မိမိနဲ့ ကိုက်ညီသင့်လျော်မယ့် မြေဖုံးပင်အမျိုးအစားကို ရွေးချယ်ဖို့အတွက် အခြေခံအားဖြင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရပါမယ်။
− ဘယ်လိုမြေဖုံးပင်မျိုးကို စိုက်သင့်သလဲ
− ဘယ်တော့ စိုက်သင့်သလဲ
− ဘယ်လို စိုက်သင့်သလဲ
− မြေဖုံးပင်ကို ဘယ်အချိန်မှာ မြေနဲ့သမသွားအောင် ထယ်မှောက်ရမလဲ
အထက်ပါအချက်များအပြင် မိမိရဲ့မြေအမျိုးအစား၊ ရာသီဥတုနဲ့ အခြားအချက်များကိုလည်း စဉ်းစားရပါမယ်။
ဥပမာ……
- ဘာရည်ရွယ်ချက်နဲ့စိုက်မှာလဲ၊ ဥပမာ မြေဆီလွှာထဲကို နိုက်ထရိုဂျင်နဲ့ အခြားသောအနည်းလို အများလိုအဟာရဓါတ်တွေ ပိုများလာစေလိုတာလား၊ မြေထဲကနေ နိုက်ထရိုဂျင်ဆုံးရှုံးမှုကို လျော့နည်းစေချင်တာလား
- မြေဆီလွှာကို အော်ဂဲနစ်မတ္တာ ဖြည့်တင်းဖို့သက်သက် စိုက်ပျိုးမှာလား
- မြေဆီလွှာမျက်နှာပြင်ပေါ် ဖုံးအုပ်နေစေဖို့ စိုက်မှာလား သို့မဟုတ် မြေထဲကို ထယ်မှောက်မှာလား
- မြေက အက်စစ်ဓါတ်ကဲတဲ့မြေလား၊ မြေကျပ် အမျိုးအစားလား (နှံစားပြောင်းမျိုးရင်း၊ ပဲမျိုးရင်းဝင်၊ နဲ့ မုန်လာမျိုးရင်းဝင်တွေက မြေဆီလွှာပျက်စီးဆုံးရှုံးမှုမှကာကွယ်ရန် အကောင်းဆုံးဖြစ်ပါတယ်)
- ပေါင်းနှိမ်နှင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ စိုက်မှာလား၊ အပင်သိပ်သည်းမှုများပြီး အရွက်ထွက်သန်တဲ့ မြေဖုံးပင်မျိုးကို ရွေးချယ်သင့်ပါတယ်၊ တစ်ချို့ မြေဖုံးပင်များမှာပါဝင်တဲ့ ဓါတုဒြပ်ပေါင်းများကလည်း ပေါင်းပင် ပေါက်ရောက်မှုနဲ့ ပေါက်ရောက်ပြီးသား ပေါင်းရဲ့ကြီးထွားမှုကို ဟန့်တားပေးပါတယ်။
- ဘယ်လိုမြေဖုံးပင်အမျိုးအစားက ရာသီဆိုးဝါးဒဏ်ကို ခံနိုင်ရည်ရှိသလဲ
- မြေတွင်းအောင်း သီးနှံဖျက်ပိုးများ၊ နီမတုတ်များနဲ့ မြေဆောင်ရောဂါများကိုရော နှိမ်နှင်းလိုတာလား
- မိမိစိုက်လိုက်တဲ့ မြေဖုံးပင်က ရေအလွန်အမင်းကြိုက်တဲ့ အပင်ဖြစ်နေခဲ့ရင် နောက်စိုက်မယ့် သီးနှံကို ထိခိုက်စေမှာလား
- မြေဖုံးပင်ကို သီးညှပ်စနစ်မှာ စိုက်မယ်ဆိုရင် မြေဖုံးပင်ရဲ့ ကြီးထွားမှုက တွဲဖက်မယ့် အဓိကသီးနှံကို အနှောက်အယှက် ဖြစ်စေမှာလား
…………. အစရှိတဲ့ အချက်များကို ထည့်သွင်းစဉ်းစားပြီးတော့ မိမိရဲ့လိုအပ်ချက်၊ ရည်ရွယ်ချက်များနဲ့ ကိုက်ညီမယ့် မြေဖုံးပင်များကို ရွေးချယ်မှုမှန်ကန်စွာနဲ့ စိုက်ပေးသင့်ပါတယ်။
ရီဆွေအေး (၂၀၀၈ BAg)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator