စိုက်ပျိုးရေးကဏ္ဍတွင် ပျားမွေးမြူရေး၏ အရေးပါပုံ(၃)

02/10/2020 14:00 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

     အပိုင်း(၂)တွင် ပျားများကြောင့် ဝတ်မှုန်ကူးခြင်းဖြစ်ခြင်းနှင့် လိုအပ်ချက်များကို လေ့လာပြီးဖြစ်သောကြောင့် အပိုင်း(၃)ကို ဆက်လက်လေ့လာကြရအောင်။

သီးနှံအထွက်တိုးရန် အသုံးချမည့် ပျားအုံအား ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ချက်များ

    သီးနှံစိုက်ခင်းတစ်ခုတွင် ဝတ်မှုန်ကူးရန် အသုံးချမည့် ပျားအုံများသည် အင်အား တောင့်တင်းပြီး သီးနှံစိုက်ခင်းဆီသို့ ပျားများ အများဆုံးသွားရောက်၍ ဝတ်ရည်နှင့် ဝတ်မှုန်များသယ်ဆောင်စေရန် အောက်ဖော်ပြပါနည်းများ ဆောင်ရွက်ထားသင့်သည်-

    • ပျားအုံများကို ဝတ်မှုန်ကူးစေမည့် စိုက်ခင်းနှင့် အနီးဆုံးသို့ ရွေ့ပြောင်းနေရာချထား ရမည်။ ပျားအုံများကို စိုက်ခင်း၏ အနီးဆုံး၌ရှိခြင်းဖြင့် ပျံသန်းရန် အချိန်ကုန်သက်သာပြီး ရာသီဥတုဆိုးရွားသောအခါ လမ်းခရီး၌ ပျောက်ဆုံးမှု နည်းပါးစေရန် ဖြစ်သည်။

    • ပျားအုံများကိုစိုက်ခင်း၌ နေရာချထားရာ၌ တစ်နေရာတည်းတွင် စုပြုံမထားဘဲ စိုက်ခင်းအနှံ့ ဖြန့်ချထားရမည်။ ပျားများသည် သဘာဝအားဖြင့် ပျားအုံ၏အနီးရှိ အပွင့်များတွင်သာ သွားလေ့ရှိသဖြင့် တစ်နေရာတည်းတွင် စုပြုံချထားခြင်းဖြင့် ၎င်းအနီးရှိ အပင်မျာကိုသာ ဝတ်မှုန်ကူးစေသည်။ ပျားအုံများ၏ နေရာများကို ပျားများအလွယ် တကူမှတ်မိစေရန် အရောင်သတ်မှတ်ထားခြင်း၊ နေရောင်ခြည်သင့်တင့်စွာ ရရှိရန် နေရာချထားခြင်း၊ ပူလွန်းသောနေရာတွင် အရိပ်ရစေရန် စီမံပေးခြင်းတို့ ပြုလုပ် ထားသင့်သည်။

    • ပျားအုံများ ဝတ်မှုန်ကူးစေမည့် စိုက်ခင်းမှပန်းများ အစွမ်းကုန်ဖူးပွင့်ချိန်မှ စိုက်ခင်း ဆီသို့ ရွေ့ပြောင်းပေးရမည်။ အကယ်၍ ပျားအုံများ ကြိုတင်နေရာချထားမိပါက စိုက်ခင်းမှပန်းများမပွင့်မီ အခြားနေရာရှိ ပန်းများဆီသို့သွား၍ ဝတ်ရည်နှင့် ဝတ်မှုန် များသယ်ဆောင်ခြင်းဖြင့် စိုက်ခင်းရှိပန်းများ ပွင့်သောအခါ ပျားများအလွယ်တကူ ပြောင်းလဲရန် လာရောက်ခြင်းမရှိကြောင်း တွေ့ရသည်။ 

    • ဝတ်မှုန်ကူးရန် အသုံးပြုမည့်ပျားအုံတွင် ဝတ်မှုန်များပိုမိုသယ်ဆောင်ရန် တည်ဆောက် ထားသင့်သည်။ များသောအားဖြင့် ပန်းပွင့်များတွင် ဝတ်မှုန်သယ်ဆောင်သောပျားက ဝတ်ရည်သယ်ဆောင်သောပျားထက် ဝတ်မှုန်ကူးခြင်းကို ပိုမိုဆောင်ရွက်ပေးကြောင်း တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကို ကိုယ်ပေါ်တွင်ရှိ ထောင်ပေါင်းများ စွာသော ဝတ်မှုန်များက ပန်းပွင့်၏ ဝတ်ဆံမထံသို့ ဝတ်မှုန်များအလွယ်တကူ ရောက်ရှိ စေသောကြောင့် ဖြစ်သည်။

ဝတ်မှုန်ကိုပိုမိုသယ်ဆောင်ရန် အောက်ပါနည်းများအသုံးပြုရမည်။

    • ပျားအုံတွင် သားလောင်းဘောင်အရေအတွက် များများ ပါဝင်စေရမည်။

    • သားလောင်းဘောင်များသို့ အုံတွင်းရှိပျားများ အလွယ်တကူရောက်ရှိနိုင်ရမည်။ ပျားအိမ်အောက်ဆုံးထပ် ဝင်ပေါက်ထွက်ပေါက်အနီး နေရာချထားရမည်။

    • ပျားအုံတွင် သကြားရည်တိုက်ကျွေးထားသဖြင့် ဝတ်ရည်ရှာသောပျားများသည် သကြားရည်အလွယ်တကူရရှိနေခြင်းကြောင့် ဝတ်ရည်အစားဝတ်မှုန်ကို ပြောင်းလဲရှာဖွေစေသည်။

    • ဝတ်မှုန်ကူးမည့် စိုက်ခင်းအတွင်းရှိ အပင်များတွင် ဝတ်မှုန်များရင့်မှည့်ခြင်း မပြုမီ ပျားအုံများ ကြိုတင်နေရာချထားခြင်းမပြုရ။

    • ပျားအုံများအနီးတွင် ရေအလွယ်တကူရရှိစေရန် စီမံထားရမည်။ ရေအလွယ်တကူ ရရှိခြင်းကြောင့် ရေသယ်ယူရန် အချိန်လျှော့နည်းပြီး ဝတ်မှုန်သယ်ယူမည့် ပျားအရေအတွက် ပိုမိုများပြားလာမည်ဖြစ်သည်။     

သစ်ပင်သီးနှံများ ဝတ်မှုန်ကူးကောင်းစေရန် လက်တွေ့အသုံးချခြင်း

     စိုက်ပျိုးသီးနှံများတွင် ဝတ်မှုန်ကူးခြင်း ပိုမိုအောင်မြင်စေရန် ပျားများ၏ အနံ့အရသာဖြင့် အာရုံခံစားနိုင်မှုကို အသုံးချပါသည်။ အထူးသဖြင့် စိုက်ပျိုးသီးနှံတွင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက် အစေ့ထုတ်လုပ်ငန်းများတွင် အထွက်တိုးရန် ဝတ်မှုန်ကူးခြင်းကို အသုံးချပါသည်။ လိမ္မော်၊ ရှောက်စသည့် သစ်သီးထုတ်လုပ်ရေး များတွင်လည်း ဝတ်မှုန်ကူးကောင်းရန် ပျားများကို အသုံးချပါသည်။ 

     ပျားများမလာရောက်သည့် သီးနှံများထံသို့ ပျားများအား လာရောက်စေရန် ပြုပြင်နိုင် သည့် နည်းလမ်းများမှာ-

    • ဝတ်မှုန်ကူးစေလိုသော စိုက်ခင်းပေါ်သို့ သကြားဖျော်ရည်ဖျန်းပေးခြင်း ဖြစ်ပါ သည်။ ထို့သို့သကြားဖျော်ရည် ဖျန်းပေးခြင်းဖြင့် ၎င်းအခင်းတွင် အချိုဓာတ်များလာသောကြောင့် ၎င်းအခင်းသို့ ပျားများလာရောက်မည်ဖြစ်ပါ သည်။ ပျားများလာလျှင် ဝတ်မှုန်ကူးခြင်း ဖြစ်နိုင်ပေသည်။

    • မိမိဝတ်မှုန်ကူးစေလိုသော ပန်း၏ ဝတ်မှုန်များကို ပျားအုံ၏ ဝင်/ထွက်ပေါက် ရှေ့တွင်ရှိသော ပျားနားခုံပေါ်တွင် ဖြန့်ချပေးသောနည်း ဖြစ်သည်။

    • မိမိဝတ်မှုူန်ကူးစေလိုသော ပန်းခင်းမှ ပန်းများကို သကြားဖျော်ရည်တွင် စိမ်ပေးပြီး ထိုသကြားပျော်ရည်ကို ပျားများအားကျွေးပေးသောနည်းဖြစ်ပါ သည်။

     ၁၉၈၂-၈၃ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးသုတေသန ဆီထွက်သီးနှံဌာနတွင် ဆောင်ရွက်ခဲ့သော စမ်းသပ်မှုအရ ပျားများအစာသယ်ယူရန်လာရောက်ခြင်းအားဖြင့် သီးနှံအထွက်နှုန်းများ (၃)ဆအထိ တိုးလာကြောင်းတွေ့ရပါသည်။

     ထို့ကြောင့် တစ်နိုင်တစ်ပိုင်ပျားမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်အား ပူးတွဲလုပ်နိုင်ပါက ဝင်ငွေတိုးရုံသာမက သီးနှံအထွက်နှုန်းများကိုပါ တိုးတက်ကောင်း မွန်စေပါသည်။

ချမ်းသာဦး

ကျမ်းကိုး

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်