အလှမွေးငါးကန်ထဲက ရေ

22/04/2020 13:30 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အလှမွေးငါးကန်ထဲကရေတွေကို အသစ်လဲတဲ့အခါ ပုံမှန်အတိုင်း သွန်ပစ်လေ့ရှိပါသလား။ မသွန်ပစ်ပဲဘာလုပ်လို့ရလဲဆိုတာသိချင်ရင်တော့ ဆက်ဖတ်ကြည့်ပေးနော်။ ငါးကန်ထဲကရေထဲမှာ ငါးစွန့်ပစ်ပစ္စည်းတွေအပြင် ငါးစာအကြွင်းအကျန်တွေပါဝင်ပါတယ်။ ငါးကန်ထဲကရေကို အပင်မှာလောင်းလို့ ရပါတယ်။ ဒါပေမဲ့ ရေငန်ဆိုရင်တော့ မလောင်းသင့်ပါဘူးနော်။ရေငန်ကို အပင်ရေအနေနဲ့ လောင်းမယ်ဆိုရင် အပြင်မြေကြီးမှာစိုက်ထားတဲ့ အပင်တွေမှာ သိပ်မသိသာပေမဲ့ အိုးနဲ့စိုက်ထားတဲ့အပင်တွေမှာတော့ ထိခိုက်မှု ပြင်းထန်နိုင်ပါတယ်။

အလှမွေးငါးကန်ထဲက ရေနှောက်နေရင် ငါးတွေအတွက် မကောင်းပေမဲ့ အပင်တွေမှာသုံးမယ်ဆိုရင် အပင်တွေအတွက်အကျိုးရှိပါတယ်။ အလှမွေးငါးကန်ထဲကရေမှာ ငါးတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့် ဘတ်တီးရီးယားတွေ ပါဝင်ပါတယ်။ ၎င်းဘတ်တီးရီးယားတွေက အပင်ကို အကျိုးပြုပါတယ်။ ဒါ့အပြင် နိုက်ထရိုဂျင်၊ဖော့စဖောရပ်၊ပိုတက်ဆီယမ်နှင့် အခြားဓာတ်များစွာပါဝင်ပါတယ်။

အလှမွေးငါးကန်ထဲကရေကို အပင်မှာပြန်သုံးပေးခြင်းက ရေကို ချွေတာပြီးသားဖြစ်သလို အပင်အတွက်လည်းအကျိုးရှိပါတယ်။

ဒါပေမဲ့ ရေထဲကို ရေညှိတွေသတ်ဖို့ ဆေးသုံးထားရင် (သို့) ငါးရောဂါဖြစ်လို့ ဆေးသုံးထားရင် (သို့) ရေချဥ်ငံဓာတ် (pH) ညှိဖို့ဆေးသုံးထားရင်တော့ အပင်တွေကို မလောင်းသင့်ပါဘူး။

တကယ်လို့ ငါးကန်ကိုရေမလဲဘဲ အချိန်အတော်ကြာကြာထားပြီးမှ သုံးမယ်ဆိုရင်တော့ ရေထပ်ရောပြီးသုံးပေးဖို့တော့လိုပါတယ်။ ငါးကန်ထဲက ငါးသေသွားပြီဆိုရင်လည်း အမှိုက်ပုံး (သို့) ရေအိမ်ထဲမပစ်ပဲ အပင်အနီးတဝိုက်က မြေထဲမြှုပ်ပေးလိုက်မယ်ဆိုရင်လည်း အပင်အတွက် အကျိုးရှိပါတယ်။

ဖြိုးသဥ္ဇာကျော်

ကိုးကား

https://www.gardeningknowhow.com/garden-how-to/watering/using-aquarium-water-for-plants.htm

 ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်