"အကြံပြုရန်" ကဏ္ဍလမ်းညွှန်

02/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်းဆော့ဝဲလ်မှာ လိုအပ်တာတွေ၊ ဖြည့်စွက်စေချင်တာတွေ ရှိရင် ဆက်သွယ်အကြံပေးဖို့ အတွက် အကြံပြုရန် ဆိုတဲ့ကဏ္ဍကို ထားရှိပေးထားပါတယ်။

ဒီလိုမျိုး အကြံပြုချက်တွေကို တင်ပြနိုင်ဖို့အတွက် ပထမဦးစွာ -

အဆင့်(၁) - ဆော့ဝဲလ်ရဲ့ ဝင်ဝင်ချင်း ပင်မစာမျက်နှာပေါ်က အောက်ဆုံးညာဘက်ထောင့်မှာ ရှိတဲ့ လူရုပ်ပုံအဝိုင်းလေး (ကိုယ်ပိုင်စာမျက်နှာ) ကို နှိပ်ပါ။

အဆင့်(၂) - ထို့နောက် ပေါ်လာတဲ့ ကဏ္ဍတွေထဲကမှ အောက်ဆုံးမှာ ရှိနေတဲ့ "အကြံပြုရန်" ဆိုတဲ့ စာပုံး ပုံလေးကို နှိပ်ပါ။

အဆင့်(၃) - ပေါ်လာတဲ့ စာမျက်နှာရှိ "အကြံပြုချက်အား ရိုက်ထည့်ပါ" ဆိုတဲ့ နေရာကို ထောက်ပြီး မိမိအကြံပြုလိုတဲ့ အကြောင်းအရာကို စာရိုက်ထည့်ပါ။

အဆင့်(၄) - အကြံပြုချက်ကို ရိုက်ထည့်ပြီးပါက "ပို့မည်" ကို နှိပ်ပြီး မိမိရေးထားတဲ့ အကြံပြုချက်ကို တင်ပြနိုင်ပါပြီ။

ဒါ့အပြင် အစိမ်းရောင်လမ်း ဆော့ဝဲလ်မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ပေးနေကျဖြစ်တဲ့ "ပျော်စရာပဟေဠိ" ဆိုတဲ့ အစီအစဉ်မှာလည်း ကိုယ်သိတဲ့ အဖြေကို "အကြံပြုရန်" ကဏ္ဍကနေ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်နော်။

အစိမ်းရောင်လမ်းဆော့ဝဲလ်မှ အသုံးပြုသူလူကြီးမင်းတို့ရဲ့ အကြံပြုချက်တွေကို အလေးထားကာ မွမ်းမံဖြည့်စွတ်မှုများကို အစဉ်ပြုလုပ်လျက်ရှိပါတယ်။ အသုံးပြုနေရင်း တွေ့လာရတဲ့ လိုအပ်ချက်တွေ၊ ထပ်မံဖြည့်စွတ်ချင်တဲ့ ကဏ္ဍတွေ၊ function တွေများ ရှိနေရင် အကြံပြုရန် ကဏ္ဍကနေ အလွယ်တကူပဲ အကြံပြုတင်ပြနိုင်ပါပြီ ဆိုတဲ့အကြောင်း အသိပေး တင်ပြလိုက်ပါတယ်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်