ပြည်ပပို့ဈေးကွက်ပြန်ကောင်းလာ၍ ကဏန်းပျော့ဈေးကွက် ပြန်မာလာ

27/04/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် မွေးမြူရေးကဏန်းပျော့များကို ရန်ကုန်စျေးကွက်ဘက်က ပြီးခဲ့သည့်မတ်လမှစ၍ ဝယ်ယူမှု ပြန်လည်များပြားလာသည်ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အိမ်နီးချင်းနိုင်ငံများနှင့် အာရှ၊ ဥရောပနိုင်ငံအချို့ထံတင်ပို့ရောင်းချဖို့အတွက် အဓိကထွက်ကုန်ဒေသဖြစ်သည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ကဏန်းပျော့မွေးမြူရောင်းဝယ်ရေးလုပ်ငန်းများမှာ ၂၀၂၁ ခုနှစ်(နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီးမှစ၍)ရပ်တည်လုပ်ကိုင်ရန် အခက်အခဲများရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

“ ပြည်တွင်းစျေးကွက်လောက်နဲ့ မရဘူး။ အရင်ကတည်းက ပြည်ပစျေးကွက်ကိုပဲ အားထားရတာ။တိုင်းပြည် မငြိမ်မသက်ဖြစ်လာတဲ့ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးရှိလာတဲ့အချိန်အထိ ပြည်ပစျေးကွက်နဲ့ပြန်ပြီး ချိတ်ဆက်မလုပ်နိုင်ခဲ့ဘူး”ဟု လပွတ္တာမြို့နယ်က ကဏန်းပျော့မွေးမြူရောင်းဝယ်သူတစ်ဦးက ဆိုသည်။ 

ပြည်တွင်းစျေးကွက်တွင် ယခင်က ကဏန်းပျော့တစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိ ရရှိခဲ့သော် လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှ စတင်ပြီး တစ်ပိဿာ စျေးနှုန်း ၈၀၀၀ ကျပ်ခန့်ထိ ကျဆင်းသွားခဲ့သည်ဟု သိရသည်။

သို့သော် ယခု ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ လပွတ္တာမြို့နယ်မှထွက်ရှိသည့် ကဏန်းပျော့များကို ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အများအပြား ပြန်လည်တင်ပို့ရောင်းချလာရသဖြင့် ကဏန်းပျော့ဝယ်ယူမှု ပြန်များလာခြင်းဖြစ်သည်ဟု သိရ သည်။

 

“ ကျွန်မတို့ဒေသကထွက်ရှိတဲ့ မွေးမြူရေးကဏန်းပျော့တွေကို ပြည်တွင်းရန်ကုန်စျေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာပါ။ အခုနှစ်မှာတော့ ပြည်ပစျေးကွက်က ပြန်လည်ဝယ်ယူလာလို့ မတ်လနဲ့ ဧပြီလတွေမှာ ရန်ကုန်ဘက်က အဝယ်လိုက်လာတာပါ။ ပို့ကုန်များလာတော့ မွေးမြူသူတွေရဲ့ အခက်အခဲတွေလည်း အဆင်ပြေလာတာပေါ့။ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့သူတွေလည်း အဆင်ပြေလာပါတယ်" ဟု လပွတ္တာမြို့နယ်၊ ရေထွက်ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ မတ်လ ၁ ရက်နေ့မှစကာ ၅ ရက်လျှင်တစ်ကြိမ် သန့်စင်ပြီးသားကဏန်းပျော့ပိဿာချိန် ၇၀၀၀၀ ခန့်ထိ တင်ပို့ရောင်းချနေရပြီး စျေးနှုန်းအနေဖြင့် ဆိုဒ်အရွယ်အစားပေါ်မူတည်ကာ ၁ ကီလို (၆၂ ကျပ်သားခန့်) လျှင် ၁ဝဝဝဝ-၁၃ဝ၀၀ ကျပ်ဝန်းကျင်ထိ ရရှိနေသည်ဟု သိရသည်။

အဆိုပါဒေသတွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းကို နွေရာသီတွင် အဓိကလုပ်ကိုင်ကြပြီး မွေးမြူသည့်ကန်တစ်ကန်လျှင် လုပ်သားအနည်းဆုံး ၁၅ ဦးမှ ဦးရေ ၂၀ ထိ ငှားရမ်းခေါ်ယူလုပ်ဆောင်နေရကာ မွေးမြူရေးလုပ်သားတစ်ဦးလျှင် တစ်လငွေကျပ် ၁၄၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးရသည်ဟု သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်