (၁ လ – ၂ လ) အထိ စောင့်သင့်ပါသည်။ ထို့နောက် ကွင်းတားပိုက်သုံး၍ ငါးငယ်များကို ဖမ်းဆီးနိုင်သည်။ မိသားစုဝင်များ၏ အစားအစာတွင် အဏုအာဟာရဓာတ်များ စဉ်ဆက်မပြတ်ရရှိစေရန် တစ်ပတ်ခြားတစ်ခါ တစ်စိတ်တစ်ပိုင်း ဖမ်းယူစားသုံးရန် တိုက်တွန်းအပ်ပါသည်။

My Culture

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်