အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

14/09/2020 19:00 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား

     အိမ်တော်တော်များများနဲ့ ရုံးခန်းတွေမှာ အိမ်တွင်းအလှစိုက်ပင်တွေစိုက်ပျိုးလာကြတာကို သတိထားမိကြပါလိမ့်မယ်။ အိမ်တွင်းအလှစိုက်ပင်တွေက နေအိမ်၊ ရုံးခန်းတွေကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေက အိမ်ကို လှပစေရုံသာမက လေထုကိုသန့်စင်ပေးတဲ့အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေဝယ်လာပြီး နေရာချဖို့ခက်ခဲ  နေတယ်ဆိုရင် ဒီပိုစ့်လေးကိုဆက်လက်ဖတ်ရှုလိုက်ပါ။

     အိမ်တွင်းအလှစိုက်ပင်တွေကို နေရာမချခင်မှာ သင့်အိမ်လှပဖို့ တစ်ခုထဲကို မစဥ်းစားသင့်ပါဘူး။ အပင်ရဲ့ ရှင်သန်ကြီးထွားနိုင်တဲ့ အခြေအနေတွေကို လည်းထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဥပမာ နေရောင်ခြည်ကြိုက်တဲ့အပင်တွေကို အမှောင်ခန်းထဲမှာထားမယ်ဆိုရင် အပင်မကြီးထွားနိုင်တဲ့အပြင် သေဆုံးသွားနိုင်ပါတယ်။

အိမ်ရှေ့ဝရံတာ 

     တော်တော်များများက အပင်ဝယ်လာပြီဆိုရင် အိမ်ရှေ့ဝရံတာမှာထားဖို့ကို စဥ်းစားကြပါတယ်။ 

     ဒါဟာ အပင်ကြီးတွေနဲ့ နေရောင်ခြည်ကြိုက်တဲ့အပင်တွေအတွက်တော့ သင့်တော်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ နေရောင်ခြည်မကြိုက်တဲ့အပင်တွေကိုတော့ အိမ်ရှေ့ဝရံတာ မှာမစိုက်သင့်ပါဘူး။

ဧည့်ခန်း 

     အိမ်တွင်းအလှစိုက်ပင်တွေကို ဧည့်ခန်းတီဗီစင်မှာတင်ထားခြင်းကလည်း သင့်ဧည့်ခန်းကို လှပနေစေမှာပါ။ ဧည့်ခန်းနံရံမှာ နံရံကပ်စင် (သို့) ပန်းတင်တဲ့စင် ပေါ်တွင်တင်ပြီးလည်း အလှဆင်နိုင်ပါတယ်။ ဧည့်ခန်းနံရံကို နံရံကပ်စက္ကူလှလှလေးကပ်ပြီး အရွက်ဖားဖားအပင်လေးချထားပြီး အလှဆင်ကြည့်သင့်ပါတယ်။

အိပ်ခန်း

     သင်ဟာ ညဘက်အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အိပ်ရာဘေးက ခုံလေးမှာ အိပ်စက်ရာမှာ အထောက်အကူပြုတဲ့အပင် (ဥပမာ -  Shining Star Orchid)လေးတွေကို တင်ထားပြီး အိပ်စက်သင့်ပါတယ်။ 

ရေချိုးခန်း 

     အိမ်တွင်းအလှစိုက်ပင်တွေကို သုံးပြီးရေချိုးခန်းကို အလှဆင်နိုင်ပါတယ်။ ရေချိုးခန်းဟာ အစိုဓာတ်များတဲ့အတွက် အစိုဓာတ်ကြိုက်တဲ့အပင်တွေကို ရွေးချယ်သင့်ပါတယ်။ 

စုပြုံထားခြင်း

    အပင်တွေကို ဟိုနေရာ,ဒီနေရာတွေမှာ မခွဲထားပဲ အခန်းတစ်ခန်း (သို့) ထောင့်တစ်ထောင့်မှာစုပြုံထားခြင်းက လည်း တစ်မျိုးလေးလှနေစေမှာပါ။ အရွယ်အစား၊ပုံသဏ္ဍာန်၊အနိမ့်အမြင့် မတူတဲ့အပင်တွေကို တစ်နေရာထဲမှာစုထားပြီး  စာဖတ်ခုံလေးနဲ့ စာဖတ်ရမယ်ဆိုရင် တော်တော်ကြည်နူးစရာကောင်းနေမှာပါ။

ချိတ်ဆွဲခြင်း(သို့) တွဲလောင်းချခြင်း

     ချိတ်ဆွဲပင်တွေကို အိမ်နံရံ၊ပြတင်းပေါက် နဲ့ ဝရံတာတွေမှာ ချိတ်ဆွဲထားနိုင်ပါတယ်။

     အရွက်နဲ့ ပင်စည် တွဲလောင်းကျတတ်အပင်တွေကို စာအုပ်စင်(သို့) အမြင့်တစ်နေရာ (သို့) လှေခါး မှာတင်ထားမယ်ဆိုရင် တော်တော်လေးကိုသက်ဝင်နေစေမှာပါ။ 

     အိမ်တွင်းအလှဆင်အပင်တွေကို နေရာမှန်မှန်နှင့် စနစ်တကျစိုက်ပျိုးထားရှိစေခြင်းအားဖြင့် စိတ်နှလုံးအေးချမ်းကြပါစေ....

ဖြိုးသဥ္ဇာကျော်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်