ကျွန်တော် သိတဲ့ အီသလင်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သရက်သီးက ချိုလည်း မချိုဘူး …တဲ့ ဆေးသုံးပြီး အုပ်ထားတာနဲ့တူတယ် … တဲ့ …။ မစားနဲ့ မကောင်းဘူး အန္တာရယ်ရှိတယ် စသဖြင့် ပြောသံတွေ ကြားခဲ့မြင်ခဲ့ ကြုံခဲ့ဖူးပါတယ် …။ သရက်သီး စောစော စျေးကွက်မှာ တင်ရောင်းနိုင်အောင် အသီးစိမ်းကို အီသရယ် သုံးပြီး မှည့်အောင်လုပ်ထားတာ အားလုံးနီးပါးသိထားပြီး ဖြစ်မှာပါ …။ သရက်တင်မက ငှက်ပြောမှာလည်း သုံးတာ တွေ့ဖူးပါတယ် ။ အခု ရိတ်သိမ်းလွန်နည်းပညာ ဘာသာရပ်ကို ပါရဂူဘွဲ့ တက်ရောက်သင်ကြားနေစဉ် လေ့လာခဲ့ရတဲ့ ကျွန်တော်သိတဲ့ အီသလင်း (အီသရယ်) အကြောင်း ရေးပြ ပြောပြချင်ပါတယ် …။

အသီးတွေ မှည့် ခြင်းနဲ့ အီးသလင်း အကြောင်း၊ အီသလင်းရဲ့ ဂုဏ်သတ္တိ၊ ကောင်းကျိုး မကောင်းကျိုး၊ အသီးတွေ တာရှည်ခံအောင် အရည်အသွေး မပျက်အောင် ဘယ်လို လုပ်တယ် ဆိုတာ ပုံနဲ့ တကွ ရေးပြတင်ပြပေးချင်ပါတယ် (မှားခဲ့တာတွေ့ရင် ထောက်ပြစေချင်ပါတယ်)

အီသလင်းဆိုတာ အပင်က ထုတ်တဲ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ် …။ သူ့ကို စတွေ့ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ … ၁၉၀၁ တုန်းက Neljubov ဆိုတဲ့သူက တွေ့ခဲ့တာပါ။ သူက ပဲပင်တွေကို အညှောင့် ဖောက်ရာကနေ ပဲပင်ပေါက်တွေ ပုံမှန် မဟုတ်တာကို စတွေ့ခဲ့တာ၊ ပဲပင်ပေါက်တွေက တို၊ တုတ်ပြီး ကွေးနေတာတွေ့လို့ သူကထူးခြားနေပြီ ဘာဖြစ်လည်း ပေါ့ … နောက်ပိုင်းမှာ ဒါကို အီသလင်းကြောင့် ဖြစ်တယ်ဆိုတာ သိလာတယ်၊ မှတ်တမ်းထဲမှာတော့ Triple responses လို့ အင်္ဂလိပ်လို ခေါ်တယ်။

 

တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တယ် …၊ ဒါတွေက Double responses လို့ နားလည်ရင်…၊ ကောင်းတဲ့ အချက်ကို တပြိုင်ထဲရစေမယ်ဆို triple response လို့ခေါ်နိုင်ပါတယ်၊ တုတ်နဲ့ရိုက်လို့ မြွေသေတယ် ဒုတ်ကျိုးတယ်ဆို … ဖြစ်ရပ်နှစ်ခုဖြစ်တာဘဲ …၊ အကောင်းတဖက် အဆိုးတဖက်ဖြစ်ခဲ့ရင် ဒါကျရင် Double response လို့ မသုံးဘူးနော် …၊ အခု အီသလင်းကြောင့် ပဲပင်ပေါက် တိုတုတ်ကွေးလာတာ စျေးကောင်းရစေတဲ့ အချက်မို့ ကောင်းတယ်လို့ ပြောတာပါ …၊ (စျေးထဲက ပဲပင်ပေါက် တုတ်တုတ်တိုတိုတွေက အီသလင်းသုံးပြီး အမြစ်ဖောက်ထားတာပါ။ ဒီမှာတင် အဖြေက ပေါ်နေပါပြီ အီသလင်းကြောင့် စားတဲ့ အခါ အန္တာရယ် မရှိဘူးဆိုတာ)

တစ်ဆက်တည်းမှာဘဲ အီသလင်းရဲ့ အကျိုးသက်ရောက်မှုတွေကတော့ အများကြီးပါ … မြန်မာလို ဘာသာပြန်ရင် မူရင်းနဲ့ကွဲလွဲနေမှာစိုးလို့ မူရင်း စာသားအတိုင်းထည့်လိုက်တာပါ …။

Ethylene plays an active role in seed germination, tissue differentiation, formation of root and shoot primordia, root elongation, lateral bud development, flowering initiation, anthocyanin synthesis, flower opening and senescence, pollination, fruit degreening and ripening, the production of volatile organic compounds responsible for aroma formation in fruits, leaf and fruit abscission, the response of plants to both biotic and abiotic stress, and plant-microbial interactions that are important for plant’s growth and survival (Abeles et al., 1992; Grichko and Glick, 2001a).

၁၉၉၁ စတင်တွေ့စဉ်က အီသလင်းကို အပင် ဟော်မုန်းဆိုပြီး မသိကြသေးဘူး မသတ်မှတ်ကြသေးဘူး …၊ ၁၉၃၄ ကျတော့ မှ အပင် ဟော်မုန်းလို့ သတ်မှတ်ခဲ့ကြတာ၊ အောက်စင်၊ ဂျဘရယ်လင်၊ ဆိုက်တိုကိုင်နင် စတာတွေက အပင်ဟော်မုန်းလို့ ကြားဖူးပါကြမှာပါ ..၊ အခု အီသလင်းက အခြားဟော်မုန်းနဲ့ အဓိက ကွဲပြားကွာခြားတာက အပင်ဟော်မုန်းတွေထဲမှာ ဓာတ်ငွေ့ အဖြစ်နဲ့ တည်ရှိနေတဲ့ တစ်ခုတည်သော ဟော်မုန်းပါ …။

အီသလင်းဆိုတာ ဟိုက်ဒြိုဂျင်နဲ့ ကာဗွန်ပေါင်းထားတဲ့ အရောင်မရှိတဲ့ ဓာတ်ငွေ့တစ်မျိုးပါ …၊သူ့ရဲ့ မော်လီကျူးဖွဲ့စည်းပုံကို C2H4 လို့ လေ့လာတွေ့ရှိပြီး အနံံ့ရှိတဲ့ မီးလောင်နိုင်တဲ့ ဓာတ်ငွေ့မျိုး ပေါ့ ..။ စောစောက ပြောတဲ့ ဂုဏ်သတ္တိ သုံးမျိုး အပြင် အခုသိလာတဲ့ အထိ အပင်ရဲ့ အဓိက နေရာ တော်တော် များများကို လွမ်းမိုးထားတယ် …။ အီသလင်းက အသီမှည့် တဲ့ ကိစ္စတွေမှာ အဓိက ပါဝင်နေတာ … ပါ။

အသီးမှည့်တယ်ဆိုလို့ အသီးတွေကို သတိထားမိကြမှာပါ …၊ တစ်ချို့ အသီးတွေကျ အစိမ်းကိုခူးပြီး အုပ်ရင် မှည့်လာတယ် … ဥပမာ သရက်၊ သဘောင်္၊ ငှက်ပြော …၊ တစ်ချို့ အသီးတွေကို အစိမ်းခူပြီး အုပ်ရင် မမှည့်ဘူး ဥပမာ သံပုရာသီး လီမွန်၊ မင်းဂွတ်၊ စပျစ်…။ ပထမအုပ်စု ကိုလေ့လာကြည့်တော့ မှည့်လာတော့မယ်ဆိုရင် အီသလင်းထုတ်တာများလာတာတွေ့တယ်၊ နောက်အုပ်စုက အီသလင်းထုတ်တာ များမလာဘူး …။ အပင်ပေါ်မှည့်ခါနီး တိုင်းကြည့်လည်း အီသလင်း ဓာတ်များလာတာ မတွေ့ဘူး …၊ ဒီမှာတင် အသီးကို အီသလင်း ထုတ်လုပ်နိုင်တဲ့ အပေါ် မူတည်ပြီး အုပ်စု ၂ စု ခွဲလိုက်ကြတယ်၊ မြန်မာလိုတော့ ဘယ်လို ခေါ်ကြတယ် မသိသေးဘူး …၊ ပထမအုပ်စု ဖြစ်တဲ့ အီသလင်း ထုတ်နိုင်တဲ့ အသီးတွေကို Climacteric fruits လို့ ခေါ်ပြီး နောက်အုပ်စုက အီသလင်း မထုတ်နိုင်တာမို့ Non-Climacteric fruits လို့ ခေါ်တယ် (ပုံ - ၁)။ (အများကြီးတဲ့ မှတ်မိဘူး …၊ ငါလည်း မမှတ်မိပါဘူး …၊ ဘယ်ဟာ ဘယ်မှာရှိတယ်ဆိုတာဘဲ မှတ်ထားတာပါ၊ မေးတဲ့ အခါ ဒါကို ပြန်ကြည့်ရတာဘဲလေ …၊ လုူကြီးမင်းတို့ သိချင်ရင် Dr. Google ကို မေးလို့ ရတယ် အဝိုင်းလည်နေတာ လို့ ပြောမှာစိုးလို့ နာမည်တွေကို တင်ပေးလိုက်ပါတယ်)။

ဒီမှာတင် မေးခွန်းက စတော့တာဘဲ …၊ အဲလို အီသလင်းထုတ်တာ မထုတ်တာ ဘာလို့လည်း၊ ထုတ်တော့ ဘာဆက်ဖြစ်လည်း … မထုတ်တဲ့ အသီးကိုရော ခူးပြီး မှည့်အောင် လုပ်လို့ မရဘူးလား … စုံနေတာဘဲ …၊ ကျွန်တော် ထင်ပါတယ် ဒါဖတ်ပြီး မေးချင်တာ တွေ များနေမှာပါ။

သရက်နဲ့ စထားတာမို့ သရက်က မှည့်လာရင် အီသလင်းထုတ်တဲ့ အတွက် သူနဲ့ ပတ်သက်တာ ဆက်ပြောမယ်လေ …။

အဲတော့ အီသလင်း ဘယ်လိုထုတ်လည်း … အီသလင်းက အသီးကို ဘယ်လို မှည့်စေလည်း ဒါကို ပြောဖို့ လိုလာပြီ … အင်း … နဲနဲတော့ ရင်လေးတယ် … ဘာသာပြန်ပြလို့ မရတဲ့ သိပ္ပံဆိုင်ရာ အသုံးတွေ ဘယ်လို နားလည်အောင် ပြောရမလည်း ….၊

ဒီတော့ ကျွန်တော် ရေးပြတာလေးကို နားမရှင်းဘူး မှားနေတယ် ဒီဟာကို ဒီလိုလေး ရေးရင် ပိုကောင်း ပိုပြည့်စုံမယ်လို့ ပြင်ပေးဖို့ ဖိတ်ခေါ်ပါတယ် …၊

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်