ဝါးတောများကိုစနစ်တကျစီမံအုပ်ချုပ်ခြင်း(၁)

18/09/2018 09:56 AM တွင် BIF BIF မှ ရေးသား ပြီး BIF BIF မှ ပေးပို့ထားပါသည်။

နိဒါန်း (Introduction)
မြန်မာနိုင်ငံတွင် ဝါးသယံဇာတများ ကြွယ်ဝသော်လည်း ယခုအခါတွင် အမျိုးမျိုးသောလိုအပ်ချက်များကြောင့် ဝါးများကို အထိန်းအကွယ်အရှိ အလွယ်နည်းကိုသာသုံး၍ နီးစပ်ရာလွယ်လွယ်ကူကူခုတ်ယူခြင်း၊ တနေရာတည်းတွင် အဖန်ဖန်တလဲလဲ ထုတ်ယူသုံးစွဲလာကြသည့်အခါ ဝါးအရည်သွေးများကျဆင်းလာခြင်း၊ ဝါးအရင်အမြစ်များလျော့ပါးလာခြင်းများ ဖြစ်ပေါ်လာသည့်အပြင် သန်မာသောဝါးရုံများပြန်လည်ဖြစ်ထွန်းလာခြင်း မရှိသည်ကိုလည်းတွေ့ရပါသည်။ သဘာ၀ဝါးရုံများမှသော်လည်းကောင်း ဝါးစိုက်ခင်းများမှသော်လည်းကောင်း ဝါးသယံဇာတများကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် စနစ်တကျပြုပြင်ထိန်းသိမ်းခြင်း၊ ခုတ်ယူသုံးစွဲခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ သို့မှသာ ဝါးနှင့်ပက်သက်သော အရည်အသွေးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် အရည်အသွေးကောင်းသောဝါးများကိုစီးပွားဖြစ်စဉ်ဆက်မပြတ် ထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။
ဝါးများကိုစနစ်တကျခုတ်လှဲခြင်း - Systemic Bamboo Harvesting
ဝါးရုံများ၏သဘာဝပေါက်ရောက်ဖြစ်ထွန်းပုံမှာ သက်ရင့်ဝါးများသည် ဝါးရုံများ၏အလယ်ပိုင်းတွင်သာတည်ရှိပြီး နှစ်စဉ်ထွက်သောဝါးနုများမှာ အပြင်ဘက်တွင်ရှိနေတတ်ပါသည်။ ဝါးလုံးအရင်များသည် ဝါးလုံးနုများကို ကြီးထွားသန်မာစေရန်အထောက်အကူပြုပြီး သက်တမ်းနုသောဝါးများမှ ဝါးသားဆက်များပြန့်ပွားနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့်ဝါးရုံများတွင် သက်တမ်းအချိုးအစားလိုက် ရှိသင့်သည့်ပမာဏကို ပြုပြင်ပေးရန်လိုအပ်ပါသည်။ အဆိုပါဝါးရုံများကိုစနစ်တကျပြုစု ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ကြီးဝါးလုံးများလည်း အလွယ်တကူခုတ်သိမ်းနိုင်ရန် ဝါးရုံများကို လမ်းဖွင့်ပေးရမည်။ ဤကဲ့သို့သောဝါးရုံများကို စနစ်တကျရေရှည်ထုတ်ယူနိုင်ရန် ခုတ်လဲနိုင်သည့်နည်းစနစ် သုံးမျိုးရှိပါသည်။
    ၁။ ကြက်ခြေခတ်သဏ္ဍာန်ခုတ်လဲှခြင်း
    ၂။ မြင်းခွာပုံသဏ္ဍာန်ခုတ်လှဲခြင်း
ကြက်ခြေခတ်သဏ္ဍာန်ခုတ်လှဲခြင်း (Cross cut – Method)
ပုံတွင်ပါရှိသည့်အတိုင်း ( ၂) ပေရှိလိုင်းများဖြင့် ကြပ်ညှပ်နေသော ဝါးရုံကို ကြက်ခြေခတ် ပုံသဏ္ဍာန်ဖြင့် ခုတ်ထွင်ရှင်းလင်းပေး နိုင်ပါသည်။ ဤကဲ့သို့ခုတ်ထွင်ပေးခြင်းအားဖြင့် ဝါးရုံအလယ်ပိုင်းရှိဝါးများကိုပါ ရှင်းလင်းထုတ်လုပ်နိုင်သည်။ ဖောက်ထားသည့် လိုင်းနံဘေးရှိ ဝါးရင့်ဝါးကောက်များ၊ ဝါးခြောက်များနှင့် ဝါးငုတ်တိုများကိုလည်း အခြေမှခုတ်ဖြတ်အထူး ဦးစားပေးပြီး ဖယ်ရှားရမည်ဖြစ်သည်။ ဤသို့ကြပ်ညှပ်နေသောဝါးများကို ဖယ်ရှားပြီးသော် ဝါးရုံ၏ ဘေးပတ်လည်အား မြေဖို့မြေပုံပေးခြင်း ဆက်လက်ဆောင်ရွက်ပေးခြင်းဖြင့် ဝါးရုံသစ်မှ ဝါးသားစို့ (မျှစ်)များပိုမိုထွက်ရှိလာသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။

မြင်းခွာပုံသဏ္ဍာန်ခုတ်လှဲခြင်း (Horseshoe Cut Method)
ပြွတ်သိပ်နေသော ဝါးရုံကိုစနစ်တကျ စီမံအုပ်ချုပ်နိုင်ရန်အတွက် ဖော်ပြထားသည့်ပုံအတိုင်း မြင်းခွာပုံသဏ္ဍာန် ခုတ်လှဲပေးရမည်။ ဤကဲ့သို့ခုတ်လှဲပြီးပါက ဝါးရုံအတွင်းနှင့် အပြင်တွင်ကျန်နေသော ဝါးရင့်များ၊ ဝါးခြောက်များ၊ ဝါးငုတ်များကို အခြေမှခုတ်လှဲ၍ ပင်ကြပ်နှုတ်ပေးရမည်။ ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ဝါးနုသစ်များထွက်ရှိရန် နေရာပိုမိုရရှိလာနိုင်သကဲ့သို့ ထွက်ရှိလာသောဝါး၏ကြီးထွားမှုကိုလည်းအားပေးရာရောက်သည်။ နောင်တွင်ခုတ်ယူလိုသောဝါးရင့်များကိုလ c  n n                bm, n   m,ည်းလွယ်ကူစွာနှင့် မိခင်ဝါးရုံကို မထိခိုက်စေပဲထုတ်ယူနိုင်မည်ဖြစ်သည်။
    မြင်းခွာပုံရှင်းလင်းပြီး ပင်ကြပ်နှုတ်ပြီးသော ဝါးရုံအား မိုးမကျမှီ ဝါးရုံ၏ အခြေပတ်လည်အား မြေပုံပေးခြင်းအားဖြင့် မိုးဦးကာလတွင် မျှစ်များကိုထွက်ရှိလာကြောင်းတွေ့ရမည်ဖြစ်သည်။

Source - BIF


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်