“မြန်မာ့ကြက်မွေးမြူရေးကဏ္ဍ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်း သင်ကြားဆွေးနွေးခြင်း  အစီအစဉ်ပြုလုပ်မည်

05/06/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်၊ ည(၈:ဝဝ)နာရီ မှ ည (၁၀) နာရီအချိန်တွင် The Future Poultry industry in Myanmar “မြန်မာ့ကြက် မွေးမြူရေးကဏ္ဍ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်း သင်ကြားဆွေးနွေးခြင်း  အစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ဆွေးနွေးပွဲပြုလုပ်ရတာကတော့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းဆင်း၊ ဘွဲ့ကြို၊ဘွဲ့လွန် ကျောင်းသား‌ကျောင်းသူတွေကို Zoom meeting အသုံးပြု အွန်လိုင်း သင်ကြားမှု အပြင်၊ နိုင်ငံသားမွေးမြူရေးလုပ်ငန်းရှင်တွေ ဆက်လက်ရပ်တည်နိုင်ရေးကို ဆွေနွေးဖို့လည်း ရည်ရွယ်ပါတယ်။ ပြင်ပက မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့၊ တစ်နိုင်တပိုင် အသေးစား အလတ်စား မွေးမြူရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ဆွေးနွေးနိုင်ပါတယ်။

ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ(၁) ဒေါက်တာကျော်ထင် က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ (၁) ဒေါက်တာကျော်ထင်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ (၃) ဒေါက်တာနေသူရိန်၊ ရန်ကုန်တိုင်းဒေသကြီး အသားတိုးကြက်မွေးမြူသူများအသင်း ဥက္ကဌ ဒေါက်တာကျော်ဝင်း၊ Kyaw Family and Farmers Group Co., Ltd မှ ဦးကျော်ဇေယျ တို့ ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး၊ Livestock Info မှ Dr.သက်ခိုင် က Moderator အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိအခြေအနေအရ ကိုယ့်နိုင်ငံသား မွေးမြူရေးလုပ်ငန်းရှင်တွေ ရပ်တည်လုပ်ကိုင်နိုင်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ နိုင်ငံသားလုပ်ငန်းရှင်တွေ ဆက်လက် ရပ်တည် လုပ်ကိုင်နိုင်ဖို့ ဘာတွေ ပြောင်းလဲပေးဖို့ လိုအပ်မလဲ။ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်မလဲ။ အဲဒီအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားရမှာပါ။

ဟု ဒေါက်တာကျော်ထင် က ဆက်လက်ပြောသည်။

Zoom Meeting အသုံးပြု၍ အွန်လိုင်းဆွေနွေးခြင်း ဖြစ်ပြီး၊ Zoom Meeting မှ လက်ခံနိုင်သည့်အရေအတွက်မှာ လူဦးရေ ၁၀၀ ဖြစ်သဖြင့်၊ ပါဝင်ဆွေးနွေးလိုသူများ အနေဖြင့် အမည်စာရင်းပေးသွင်းကြရန် လိုအပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲပြုလုပ်နေစဉ် အများပြည်သူ လေ့လာသိရှိနိုင်စေရန် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် Facebook စာမျက်နှာမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

နန်းထက်ထက်ချစ် (ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်