စတင်စိုက်ပျိုးပြီး ( ၇ - ၈ ) နှစ် အကြာတွင် စတင် အစေးလှီးနိုင်သည်။ အစေးလှီးယူနိုင်သော အရွယ်မှာ မျိုးသန့်စေ့မှ စိုက်သော အပင်များအတွက် မြေကြီးမှ အမြင့် လက်မ ၂၀ တွင် လုံးပတ် လက်မ (၁၈-၂၀) တွင်ရှိသော အချိန် ၊ မျိုးသန့်ဖူးဆက်အပင်များတွင် အဖူးဆက်သည့် နေရာမှ အမြင့် လက်မ ၅၀ တွင် လုံးပတ်လက်မ (၁၈-၂၀) ရှိတဲ့အခါ အစေးလှီးယူနိုင်ပါသည်။
အစေးလှီးသူတစ်ဦးလျှင် အပင်အရွယ်အစား၊ သက်တမ်း၊ အပင်အစိပ် အကျဲ အလိုက် တစ်နေ့တွင် အပင် (၃၅၀) မှ (၅၀၀) အထိ သတ်မှတ် ပေးရသည်။ မိုးရာသီတွင် အစေးမလှီးပဲ ပွင့်လင်းရာသီ ( စက်တင်ဘာ မှ မေလ) တွင် လှီးကြသည်။ အများအားဖြင့် အစေးလှီးကြောင်းကို ပင်စည်တစ်ဝက်ထားပြီး တစ်ရက်ခြားဆီ အစေးလှီးကြသည်။ ပုံမှန်အားဖြင့် ရော်ဘာပင် သဘာဝအရ အောက်ဘက် အစေးခြစ်နည်းကို သုံးသဖြင့် ဘယ်မြင့် ညာနိမ့် လှီးခြစ် ရပါသည်။ အစေး မခြစ်မီ အစေးခြစ်သုံး ပစ္စည်းများဖြစ်သည့် အစေးခြစ်ဓါး၊ ဇွန်း၊ အစေးခံခွက်၊ ချိတ်၊ ကြိုး၊ ပုလိုင်း၊ ခေါင်းမီး၊ ထမ်းတံဘိုး၊ ရုပ်ဖက် နှင့် ရေပုံးများကို ပြည့်စုံအောင် ကြိုတင် စီစဉ်ထားရှိရမည်။ အစေးလှီးလမ်းကြောင်းမှ အစေးရည်များ ဘေးသို့ လျှံမကျသွားစေရန် အစောင်းဒီဂရီအား အဖူးဖြင့်စိုက်သော အပင် တွင် ၃၀°နှင့် အစေ့စိုက်ပင် တွင် ၂၅°သတ်မှတ် ပြုလုပ်ပေးရပါသည်။
အစေးခြစ်မည့် ဓါးသည် ထက်မြက်ရမည် ဖြစ်ပြီး၊ ခေါင်းမီးသည် လင်းထိန်နေရမည်။ ဓါးဦးအား မဖြစ်မနေ ထိုးရမည်ဖြစ်ပြီး အစောင်းဒီဂရီ မှန်ကန်စွာနှင့် မဖိတ်မစင်ပဲ ဓါးစာ ကုန်ကျမှုနှုန်း နှင့် အပင်အခေါက် မပေါက်ပျက်စေရန် ပေါက်ခြစ်နည်း စနစ်ဖြင့် အသုံးပြုရပါသည်။ အစေးခံခွက်အား ခိုင်မာစွာ ထားရှိရန် နှင့် အပင်ရေ ပြည့်မီအောင် ခြစ်ရပါမည်။ သတ်မှတ်ထားသော အချိန်တွင် အစေး သိမ်းရမည် ဖြစ်ပြီး ရုပ်ဖက်ဖြင့် အစေးရည်အား အခြောက်သိမ်းရမည်။ မျိုးကောင်းမျိုးသန့် ရော်ဘာမျိုးများ ရွေးချယ် စိုက်ပျိုးထားသော ခြံသည် တစ်ဧကလျှင် ရာဘာပေါင် (၁၀၀၀) မှ (၁၂၀၀) ထိ ထွက်ရှိနိုင်သည်။

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more