ဝတ်မှုန်ကူးခြင်းကို ကူညီလုပ်ဆောင်ပေးတဲ့ အကျိုးပြုယင်ကောင် (Syrphid flies)

29/01/2021 11:45 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

 

      သရက်ရာသီလဲ ရောက်တော့မှာဆိုတော့ သရက်တွေ ဝတ်မှုန်ကူးရာမှာလဲ အထောက်အကူဖြစ်စေတဲ့ ယင်ကောင်လေး အကြောင်းကို ပြောပြပေးချင်ပါတယ်ဗျ။

     အင်္ဂလိပ်လိုတော့ Hoverflies, Syrphid flies, Flower flies လို့အမျိုးမျိုး​ခေါ်ကြပါတယ်။

       ဝတ်မှုန်ကူးခြင်းကို အဓိက လုပ်ဆောင်ပေးတာက အကောင်ကြီးအဆင့် ဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အဝါရောင်နဲ့ အမည်းရောင် ​စပ်ကြားဖြစ်နေတာမို့ ပျား၊ နဂျယ်တွေနဲ့ မှားနိုင်ပါတယ်။ လွယ်လွယ်ကူကူ ခွဲခြားနိုင်တာကတော့ သူတို့မှာ တောင်ပျံတစ်စုံသာပါရှိပြီး ပျား၊နဂျယ်တွေက တောင်ပျံနှစ်စုံပါရှိပါတယ်။

       ပန်းတွေမှာရှိတဲ့ ဝတ်ရည်တွေ၊ဝတ်မှုန်တွေကို စားသုံးပြီး တစ်ပင်နဲ့တစ်ပင်ကူးပြောင်းခြင်းဖြင့် ဝတ်မှုန်ကူးရာမှာ ကူညီပေးပါတယ်။ အပင်မျိုးစိတ် တော်တော်များများရဲ့ ပန်းပွင့်တွေမှာ တွေ့နိုင်တာမို့ ပျားတွေပြီးရင်တော့ ဒုတိယအများဆုံး ဝတ်မှုန်ကူးခြင်းကို လုပ်ဆောင်ပေးနိုင်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ်။ 

       အရွယ်ရောက်အမကောင်တွေက ဥတွေကို တစ်လုံးချင်းစီဥပြီးတော့ အများအားဖြင့် အရွက်တွေပေါ်မှာတွေ့ရတတ်ပါတယ်။

       နောက်ထပ် အကျိုးပြုတဲ့ အဆင့်ကတော့ သားလောင်းအဆင့်ပါ။ ဥကပေါက်လာတဲ့ သားလောင်းကောင်လေးတွေက အများအားဖြင့် အသီးတွေပေါ်မှာ တွေ့ရတတ်ပြီး ဖျက်ပိုးတွေဖြစ်တဲ့ ပျပိုး၊သရစ်ပိုး၊ပိုးစေးနဲ နဲ့အခြား စုပ်စားပိုးတွေကို စားသောက်ပေးပါတယ်။

          ဒါ့ကြောင့် အမေရိကန်မှာဆိုရင် မက်မွန်သီးမှာ ကျရောက်တဲ့ ပျတွေကို ဇီဝနည်းနဲ့နှိမ်နင်းဖို့ ဒီယင်ကောင်တွေကို မွေးမြူကြပါတယ်။ ဒါပေမယ့် တချို့မျိုးစိတ်တွေရဲ့ သားလောင်းကောင်တွေက ဖျက်ပိုးတွေကို မစားသုံးပဲ အဆွေးစားကောင်တွေအဖြစ် အပင်ဆွေးတွေနဲ့ တိရစ္ဆာန်အသေတွေမှာ နေထိုင်စားသောက်ကြပါတယ်။ 

         ခြုံငုံကြည့်မယ်ဆိုရင်တော့ အကောင်ကြီး အဆင့်က ဝတ်မှုန်ကူးရမှာ ကူညီပေးသလို သားလောင်းကောင်တွေကလဲ ဖျက်ပိုးတွေကို နှိမ်နင်းပေးလို့ စိုက်ပျိုးရေးမှာ အလွန်ကို အကျိုးရှိတဲ့ ယင်ကောင်မျိုးစိတ်ပါ။ဒီကောင်တွေက ပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်မဲ့တာမို့ ဒီကောင်တွေကို စိုက်ခင်းထဲမှာ မြင်ချင်တယ်ဆိုရင်တော့ ပျပိုးတွေကိုနှိမ်နင်းရာမှာ ပိုးသတ်ဆေးအလွန်အကျွံသုံးတာမျိုး ရှောင်ရှားသင့်ပါတယ်ဗျ။

Ref; https://en.wikipedia.org/wiki/Hoverfly

http://treefruit.wsu.edu/crop-protection/opm/syrphid-flies-hover-flies-flower-flies/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်