စပါးနီတိုပြဿနာ လေ့လာစရာ
စပါးစိုက်ပျိုးတဲ့ နိုင်ငံဖြစ်တာနဲ့ အမျှ နှစ်စဥ်ဆက်တိုက် စိုက်ပျိုးလာရင်းနဲ့ စပါးပင် ပင်ပွားနည်းလာတာတွေ၊ အရွက်တွေမှာ သံချေးရောင် အစင်းတွေ ဖြစ်လာတာတွေနဲ့ အပင်တွေ ကြီးထွားမှုနည်းပြီး အပင်ပုလာတာတွေ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီး ၎င်းအခြေအနေကို တောင်သူဦးကြီးတွေအနေနဲ့ စပါးနီတို ဖြစ်ခြင်းလို့ ခေါ်ဆိုကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စပါးနီတို ဘာကြောင့်ဖြစ်တယ်။ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကို ဦးကြီးတို့ လေ့လာကြရမှာ ဖြစ်ပါတယ် ခင်ဗျ။
စပါးနီတို ဘာကြောင့်ဖြစ်သလဲ
လယ်မြေတွေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ခြင်း၊ မြေဆီလွှာအောက်တွင် မပုပ်မဆွေးသော အပင်အကြွင်းအကျန်များ ရှိနေခြင်း၊ အပင်အကြွင်းအကျန်များ မဆွေးမြေ့ခင် တမန်းညှိသောအခါ မြေအောက်တွင် ရှိသော မြေချဥ်များ တက်လာပြီး အပင်အားထိခိုက်ခြင်း၊ ကန့် (ဆာလဖာဓာတ်) ရှိခြင်း၊ သစ်ဆွေးဓာတ်များပြားခြင်း၊ မြေဆီလွှာတွင် သံဓာတ်ပါဝင်မှု များပြားခြင်း၊ မစိုက်ခင် အကြိမ်ကြိမ် ထွန်ယက်ပြုပြင်ခြင်းကြောင့် တမန်းအတွင်း ကျွံကာ စပါးပင်အမြစ်များ အောက်စီဂျင်မရသဖြင့် အမြစ်ပုပ်ခြင်း၊ အပေါ်ယံ မြေသားပါးပြီး အောက်ခံမြေတွင် ဂဝံလွှာရှိခြင်း စသည့် အခြေအနေများကြောင့် စပါးနီတို ဖြစ်ပေါ်လာရပါတယ်။
အပင်အားထိခိုက်မှု

လယ်မြေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ပြီး မြေအောက်မှာလည်း မပုပ်မဆွေးတဲ့ အပင်အကြွင်းအကျန်တွေ ရှိနေမယ်ဆိုရင် ၎င်းတို့ကနေ အဆိပ်ငွေ့တွေ ထွက်လာပြီး သံဓာတ်တွေဟာ ရေထဲမှာ ပျော်ဝင်သွားကြပါတယ်။ ထို့နောက် စပါးရွက်တွေထဲမှာ သံဓာတ်တွေ စုပုံလာမယ်၊ အမြစ်တွေကလည်း ကောင်းကောင်းအလုပ် မလုပ်နိုင်ကြတော့တဲ့ အပြင် တီစူပါ၊ ပိုတက်နဲ့ အခြား အာဟာရဓာတ်တွေကိုလည်း မစုပ်ယူနိုင်တော့ပါဘူး။ အပင်ကြီးထွားမှုနှေးလာပြီး ပင်ပွားထွက်ရှိမှုလည်း နည်းလာပါမယ်။ စပါးရွက်တွေမှာလည်း ထိပ်ကနေ စပြီးအောက်အထိ အညိုရောင် အစက်တွေ ဖြစ်လာမယ်။ အရွက်ရဲ့ အရောင်ဟာလည်း လိမ္မော်ရောင်ကနေ အညိုရောင်ပြောင်းလာပါမယ်။ အပင်ကိုနုတ်ကြည့်လိုက်ပါကလည်း အမြစ်မှာ မသန်စွမ်းသလို သံချေးရောင်တွေ့ရပြီး နမ်းကြည့်ပါကလည်း သံချေးနံ့ ရမှာ ဖြစ်ပါတယ်။ စပါးခင်းကို အဝေးကနေလှမ်းကြည့်လိုက်ရင် တစ်ခင်းလုံး နီတိုဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ် ကြမလဲ
စပါးပြီး စပါး ဆက်တိုက်စိုက်ပျိုးခြင်းဟာ နီတို လက္ခဏာကို ပိုအားပေးရာ ရောက်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် သီးလှည့်စိုက်ပျိုးကြည့်ပါ။ စပါးနီတို ဖြစ်ပွားတတ်တဲ့ စိုက်ခင်းတွေကို နွေထယ်ရေးလှန်ပြီး ထယ်ရေးပက်လက်ထားတာ၊ မြေအခြောက်ခံတာလည်း အကျိုးရှိပါတယ်။ သဘာဝမြေသြဇာ ထည့်ရင် နီတိုလက္ခဏာ ပိုဆိုးတာကြောင့် နီတို ဖြစ်တတ်တဲ့ စိုက်ခင်းတွေကို သဘာဝ မြေသြဇာ မထည့်ဖို့လိုပါတယ်။ မြေပြင်တဲ့ အချိန်မှာ ရိုးပြတ်တွေ၊ ပေါင်းမြက်တွေကို ကင်းစင်အောင် ကောက်ယူရပါမယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ထယ်ရေး ထွန်ရေး နက်ရင်လည်း အပင်အတွက် ထိခိုက်နိုင်တာကြောင့် သတိပြုရပါမယ်။ မြေပြင်ချိန်မှာ ပိုတက်၊ တီစူပါထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ စက်ဖွဲပြာမှာ ဆိုရင် ပိုတက်ဓာတ်ပါရှိတာကြောင့် အသုံးပြုလို့ ရပါတယ်။ စပါးငယ်စဥ်မှာ နီတိုဒဏ်ကို မခံနိုင်တာကြောင့် တိုက်ရိုက်ချစိုက်ခြင်းနှင့် ကြဲခင်းများ မလုပ်သင့်ပါဘူး။ ပျိုးသက် ၃၀ ထက်မနည်းဘဲ စိုက်ပျိုးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ စပါးကောက်ပင်လှန်ချိန်ကစပြီး နှစ်ကြိမ်ခန့် သမန်းနှိုးပေးမယ် ဆိုရင် သမန်းထဲမှာ ရှိနေတဲ့ အဆိပ်ငွေ့တွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ စိုက်ခင်းထဲမှာ ရေများနေရင် နီတို ပိုဆိုးတာကြောင့် ရေသွင်းရေထုတ် လွယ်ကူမယ်ဆိုရင်တော့ မြေအစိုဓာတ်ရှိရုံထားတာ ပိုသင့်တော်ပါမယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- လယ်သမားကြီးများသိထားရမယ့် စပါးအထွက်တိုးစေတဲ့ အင်္ဂါရပ်များနဲ့ သဘောတရားများ - ဘဟိန်း (စိုက်ပျိုး)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်တွင်ကျရောက်တတ်သောရောဂါများ
အကြောင်းအရာ 2
စပါးပင်နှင့် နီတို
အကြောင်းအရာ 3
စပါးနီတို
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုနိုင်လင်း
လွန်ခဲ့သော ၁ လ ကထောက်ခံပါတယ်
KOThu
လွန်ခဲ့သော ၅ နှစ် ကဘာဆေးသုံးရမလဲပြ
ဦးသိန်းထိုက်
လွန်ခဲ့သော ၅ နှစ် ကဘာဆေးတေရော သုံးလို့ရသေးလည်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026