သဘာဝဘေးရှောင်ရှားရေးနှင့် ပြောင်းလဲလာသော မိုးလေဝသခန့်မှန်းနည်းစနစ်များ (၁)

03/11/2022 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မိုးလေဝသအခြေအနေ ခန့်မှန်းခြင်းဟာ တိုးတက်လာတဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာတွေ (ICT - Information and Communication Technology) ကြောင့် အရင်လို မိုးပျံပူဖောင်းတွေ လွှတ်တင်ပြီးခန့်မှန်းတဲ့ခေတ်ကနေ သင်္ချာပုံစံကွန်ပျူတာ model တွေနဲ့ ဂြိုလ်တုကတဆင့်ရတဲ့ တိမ်ထုရွေ့လျားမှုအခြေအနေပုံရိပ်တွေ(Sattelite Images) ၊ မိုးလေဝသရေဒါ(Weather Radar)တွေကရတဲ့ သတင်းအချက်အလက်တွေအပေါ်မူတည်ပြီး ခန့်မှန်းတာတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ 

မိုးလေဝသတိုင်းတာရေး station တွေကရတဲ့ နေ့အပူချိန်၊ မိုးရေချိန်၊ လေတိုက်နှုန်း၊ ငွေ့ရည်ဖွဲ့မှတ်၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ အစရှိတဲ့ သတင်းအချက်အလက်တွေကိုလည်း တချို့ သင်္ချာပုံစံ မိုးလေဝသခန့်မှန်းရေး ကွန်ပျူတာ model တွေမှာ ထည့်သုံးနေကြတုန်းပါပဲ။

ကမ္ဘာ့မိုးလေဝသဌာနကြီးက ကမ္ဘာ့သမုဒ္ဒရာကြီးများအလိုက် နီးစပ်တဲ့ ပင်လယ်သမုဒ္ဒရာများနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေကို အစုအဖွဲ့တွေ ဖွဲ့စည်းစေပြီး တကမ္ဘာလုံးမှာဖြစ်လာတဲ့ ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်တွေမှာ မုန်တိုင်းအမည်ပေးတာတွေ ရောထွေးမကုန်ရအောင် အလှည့်ကျ/ စိတ်ကြိုက်အမည်တွေတင်သွင်းပြီး မုန်တိုင်းသတင်းများထုတ်ပြန်တဲ့အခါ လေတိုက်နှုန်းများအလိုက် မုန်တိုင်းအမည်တွေပေးကြပါတယ်။

မုန်တိုင်းကြီးများကိုလည်း ဒေသအလိုက် ဟာရီကိန်းမုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်းဆိုပြီး စွဲမှတ်ကြပါတယ်။ မုန်တိုင်းကြီးများဖြစ်လာတဲ့အခါ မုန်တိုင်းသတိပေးချက် ထုတ်ပြန်တာတွေကိုလည်း ပိုပြီးတော့ တိကျမှန်ကန်မှုရှိအောင် ကမ္ဘာ့မိုးလေဝသ/မုန်တိုင်းခန့်မှန်းရေးစင်တာကြီးတွေက Website တွေ၊ ဌာနတွင်း အီလက်ထရောနစ်ဆက်သွယ်ရေးနည်းစနစ်တွေကတဆင့် သက်ဆိုင်ရာနိုင်ငံရဲ့ မိုးလေဝသဌာနတွေကို ပေးပို့ကူညီကြပါတယ်။

၂၀ ရာစုအလွန်နှစ်တွေမှာတော့ ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်တွေ၊ ဆက်နွှယ်ပြီးဖြစ်ပေါ်လာတဲ့ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေက လူသားတွေလွတ်ကင်းနိုင်ကြအောင် ကန့်သတ်ထားခြင်းမရှိတဲ့ မိုးလေဝသသတင်းအချက်အလက်တွေကို လူအများဖတ်ရှုလေ့လာနိုင်အောင် Website များကတဆင့် ဖြန့်ဝေးပေးရာမှ Mobile Technology ဖွံ့ဖြိုးလာတဲ့ ယနေ့ခေတ်မှာ မိုးလေဝသ/မုန်တိုင်းကြိုတင်ခန့်မှန်းနိုင်တဲ့ Application တွေနဲ့ Website တွေကို တိုးပြီး ထူထောင်လာကြပါတယ်။

သတင်းနဲ့ဆက်သွယ်ရေးနည်းပညာဆိုင်ရာအကူအညီတွေနဲ့ လူအများလေ့လာနိုင်တဲ့ လူမှုကွန်ရက်တွေပေါ်မှာလည်း မိုးလေဝသသတင်းကို အများလွယ်လွယ်သိရှိပြီး ဖြစ်လာနိုင်မဲ့ သဘာဝဘေးအန္တရာယ်များမှ လွတ် မြောက်အောင်၊ ဖြစ်သွားတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူသားတွေရင်ဆိုင်ရတဲ့ ဒုက္ခတွေကို ကူညီနိုင်အောင် အဖွဲ့အစည်းစာမျက်နှာ Page နဲ့ group တွေ များစွာပေါ်ပေါက်လာကာ စိတ်ပါဝင်စားကြသူများကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေပေးနိုင်ခဲ့ပါတယ်။

အခုလို အရေးကြီးတဲ့ မုန်တိုင်းဖြစ်နိုင်မဲ့သတင်းတွေကို အချိန်မီမျှဝေပေးနိုင်ပြီး မုန်တိုင်းဒဏ်ခံရခြင်းမှ လျော့ ကျသက်သာစေတဲ့အစီအမံတွေ ဆောင်ရွက်နိုင်ခဲ့တာကြောင့် မှတ်တမ်းတင်ရလောက်အောင် လူ့အသက်များစွာ ထိခိုက်သေဆုံးမှုမှ တဖြည်းဖြည်းလျော့ကျလာတဲ့ နိုင်ငံကတော့ ကျနော်တို့ရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပါဘဲ။

ဉပမာပြောပြရရင် - ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကိုတည့်တည့်ဝင်တိုက်ခဲ့တဲ့ Bhola ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းကျော်သေဆုံးခဲ့ရပြီးတဲ့နောက် ၁၉၉၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ မုန်တိုင်းအရွယ်အစားအချင်း ၆၀၀ ကီလိုမီတာရှိတဲ့ ကြီးမားတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် လူ ၁ သိန်းခွဲ သေဆုံးခဲ့ရပြန်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ၁၉၉၄ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသေအပျောက် ၄၀၀ ခန့်၊ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၆၅၀ နဲ့ အဲ့ဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း Bijili(ဘီဂျလီ), Aila(အိုင်လာ), Viyaru(ဗီယာရု), Mahasen(မဟာစန်), Komen(ကိုးမဲန်း), Roanu(ရိုနူး), Mora(မိုရာ), Fani(ဖန်နီ), Matmo(မက်မို), Amphan(အမ်ဖန်) နဲ့ Yaas(ရာ့စ်)ဆိုင်ကလုန်းမုန်တိုင်းတွေ ဝင်ရောက်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုအရေအတွက် များစွာလျော့ကျလာကြောင်းမှတ်သားရပါတယ်။

အဲ့ဒီတော့ ဒီလိုနည်းပညာတွေတိုးတက်မြင့်မားလာတဲ့ခေတ်ကြီးမှာ - * မိုးလေဝသခန့်မှန်းတာကော၊ တခြားသောသဘာဝဘေးအန္တရာယ်တွေကို ခန့်မှန်းတာကော၊ * သဘာဝဘေးအန္တရာယ်တွေက အချိန်မီရှောင်ရှားလွတ်မြောက်နိုင်ဖို့ကော အဆင့်မြင့်နည်းပညာတွေသုံးပြီး အဆင့်မြင့်လေ့လာတတ်အောင်၊ သင်ယူတတ်အောင်နဲ့ မျှဝေပေးနိုင်အောင် လုပ်ကြရပါမယ်။

REFERENCE https://bit.ly/3WuP26Yhttps://bit.ly/3sWM0Lehttps://bit.ly/3fyabN5

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်