မြန်မာ့ကင်းမွန် ထိုင်းဘက်ကအဝယ်လိုက် ဈေးကောင်းရနေ

15/02/2023 14:47 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မြန်မာ့ကင်းမွန်များကို ထိုင်းနိုင်ငံဘက်က အဝယ်လိုက်နေပြီး လက်ရှိမှာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဈေးကောင်းလည်း ရရှိနေကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံက သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်ကဝယ်ယူပေးနေသည့် မြန်မာ့ကင်းမွန်စျေးနှုန်းများမှာ အေးခဲကင်းမွန် ၁ ကီလိုဂရမ် (၆၂ ကျပ်ခွဲသား)လျှင် အရွယ်အစားအပေါ်မူတည်၍ ဘတ် ၁၃၀ မှ ၁၆၃ ဘတ်ကြား (မြန်မာ ကျပ်ငွေ ၁၁၀၀၀ မှ ၁၃၀၀၀ ကြားခန့်) စျေးရနေသည်ဟု သိရသည်။ သဘာဝအတိုင်း သန့်စင်ပြီး နေလှန်းအခြောက်ပြုလုပ်ထားသည့် ကင်းမွန်အခြောက် ၁ ကီလိုဂရမ်လျှင်တော့ ၅၇၀ ဒသမ ၆ ဘတ် (မြန်မာ ကျပ်ငွေ ၄၇၀၀၀ ခန့်) ထိ စျေးကောင်းရရှိနေသည်ဟု ကင်းမွန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

ယခင်နှစ်များကတော့ ထိုင်းနိုင်ငံစျေးကွက်များတွင် မြန်မာ့ကင်းမွန်စျေးနှုန်းမှာ အေးခဲကင်းမွန် ၁ ကီလိုဂရမ်လျှင် အရွယ်အစားပေါ်မူတည်၍ ဘတ် ၁၀၀ မှ ၁၃၀ ကြားသာ ဈေးရရှိကြပြီး သဘာဝအတိုင်း သန့်စင်နေလှန်းခြောက်များကလည်း ၁ ကီလိုဂရမ်လျှင် ဘတ် ၅၂၀ မှ ၅၅၀ ထိသာ ရရှိခဲ့ကြ၍ ယခုနှစ် တွင် ပိုမိုဈေးကောင်းရရှိနေသည့်အနေအထားဖြစ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်းမွန်(Squid) များကို ရခိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေဒေသများရှိ ပင်လယ်ရေလုပ်ငန်းများတွင် ဖမ်းယူရရှိကြသည်ဟု သိရသည်။

အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေဒေသများတွင် အများအပြားဖမ်းယူရရှိပြီး ကင်းမွန်များကို သီးသန့်ဖမ်းယူရမိနိုင်သည့် ကင်းမွန်လှေလုပ်ငန်းများကိုလည်း တီထွင်လုပ်ကိုင်ဆောင်ရွက်လာကြကာ ညဘက်တွင် မီးထွန်းဖမ်းယူကြခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းယူရမိလာသည့်ကင်းမွန်များကို မြန်မာ- ထိုင်းနယ်စပ်ဒေသရှိ မောတောင်၊ မြဝတီ၊ မြိတ်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ထိုင်းနိုင်ငံသို့ အစိမ်းအတိုင်းရေခဲရိုက်ပြီး အေးခဲကင်းမွန်အဖြစ် တင်ပို့ရောင်းချသလို အခြောက်ပြုလုပ်ကာ ကင်းမွန်ခြောက်အဖြစ်လည်း  တင်ပို့ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

ကင်းမွန်များကိုပြုတ်၍ အခြောက်ပြုလုပ်သည့်စနစ်နှင့် သဘာဝအတိုင်းသန့်စင်ပြီး နေလှန်းအခြောက်ပြုလုပ်သည့်စနစ်ဆိုပြီး နှစ်မျိုးရှိကာ သဘာဝအတိုင်းသန့်စင်ပြီး နေလှန်းအခြောက်ပြုလုပ်တင်ပို့သည့် ကင်းမွန်အခြောက်များကတော့ ပို၍ စျေးကောင်းရရှိကြောင်းသိရသည်။

မြန်မာ့ကင်းမွန်များသည် အခြားနိုင်ငံများမှကင်းမွန်များထက် အရသာပိုမို ကောင်းမွန်နေ၍ ထိုင်းနိုင်ငံဘက်က စျေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်