ချမ်းသာသူနဲ့ ဆင်းရဲသူတို့၏ အတွေးအခေါ် အလေ့အထ အယူအဆကွာခြားချက်များ။ 

04/09/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

     ဆင်းရဲတယ်ချမ်းသားတယ်ဆိုတာငွေနဲ့ တိုင်းတာမဟုက်ပါဘူး စိတ်ပိုင်းဆိုင်ရာပြည့်ဝရင့်ကျပ်တာကိုပြောဆိုလိုပါတယ်။

     (၁) ချမ်းသာသူတွေက ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးမယ်လို့ ယုံကြည်သော်လည်းဆင်းရဲသူတွေက ကံနိမ့်နေလို့ တခြားသူတွေက ဟိုဟိုဒီဒီပြုလုပ်လိုက်လို့ ဘဝကအမြဲရုန်းကန်နေရတယ်လို့တွေးလေ့ရှိကြပါတယ်။

     (၂) ချမ်းသာသူတွေက ငွေကို သူတို့အတွက် အလုပ်ပေးပြီး ငွေထပ်များလာအောင် ပြန်ခိုင်းနေကြပြီးဆင်းရဲသူတွေက ငွေရှာဖို့အတွက် ငွေကအလုပ်ကို ပြန်လုပ်ခိုင်းနေသလို့ ဖြစ်နေကြရပါတယ်။

     (၃) ချမ်းသားသူတွေက ကြောက်ရွံ့စိတ်နည်းပြီး စွန့်စားကြိုးပမ်း ကြလေ့ရှိပါတယ်။ ဆင်းရဲသူတွေကကြောက်စိတ်တွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေအ ားနည်းတက်လို့ရှေ့မဆက်ဘဲ လက်လျှော့ပြီးရပ်လိုက်ကြတတ်ပါတယ်။

     (၄) ချမ်းသာသူတွေက ပတ်ဝန်းကျင်အမြင်ကျယ်ပြန့်ပြီး ရည်မှန်းချက်စိတ်အာရုံကြီးမားကြတယ်။ ဆင်းရဲသူတွေက ပတ်ဝန်းကျင် အမြင်ကျဉ်းပြီး ရည်မှန်းချက်စိတ်အာရုံနည်းတတ်ကြပါတယ်။

     (၅) ချမ်းသာသူတွေက အခက်တွေကို အခွင့်အရေးတွေလို့မြင်ပြီး ဖြတ်သန်းဖို့လုပ်ကြံကြပါတယ်။ ဆင်းရဲသူတွေကတော့ ပြဿနာအကျပ်အတည်းတွေလို့ပဲမြင်ပြီး အာရုံအနှောက်အရှက်ကိစ္စတွေလို့တွေးခေါ်ကြတယ်။

     (၆) ချမ်းသာသူတွေက သူတို့ထက်တော်တဲ့သူအောင်မြင်သူတွေကို လေးစားကြလေ့ရှိပါတယ်။ ဆင်းရဲသူတွေက သူတို့ထက်တိုးတက်နေရင် မနာလိုစိတ်တွေနဲ့ပဲ အမုန်းပွားတတ်ကြတယ်။

     (၇) ချမ်းသာသူတွေက လက်တွေ့ကြတဲ့ ရလဒ်တွေနဲ့တိုင်းတာပြီးလုပ်ဆောင်လေ့ရှိကြတယ်။ ဆင်းရဲသူတွေကအလုပ်ရှုပ်တာ အချိန်ကုန်တာတွေနဲ့ပဲ စတွေးပြီး နောက်ရလဒ်တွေကို မစဉ်းစားတတ်ကြပါဘူး။

     (၈) ချမ်းသာသူတွေက ငွေဝင်ငွေထွက်ထိန်းချုပ်နိုင်ကြပါတယ်။ ဆင်းရဲသူတွေက သုံးငွေရှာငွေထက်အမြဲပိုများနေကြပါတယ်။

     (၉) ချမ်းသာသူတွေက ဘယ်လိုမရ ရအောင်လုပ်ရမလဲစဉ်းစားကြတယ်။ ဆင်းရဲသူတွေကသူများကိုအပြစ်တင်ဖို့နဲ့ဝေဖန်အော်ဟစ်ပြောဆိုဖို့ပဲ စလုပ်ကြပါတယ်။

     (၁၀) ချမ်းသားသူတွေက အမြဲလေ့လာသင်ယူဖတ်ရှူဖို့ တိုးတက်အောင် ကြိုးစားနေလေ့ရှိပါတယ်။ဆင်းရဲသူတွေကသူတို့ အားလုံးအသိအမြင်ပြည့်ဝပြီးသားလို့ ထင်လေ့ထင်ထရှိကြပါတယ်။

Mother Finance

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်